ခရစ္စတီယာနိုရော်နယ်ဒို ဘာလို့ တက်တူးမထိုးတာလဲ

ခရစ္စတီယာနိုရော်နယ်ဒို ဘာလို့ တက်တူးမထိုးတာလဲ
ရော်နယ်ဒိုဟာ ဘောလုံးနတ်ဘုရားတစ်ပါးသာမက ထူးခြားတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ကွင်းထဲမှာ ပေါက်ကွဲ ထိရှလွယ်တဲ့ ကစားသမားတစ်ဦး၊ မာနကြီးတဲ့ ကစားသမားတစ်ဦးအဖြစ် တွေ့မြင်ရလေ့ ရှိပါတယ်။
ဒါပေမဲ့ တခြားတဖက်မှာလည်း သူဟာ လူသားဆန်တဲ့၊ နုညံ့တဲ့သူတစ်ဦး ဖြစ်နေပြန်ပါတယ်။ ဒါကိုတော့ လူတွေ သတိမထားမိကြပါဘူး။
တခြားသောကစားသမားတွေ ကားအကောင်းသားကြီးတွေဝယ်ပြီး ဖလန်းဖလန်းထနေချိန်မှာ သူကတော့ ရွှေဘောလုံးဆုတစ်ဆုရယ်၊ ရွှေဖိနပ်ဆု တစ်ခုရယ် ရောင်းချနေပါတယ်။ ဘာဖြစ်လို့လဲဆိုတာ Knight News ပရိတ်သက်များ အဆုံးထိ ဖတ်ရှု့ပေးကြပါနော်။
ရော်နယ်ဒိုဟာ ၂၀၁၃ ခုနှစ်မှာ ရရှိခဲ့တဲ့ သူ့ရဲ့ ရွှေဘောလုံးဆု (Baloon d’or) ကို ရောင်းချခဲ့ပါတယ်။ ဒီလို ရောင်းချလို့ရတဲ့ငွေကို Make. A. Wish ဆိုတဲ့ ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့ပါတယ်။
ဒီဆုကို လေလံတင်ရောင်းချရာမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင် Iden ဆိုသူက ဒေါ်လာ ၆၄၅,၀၀၀ ပေးပြီး ဝယ်ယူခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ရွှေဖိနပ်ဆုကိုလည်း ရောင်းချခဲ့ပါသေးတယ်။ ရွှေဖိနပ်ဆုကိုတော့ ၂၀၁၁ ခုနှစ်မှာ ဂိုးပေါင်း (၄၀)သွင်းပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကို လေလံပစ်ရောင်းချရာမှာ ဒေါ်လာ ၁.၄ သန်း ရရှိခဲ့ပြီး အားလုံးကို ပရဟိတအတွက် လှူဒါန်းခဲ့ပါတယ်။
ဒီအလှူငွေတွေဟာ ပါလက်စတိုင်းရဲ့ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းကလေးငယ်တွေအတွက် စာသင်ကျောင်းဆောက်ဖို့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ကမ္ဘာ့အဖွဲ့အစည်း (၃)ဖွဲ့ရဲ့ သံတမန်အဖြစ်လည်း ဆောင်ရွက်နေပါတယ်။ အဲဒါတွေကတော့ (၁) Save The Children, (၂) UNICEF နဲ့ World Vision International အဖွဲ့တွေပဲ ဖြစ်ပါတယ်။
အဲဒီအဖွဲ့တွေမှာ သူဟာ မကြာခဏ မိန့်ခွန်းပြောတာမျိုး၊ စည်းရုံးလှုံ့ဆော်တာမျိုးတွေ လုပ်ပေးလေ့ရှိပါတယ်။
၂၀၁၆ ခုနှစ်မှာ သူဟာ ဆီးရီးယားပြည်တွင်းစစ်ဒါဏ်ခံနေရတဲ့ ကလေးငယ်တစ်ဦးဆီက မက်ဆေ့တစ်ခုကို ရခဲ့ပါတယ်။ သူက ခုလို အကြောင်းပြန်ပေးခဲ့ပါတယ်။ ” ကျနော် ခင်ဗျားတို့နဲ့အတူ ရှိနေပါတယ်”တဲ့။ ဆီးရီးယားပြည်သူတွေက သူ့ကို “တကယ့်သူရဲကောင်း”လို့ ဆိုကြပါတယ်။
ရော်နယ်ဒိုဟာ အပိုဆုကြေးတွေလည်း အများအပြား ရရှိခဲ့သူ ဖြစ်ပါတယ်။ ယူရို ၂၀၂၀ မှာ ခြေစစ်ပွဲအောင်ခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့အတူ အပိုဆုကြေးငွေတွေ ရရှိခဲ့ပါသေးတယ်။
ရော်နယ်ဒိုဟာ အသင်းဖော်တွေကို အပိုဆုကြေး ၅၀ ရာခိုင်နှုန်းကို လှူနိုင်မလားလို့ မေးခဲ့ပါတယ်။ အားလုံးက သဘောတူတဲ့အတွက် ဆုကြေးငွေတစ်ဝက်ကို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လှူဒါန်းဖြစ်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ UEFA က ရော်နယ်ဒိုကို တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုနဲ့ ဆုကြေး ယူရိုငွေတစ်သိန်း ချီးမြှင့်ခဲ့ပါတယ်။ သူဟာ အဲဒီငွေတွေအားလုံးကို ကမ္ဘာ့ကြက်ခြေနီအသင်းကို လှူဒါန်းခဲ့ပြန်ပါတယ်။
၂၀၁၄ ခုနှစ်မှာလည်း သူဟာ အကောင်းဆုံးကစားသမားဆု ထပ်ရပြီး ဆုကြေး ဒေါ်လာ ၅ သိန်း ရခဲ့ပြန်ပါတယ်။ အဲ့တုန်းက သူ ရီရဲလ်အသင်းမှာ ကစားနေတုန်း ဖြစ်ပါတယ်။ သူက ငွေအများစုကို သူ့ရဲ့ လူမှုရေးအသင်း (၃)ခုကို ခွဲဝေလှူဒါန်းပေးခဲ့ပါတယ်။
ရော်နယ်ဒိုဟာ တက်တူးမထိုးပါဘူး။ အကြောင်းကတော့ သူဟာ ပုံမှန် သွေးလှူရှင်တစ်ဦးဖြစ်လို့ပါ။ တက်တူးထိုးထားသူလည်း သွေးလှူနိုင်တာပဲဆိုပေမဲ့ တက်တူးထိုးရင် ဗိုင်းရပ်စ်ကူးစက်မှာစိုးလို့ပါတဲ့။ သူပြောတာကတော့
“ကျနော်တို့ မတူကွဲပြားတာတွေ လုပ်နိုင်ပါတယ်။ သွေးလှူနေတာတောင်မှပေါ့။ လှူဒါန်းမှုတိုင်းဟာ အရေးပေါ် အသက်လုနေရတဲ့ လူနာတွေအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ သူတို့ကို ရေရှည်ကုသပေးနေရတဲ့ အခြေအနေက လွှတ်မြောက်နိုင်စေပါတယ်” တဲ့။
ရော်နယ်ဒိုဟာ ရိုးတွင်းခြင်ဆီတောင် လှူဒါန်းခဲ့ဖူးပါတယ်။ သူ့အသင်းဖော် ကားလို့မာတင်ရဲ့သားဖြစ်သူဟာ ရိုးတွင်ခြင်ဆီ လိုအပ်နေပါတယ်။ သူက ချက်ချင်းပဲ သူ ကူညီမယ်လို့ ပြောခဲ့ပါတယ်။
ဒီတစ်ခါ သူ့အလှူနဲ့ပါတ်သက်ပြီး သူက ဒီလိုပြောခဲ့ပါတယ်။ “လူတွေထင်တာက ဒါဟာ သွေးလှူဝာထက် ပိုခက်လိမ့်မယ်ဆိုတာပါ။ မဟုတ်ပါဘူး။ ဒါက ဘာမှ မနာကျင်ပါဘူး”တဲ့။
ဒိုလေးဟာ ကင်ဆာတိုက်ဖျက်ရေးအတွက်လည်း ပါဝင်ကူညီနေပါတယ်။ သူ့ရဲ့မိခင် Dolores Aveiro ကိုယ်တိုင် ရင်သားကင်ဆာခံစားနေရပါတယ်။ ၂၀၀၇ ခုနှစ်တုန်းကပါ။ ဒိုလေးဟာ ဒေါ်လာ ၁၄၀,၀၀၀ ကို ကင်ဆာကုသရေးစင်တာကို လှူဒါန်းခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ငလျင်ဘေးဒါဏ်ခံရတဲ့ နီပေါနိုင်ငံသားတွေအတွက်လည်း လှူဒါန်းခဲ့ပါသေးတယ်။ နီပေါမှာ ၂၀၁၅ ခုနှစ်မှာလှုပ်ခဲ့တဲ့ ငလျင်ကြီးကောင့် လူ ၉၀၀၀ ကျော် ဆုံးပါးခဲ့ရပါတယ်။ သူဟာ နီပေါနိုင်ငံကို တိုက်ရိုက်လှူဒါန်းခဲ့ပါတယ်။
ရော်နယ်ဒိုဟာ သူ့ပရိတ်သက် (Fan) တွေကို ဘယ်တော့မှ ငြင်းဆန်တာမျိုး မလုပ်ပါဘူး။ သူဟာ ကစားကွင်းထဲမှာ ပရိတ်သက်တွေကို တုံ့ပြန်ရတာ နှစ်သက်ပါတယ်။ (စိတ်တိုအောင်လုပ်သူဆိုရင်တော့ တစ်မျိုးပေါ့။)
တခါတလေ လုံခြုံရေးတွေကိုကျော်ပြီးတောင် သူ့ကို ဖက်လှဲတကင်း နှုတ်ဆက်တတ်ကြပါတယ်။ အော်တိုဂရပ်ရေးတာ၊ လက်မှတ်ထိုးတာတို့ကိုလည်း လုပ်ပေးပါတယ်။ ဓါတ်ပုံလည်း တွဲရိုက်ခံပါတယ်။
၂၀၁၄ ခုနှစ်မှာဆို သူ့ရဲ့တီရှပ်ကို ၁၀ လသား ကလေးငယ်တစ်ဦးအတွက် လှူခဲ့ပါတယ်။ ကလေးငယ်ဟာ ရောဂါခံစားနေရသူတစ်ဦး ဖြစ်ပါတယ်။ ကလေးရဲ့မိခင်က ရော်နယ်ဒိုရဲ့ ဖန် (Fan)တစ်ယောက်ဖြစ်ပါတယ်။ သူမက အကူအညီတောင်းခဲ့တာပါ။
ဒိုလေးဟာ ကလေးရဲ့ ခွဲစိတ်မှုကုန်ကျစရိတ် ဒေါ်လာ ၆၅,၀၀၀ ကို လှူဒါန်းခဲ့ပါတယ်။ နောက်ထပ်လိုအပ်တာမှန်သမျှကိုလည်း သူ့ကိုပြောဖို့ မှာခဲ့ပါတယ်။
ဒါတွေကတော့ GOAT တစ်ဦးဖြစ်စေမယ့် လူသားဆန်တဲ့ ရော်နယ်ဒိုအကြောင်း တစိတ်တဒေသ ဖြစ်ပါတယ်လို့ တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။
Knight News Team
Knight News © 2023
Crd
Crd