Shoon (Cele Daily)
Zawgyi
ခန္ဓာကိုယ်တစ်ခြမ်းလေဖြတ်သွားခဲ့သော်လည်း သူများကိုအားမကိုးဘဲ ခရီးဆောင်အိတ်ထဲ မုန့်သရေစာတွေထည့်ကာ လိုက်လံရောင်းချပြီး သားသမီး၅ယောက်အတွက် ပိုက်ဆံရှာနေသူ
Tatay Moisesဟုအမည်ရသည့် အမျိုူသားတစ်ဦးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် သတိထားမိသူမရှိသလောက်ပင်ဖြစ်အောင် လူသိများသူဖြစ်ပါတယ်။အကြောင်းကတော့ အမျိုးသားဟာ ခန္ဓာကိုယ်တစ်ခြမ်းလေးဖြတ်ထားသော်လည်း ခရီးဆောင်အိတ်လေးဖြင့် အဆာပြေစားစရာမုန့်လေးတွေထည့်ပြီး လိုက်လံရောင်းချနေရသူဖြစ်ပါတယ်။
အမျိုးသားကအစပိုင်းတွင် ရုံးဝန်ထမ်းအနေဖြင့်အလုပ်လုပ်ကိုင်ရင်း သားသမီး၅ယောက်အထိရှိသူဖြစ်ပါတယ်။တစ်ရက်တွင်တော့ ရုတ်တရက်လေဖြတ်သွားပြီးနောက်တွက် ရုံးအလုပ်ကို ဆက်လက်မလုပ်ကိုင်နိုက်တော့သည့်အတွက် ထွက်လိုက်ရတာဖြစ်ပါတယ်။
အိမ်၏ဝင်ငွေထိခိုက်မှုတွေရှိလာပြီးနောက်မှာတော့ သားသမီးတို့၏စားဝတ်နေရေးအတွက် ကိုယ်တိုင်စျေးထွက်ရောင်းနေရတာလို့ သိရပါတယ်။
Shoon (Cele Daily)
Crd