ခင်ပွန်းနဲ့ကွာရှင်းထားတာက တစ်လပဲရှိသေးသော်လည်း သူမရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူမှာကိုယ်ဝန်က သုံးလပင်ရှိနေ၍ နောက်ကွယ်ကအမှန်တရားကိုသိရချိန် အရမ်းဝမ်းနည်းခဲ့ရသည့် အမျိုးသမီး

ခင်ပွန်းနဲ့ကွာရှင်းထားတာက တစ်လပဲရှိသေးသော်လည်း သူမရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူမှာကိုယ်ဝန်က သုံးလပင်ရှိနေ၍ နောက်ကွယ်ကအမှန်တရားကိုသိရချိန် အရမ်းဝမ်းနည်းခဲ့ရသည့် အမျိုးသမီး

သူငယ်ချင်းဆိုသည်မှာ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ အတူရှိနေပေးပြီး ဖြစ်လာသမျှ ပြဿနာများကို ရင်ဖွင့်ချိန်တိုင်းနားထောင်ပေးပြီး အကြံပေးတတ်သူများသာဖြစ်၍ သံယောဇဉ်ကမိသားစုဝင်ရင်းတွေထက်ပင် ကြီးမားသေးသည်။သို့ဖြစ်၍ တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူမှ အခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတာကြောင့် ကွာရှင်းခဲ့ပေမယ့် နောက်ကွယ်ကအမှန်တရားကိုသိရချိန် အရမ်းဝမ်းနည်းခဲ့ရသည်။

အမျိုးသမီးသည် ခင်ပွန်းဟောင်းဖြစ်သူနဲ့ ကွာရှင်းပြီးတစ်လအကြာမှာပဲ နောက်အိမ်ထောင်ပြုသွားသည့်သတင်းကိုကြားခဲ့ရချိန် ထူးခြားသည်မှာ သူလက်ထပ်လိုက်သည့်ဇနီးသစ်က အခြားသူမဟုတ်ပဲ သူမရဲ့အချစ်ဆုံးသူငယ်ချင်းသာဖြစ်နေခဲ့သည်။အမျိုးသမီးသည် အရင်က သူငယ်ချင်းဖြစ်သူအား သူမရဲ့ခင်ပွန်းက သူမရဲ့နောက်ကွယ်မှာ ဖောက်ပြန်နေတဲ့အကြောင်းကို ရင်ဖွင့်ချိန် သူငယ်ချင်းဖြစ်သူက ကွာရှင်းဖို့ကိုသာဆက်တိုက်အကြံပေးခဲ့တာကိုတွေးမိပြီး စိတ်မကောင်းဖြစ်ခဲ့ရသည်။

ထို့အပြင် အမျိုးသမီးသည် သူမရဲ့ခင်ပွန်းဟောင်းနဲ့ကွာရှင်းထားတာက တစ်လပဲရှိသေးသော်လည်း သူငယ်ချင်းဖြစ်သူမှာကိုယ်ဝန်က သုံးလပင်ရှိနေ၍ လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်းသိခဲ့ရ၍ မခံစားနိုင်လောက်အောင် ဝမ်းနည်းကြေကွဲခဲ့သည်။

Nge (Cele Daily)

Zawgyi




ထို့အပြင် အမျိုးသမီးသည် သူမရဲ့ခင်ပွန်းဟောင်းနဲ့ကွာရှင်းထားတာက တစ်လပဲရှိသေးသော်လည်း သူငယ်ချင်းဖြစ်သူမှာကိုယ်ဝန်က သုံးလပင်ရှိနေ၍ လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်းသိခဲ့ရ၍ မခံစားနိုင်လောက်အောင် ဝမ်းနည်းကြေကွဲခဲ့သည်။

Nge (Cele Daily)

Crd



Post Views:
9

Crd