ခက်ခဲမှုတွေကြား ဖောင်စီးပြီးကျောင်းတက်ခဲ့ရသော ကျောင်းသားများရဲ့အဖြစ်

ခက်ခဲမှုတွေကြား ဖောင်စီးပြီးကျောင်းတက်ခဲ့ရသော ကျောင်းသားများရဲ့အဖြစ်

ကျေးလက်ဒေသမှာ နေထိုင်သော ကလေးငယ်များသည် ပညာသင်ကြားဖို့အတွက် ကြမ်းတမ်းခက်ခဲသောလမ်းများကို ဖြတ်ကျော်ပြီးမှသာ ကျောင်းတက်ကြရပေမယ့် ဘယ်တော့အခါမှ လက်မလျှော့ကြပေ။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ An Luongပြည်နယ်ရှိ ရွာလေးတစ်ရွာမှာ နေထိုင်ကြသော ကလေးငယ်များသည် ကျောင်းတက်သည့်အခါ ကမ်းပါးတစ်ဖက်ကို ဖြတ်ကူးဖို့ တံတားမရှိတာကြောင့် ဖောင်စီးပြီးသွားလာခဲ့ရသည်။

ထိုရွာလေးတွင် နေထိုင်သော ကျောင်းသားများ သာမက ရွာသူရွာသားများလည်း ကမ်းပါးတစ်ဖက်စီကနေ ကြိုးတန်းတစ်ခုထားရှိပြီး ဖောင်ကိုရွေ့လျားအောင်ပြုလုပ်၍ သွားလာခဲ့ရသည်မှာ အန္တရာယ်များလှသည်။

ထို့ကြောင့် အာဏာပိုင်များဆီ အဆင်ပြေပြေဖြတ်သန်းသွားလာနိုင်မည့် တံတားတစ်စင်းဆောက်လုပ်ပေးရန် တင်ပြခဲ့ပေမယ့် ဘာအကြောင်းမှမကြားသိရသေးပဲဖြစ်နေ၍ ဖောင်လေးနဲ့ပဲ ဖြတ်ကူးသွားလာနေရဆဲဖြစ်သည်။

Rain (For Ialinks)

Unicode






Rain (For Ialinks)

Crd