ကွယ်လွန်ပြီးတဲ့နောက် ဝိညာဉ်ဘဝနဲ့ အိမ်မှာ (၇) ရက်နေတယ်ဆိုတာ ဟုတ် ၊ မဟုတ်

ကွယ်လွန်ပြီးတဲ့နောက် ဝိညာဉ်ဘဝနဲ့ အိမ်မှာ (၇) ရက်နေတယ်ဆိုတာ ဟုတ် ၊ မဟုတ်
မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အတော်များများပင် ဘဝ ဟောင်းမှ ဘဝ သစ်သို့ ပြောင်းကြရာ၌ သေလျှင်သေခြင်း မိမိ တို့ အိမ်မှ ထွက်မသွားပဲ ကွန်လွန် သူ တိုင်း ရ-ရက်လည်အောင် စောင့်နေတယ်လို့ ယူဆကြပါတယ် ။
ထို့ပြင် ရက်လည် သပိတ်သွတ် မှ သာဓု ခေါ်ကာ ရောက်ရမည့်ဘဝကို ပြောင်းသွားသည်ဟု အတွေးတိမ်စွာဖြင့်လည်း အထင်လွဲနေကြပါတယ် ။


အမှန်အားဖြင့် ထိုသို့ ထင်မြင်ယူဆနေခြင်းမှာ လွဲမှားနေပါတယ် ။
ထိုကိစ္စရှင်းလင်းရလျှင် ပဋိသန္ဓေ စိတ် စေတသိတ်နှင့် ကမ္မဇရုပ်တို့၏ ပထမဆုံးဖြစ်တည်ရာ ဥပါဒ်ခဏ ကို ပဋိသန္ဓေ လို့ခေါ်ပါတယ် ။ထို့သို့ ပဋိသန္ဓေ နေကြသော အမျိုးအစားက ၃-မျိုးရှိပါတယ် ။
(၁) သံသေဒဇ ပဋိသန္ဓေ
(၂) သြပပါတိက ပဋိသန္ဓေ
(၃) ဂဗ္ဘသေယျက ပဋိသန္ဓေ ဆိုပြီး ၃-မျိုးရှိပါတယ် ။


ထို သတ္တဝါ သုံးမျိုးအနက် ပြိတ္တာ သရဲ၊မှင်စာ၊တစ္ဆေ၊ဘီလူး၊အစရှိတဲ့ ပြိတ္တာ အမျိုးအစားတို့က ကိုယ်အထင်အရှားဖြင့် ဘွားခနဲ ပေါ်လာကြတဲ့ သြပပါတိက သတ္တဝါ အမျိုးအစားမှာ ပါဝင်ပါတယ် ။
ထို ပြိတ္တာ အမျိုးအစားတွေကို သေထရည်ပြု၊ သာဓုခေါ်လတ်၊လှူခံမြတ်မှ၊သေသူရ၏ဆိုတဲ့အတိုင်း မိမိတို့အတွက် ရည်မှန်းပြီး သံဃာတော် တို့အား လှူဒါန်မှု ပြုကာ အမျှပေးဝေရာ၌ သာဓု ခေါ်ဆိုနိုင်ခွင့်ရပြီဆိုမှ

ထိုပြိတ္တာဘုံဘဝမှ လွတ်မြောက်နိုင်ကြမှာဖြစ်ပါတယ်။လူတစ်ယောက် ကွယ်လွန်ပြီးသည့်နောက် ဝိညာဉ်ဘဝဖြင့် အိမ်မှာ ရ-ရင်နေသည်ဟူသော အယူဆမှာ လုံးဝမဟုတ်ပါချေ ။
သို့ရာတွင် တွေးခေါ်မြော်မြင်မှုနည်းပါးစွာဖြင့် ကွယ်လွန်သူ၏ အနီးမှာ စားသောက်ဖွယ်ရာများ ပြင်ဆင်ထားခြင်း၊ အခေါင်းတလားကို သယ်ယူသည့်အခါမှာလည်းပဲ
အခေါင်းပေါ်မှာ စားမြိန်စာထုပ်ကို တင်ပေးလိုက်ခြင်း၊ မီးသဂြိင်္ဟ် ခြင်းမပြုပဲ အုတ်ဂူသွင်းသည့်အခါ အုတ်ဂူ တွင်းသို့ အစားအသောက်များ၊အဝတ်အထည်များ ထည့်ပေးလိုက်ခြင်းအစရှိတဲ့ ကျွေးမွေးခြင်း ပေးကမ်းခြင်းတို့မှာ
ကွန်လွန်သူ အဖို့ စားသောက် သုံးစွဲနိုင်ခြင်းမရှိသည့်အတွက် အကျိုးမဲ့ဖြစ်ရုံးမကပဲ ကျန်ရစ်သူတို့အဖို့လဲ အချိန်ကုန် ငွေကုန်ခြင်း သာ အဖတ်တင်ပါလိမ့်မယ် ။
ထို့သို့ မရောင်ရာ ဆီးလူးမည့်အစားသံဃာတော်အရှင်သူမြတ်တွေကို ပင့်ဖိတ်ပြီးပစ္စည်းလေးပါးကိုလှူဒါန်းကာ ရေစက်သွန်ချအမျှပေးဝေပါက
ပေတဂတိမှာ ရှိနေကြတဲ့မိမိတိုရဲ့သက်ဆိုင်ရာ ကွယ်လွန်သူ တွေ ရနိုင်ကြမှာပါလို့. မှန်ကန်သောနည်းစနစ်ကို အကြံပြုရင်း ။ ။
Credit
Unicode
(၁) သံသဒေဇ ပဋိသန်ဓေ
(၂) သွပပါတိက ပဋိသန်ဓေ
(၃) ဂဗ်ဘသယေကြ ပဋိသန်ဓေ ဆိုပွီး ၃-မြိုးရှိပါတယျ ။
ထို သတ်တဝါ သုံးမြိုးအနကျ ပွိတ်တာ သရဲ၊မှငျစာ၊တစ်ဆေ၊ဘီလူး၊အစရှိတဲ့ ပွိတ်တာ အမြိုးအစားတို့က ကိုယျအထငျအရှားဖွငျ့ ဘှားခနဲ ပေါျလာကွတဲ့ သွပပါတိက သတ်တဝါ အမြိုးအစားမှာ ပါဝငျပါတယျ ။
Credit
Crd