ကြံကြံဖန်ဖန် ရွှံ့ပွက်ထဲမှာ pre wedding ဓာတ်ပုံရိုက်ကူးခဲ့ကြတဲ့ ချစ်သူစုံတွဲ

ချစ်သူစုံတွဲတိုင်းက pre wedding ဓာတ်ပုံတွေကို အလှဆုံး နဲ့ အကောင်းဆုံးသာ ရိုက်ကူးထားချင်တတ်ကြပါတယ်။အခြားသူထပ် လှပြီး အထူးသဖြင့် မိန်းကလေးတွေကလည်း အဖြူရောင်ဂါဝန်ရှည်လေးနဲ့ ခေတ်ပြေးနေတဲ့ pre wedding ဓာတ်ပုံတွေကို ရိုက်ချင်တတ်ကြတာကိုတော့ လူတိုင်းအသိပါဘဲ။ အခုဖော်ပြပေးမဲ့ ချစ်သူစုံတွဲကတော့ အခြားလူနဲ့မတူဘဲ ထူးထူးဆန်းဆန်း ကိုယ့်ခန္ဓာကိုယ်ကို အပေခံပြီး လယ်ကွက်ထဲက ရွှံ့ပွက်ထဲမှာ pre wedding ဓာတ်ပုံတွေကို အဆန်းဆုံးဖြစ်အောင် ပျော်ရွှင်စွာနဲ့ ရိုက်ကူးနေခဲ့ကြပါတယ် ။ကြံဖန်ဖန်လည်း တွေးတတ်လွန်းတဲ့အတွဲပါဘဲဗျာ ။စာဖတ်သူတို့လည်း သူများနဲ့မတူတဲ့ pre wedding ဓာတ်ပုံတွေ ရိုက်ချင်ခဲ့ရင်တော့ သူတို့စုံတွဲလို လိုက်ရိုက်ကြည့်ကြပါဗျာ ။ ရွှံ့ပွက်နဲ့ဆော့ကစားပြီး အရမ်းလည်း ပျော်စရာကောင်းနေမှာတော့ အမှန်ပါဘဲ ။







