■ကြောက်စရာအသွင်အပြင်ကို ပိုင်ဆိုင်ထားတဲ့ ရှေးခတ်ကခွေးကြီး

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ကြောက်စရာအသွင်အပြင်ကို ပိုင်ဆိုင်ထားတဲ့ ရှေးခတ်ကခွေးကြီး

အကယ်၍ ယခု ခေတ်မှီကမ္ဘာမှာ နေထိုင်ကြတဲ့ လူသားတွေဟာ ခွေးတွေရဲ့ ရှေးဟောင်းကာလက အမျိုးအနွယ်တွေကို မြင်ရင် ဘယ်လောက်တောင် ကြောက်လန့်ကြမလဲဆိုတာတော့ မတွေးရဲစရာပါပဲ။

ညအမှောင်ထဲက အမ်ပီစီယိုနီဒေး ခေါ် ဝက်ဝံသဏ္ဍာန် ခွေးတွေဟာ ကြောက်စရာကောင်းတဲ့ ပုံပန်းသွင်းပြင်ကို ပိုင်ဆိုင်ထားပါတယ်။
သူတို့တွေဟာ ၂.၅ မီတာ အရှည်ရှိပြီး ဒါဟာဆိုရင် ၈.၅ ပေခန့်နှင့် ၅၀၀ ကီလိုဂရမ်အထိ လေးလံကြပါတယ်။
ဒီအလေးချိန်ဟာ ၁,၁၀၀ ပေါင်ရှိပြီး ၁ တန်ခန့်ရှိကာ
ဒီ သားရဲ တိရစ္ဆာန်ဟာ အင်မတန်မှ ကြောက်စရာကောင်းပါတယ်။

ဒီသတ္တဝါကြီးဟာ ဧရာမ ခွေးရဲ့ ခန္ဓာကိုယ်မှာ တိရစ္ဆာန် ကြီးတွေရဲ့ အရိုးတွေ အသားတွေကို လွယ်လွယ် ကိုက်ဖြတ်တတ်တဲ့ သွားတွေနဲ့ မေးရိုးတွေပါတဲ့ ဝက်ဝံကြီးရဲ့ ခေါင်းကို တပ်ထားရင် ဖြစ်လာမယ့် ပုံစံနှင့် တစ်ပုံစံတည်းပါပဲ
ဒါကတော့ ဝက်ဝံသဏ္ဍာန်ရှိတဲ့ ခွေးတွေရဲ့ ပုံစံအတိအကျပဲဖြစ်ပါတယ်

ဟိုမို ဆေပီယမ် လို့ခေါ်တဲ့ လူသားတွေ မပေါ်ပေါက်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ သန်းကျော်လောက်ကတည်းက
ဒီဝက်ဝံနဲ့တူတဲ့ ခွေးတွေဟာ ပျောက်ကွယ်သွားတာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့အတွက် ကံကောင်းတဲ့အချက်ဖြစ်ပြီး သူတို့အတွက်တော့ ကံဆိုးတဲ့အခြေအနေ ဖြစ်ကောင်းဖြစ်မှာပါ။

အကယ်၍ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေသာ ထိုသတ္တဝါမျိုးကို ရင်ဆိုင်တိုက်ခိုက်ဖို့ အခွင့်အရေးရှိခဲ့မယ်ဆိုရင် သူတို့ဟာ မြေခွေးတွေကို ခွေးကဲ့သို့ ယဥ်ပါးအောင်လုပ်ဖို့ အကြံဉာဏ်ကိုရဖို့တောင် နည်းနိုင်ပါတယ်။

ခွေးတွေနှင့် တူနေတဲ့အချက်နှင့် ဘိုးဘေးတွေ ရှိတာချင်းတူနေတဲ့ အချက်တွေမပါရင်တောင်မှ ကျွန်တော်တို့ ယခုမြင်တွေ့နေကြရတဲ့ ခွေးဘီလူးတွေ ချီဟွားဟွားခွေးတွေဟာ ထိုဝက်ဝံတူခွေးတွေကနေ တိုက်ရိုက် ဆင်းသက်လာတာမဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်ပြောရပါလိမ့်မယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ေၾကာက္စရာအသြင္အျပင္ကို ပိုင္ဆိုင္ထားတဲ့ ေရွးခတ္ကေခြးႀကီး

အကယ္၍ ယခု ေခတ္မွီကမၻာမွာ ေနထိုင္ၾကတဲ့ လူသားေတြဟာ ေခြးေတြရဲ့ ေရွးေဟာင္းကာလက အမ်ိဳးအႏြယ္ေတြကို ျမင္ရင္ ဘယ္ေလာက္ေတာင္ ေၾကာက္လန႔္ၾကမလဲဆိုတာေတာ့ မေတြးရဲစရာပါပဲ။

ညအေမွာင္ထဲက အမ္ပီစီယိုနီေဒး ေခၚ ဝက္ဝံသ႑ာန္ ေခြးေတြဟာ ေၾကာက္စရာေကာင္းတဲ့ ပုံပန္းသြင္းျပင္ကို ပိုင္ဆိုင္ထားပါတယ္။
သူတို႔ေတြဟာ ၂.၅ မီတာ အရွည္ရွိၿပီး ဒါဟာဆိုရင္ ၈.၅ ေပခန႔္ႏွင့္ ၅၀၀ ကီလိုဂရမ္အထိ ေလးလံၾကပါတယ္။
ဒီအေလးခ်ိန္ဟာ ၁,၁၀၀ ေပါင္ရွိၿပီး ၁ တန္ခန႔္ရွိကာ
ဒီ သားရဲ တိရစၧာန္ဟာ အင္မတန္မွ ေၾကာက္စရာေကာင္းပါတယ္။

ဒီသတၱဝါႀကီးဟာ ဧရာမ ေခြးရဲ့ ခႏၶာကိုယ္မွာ တိရစၧာန္ ႀကီးေတြရဲ့ အရိုးေတြ အသားေတြကို လြယ္လြယ္ ကိုက္ျဖတ္တတ္တဲ့ သြားေတြနဲ႔ ေမးရိုးေတြပါတဲ့ ဝက္ဝံႀကီးရဲ့ ေခါင္းကို တပ္ထားရင္ ျဖစ္လာမယ့္ ပုံစံႏွင့္ တစ္ပုံစံတည္းပါပဲ
ဒါကေတာ့ ဝက္ဝံသ႑ာန္ရွိတဲ့ ေခြးေတြရဲ့ ပုံစံအတိအက်ပဲျဖစ္ပါတယ္

ဟိုမို ေဆပီယမ္ လို႔ေခၚတဲ့ လူသားေတြ မေပၚေပါက္ခင္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၉ သန္းေက်ာ္ေလာက္ကတည္းက
ဒီဝက္ဝံနဲ႔တူတဲ့ ေခြးေတြဟာ ေပ်ာက္ကြယ္သြားတာျဖစ္ပါတယ္။ ဒါကေတာ့ ကၽြန္ေတာ္တို႔အတြက္ ကံေကာင္းတဲ့အခ်က္ျဖစ္ၿပီး သူတို႔အတြက္ေတာ့ ကံဆိုးတဲ့အေျခအေန ျဖစ္ေကာင္းျဖစ္မွာပါ။

အကယ္၍ ကၽြန္ေတာ္တို႔ရဲ့ ဘိုးေဘးေတြသာ ထိုသတၱဝါမ်ိဳးကို ရင္ဆိုင္တိုက္ခိုက္ဖို႔ အခြင့္အေရးရွိခဲ့မယ္ဆိုရင္ သူတို႔ဟာ ေျမေခြးေတြကို ေခြးကဲ့သို႔ ယဥ္ပါးေအာင္လုပ္ဖို႔ အႀကံဉာဏ္ကိုရဖို႔ေတာင္ နည္းနိုင္ပါတယ္။

ေခြးေတြႏွင့္ တူေနတဲ့အခ်က္ႏွင့္ ဘိုးေဘးေတြ ရွိတာခ်င္းတူေနတဲ့ အခ်က္ေတြမပါရင္ေတာင္မွ ကၽြန္ေတာ္တို႔ ယခုျမင္ေတြ႕ေနၾကရတဲ့ ေခြးဘီလူးေတြ ခ်ီဟြားဟြားေခြးေတြဟာ ထိုဝက္ဝံတူေခြးေတြကေန တိုက္ရိုက္ ဆင္းသက္လာတာမဟုတ္ဘူးဆိုတာကိုေတာ့ ကၽြန္ေတာ္ေျပာရပါလိမ့္မယ္။
Ref:youtube
Trans:thegeektext