TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ကြောက်စရာမကောင်းတဲ့အပြင် ဗိုက်တွေတင်းကားအောင်စားသောက်ရမည့် တောင်ကိုရီးယားနိုင်ငံ၏ချူးဆော့ပွဲတော်နေ့

တောင်ကိုရီးယား နိုင်ငံကထူးခြားတဲ့နိုင်ငံတစ်ခုပါ။ ခေတ်မီ ဓလေ့တွေရော ရိုးရာဓလေ့တွေရော ရောထားတဲ့နိုင်ငံတစ်ခုပါ။ ကိုရီးယား နိုင်ငံသားတွေက ဟောလိုးဝင်းပွဲတော်ကို အမေရိကန်နိုင်ငံ ပုံစံအတိုင်း မကျင်းပကြပေမယ့် သူတို့ရဲ့ ဟောလိုးဝင်းပွဲဆိုတာက ကျေးဇူးတော်နေ့ပွဲကျင်းပတာနဲ့ ပိုဆင်ပါတယ်။

ချူးဆော့ (Chuseok) ပွဲတော်က လကိုအခြေခံပြီး တွက်ချက်ထားတဲ့ ပြက္ခဒိန်ရဲ့ ၈ လပိုင်း ၁၅ ရက်နေ့မှာ သူတို့ရဲ့ ဘိုးဘေးတွေကို ရှိခိုးကန်တော့လေ့ရှိကြပါတယ်။

ပွဲတော်ရက်တွေမှာဆိုရင် အရင်တုန်းကအကြောင်းလေးတွေ ပြန်ပြောကြတာမျိုး၊ ရိုးရာကစားနည်းလေးတွေ ကစားတာမျိုး၊ အကလေးတွေ အပြင် ကိုးရီးယားရိုးရာ လက်ဝှေ့ပွဲကျင်းပတာမျိုး လုပ်ကြပြီး အများစုကတော့ သူတို့ရဲ့ ဆုံးပါးသွားကြတဲ့ အမျိုးတွေဆီ သွားကန်တော့တာတို့၊ ကိုယ့်မွေးရပ်မြို့ ကိုယ်ပြန်တာတို့လုပ်ကြပါတယ်။

ဒီပွဲကလည်း တခြားကျင်းပတဲ့ ပွဲတွေလိုပဲ ခမ်းခမ်းနားနားနဲ့ အကုန်ကျခံပြီး ကျင်းပကြတာဆိုပေမယ့် အရသာရှိတဲ့ အစားအသောက်ကောင်းတွေကိုကြိုက်တယ်ဆိုရင်တော့ ဒီလိုဟောလိုးဝင်းပွဲတော်မျိုးကို သဘောကျကြမှာပါ။

ကြောက်စရာမကောင်းတဲ့ အပြင် ဗိုက်တွေ တင်းကားနေအောင် စားရပြီး ဆန်အရက်တွေတောင် သောက်ရပါဦးမယ်နော်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext