JRose (KB Chimmy one)
Reference : khaosod
Zawgyi
အင်ဒိုနီးရှားပြည်တွင်း ဝက်ဘ်ဆိုဒ်မှာ ဖော်ပြတဲ့ Gemaras ရွာမှာရှိတဲ့ အသက် ၃၆ နှစ် ဧရာမမိကျောင်းကြီးက ရေကန်ထဲမှာ ကြီးပြင်းလာကာ အစာစားရန် ငြင်းဆန်ပြီးနောက် သေဆုံးသွားခဲ့ပါတယ် ။ ဧရာမမိကျောင်းကို ကမ်းပေါ်သို့ အရောက်ပို့ဆောင်ရန် ရွာသားများက ဝိုင်းကူကြပါတယ် ။ မိကျောင်းက အလေးချိန်တစ်တန်ကျော်ရှိပြီး အရှည် ၆ မီတာခန့်ရှိတာကြောင့် ကုန်းပေါ်သို့ အရောက်မဖို့ သန်မာတဲ့ လူခြောက်ဦးအထိ လိုအပ်ပါတယ် ။
မိကျောင်းကို ယခင်က တောရိုင်းထဲသို့ လွှတ်ပေးခဲ့ကြောင်း ဒေသတွင်း ၀က်ဘ်ဆိုဒ်တစ်ခုက ပြောကြားခဲ့ပါတယ် ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ မိကျောင်းက ရွာကိုပြန်လာတဲ့အတွက် သိုးထိန်းက ဆက်မွေးမြူဖို့ ဆုံးဖြတ်လိုက်တာကြောင့် အိမ်နောက်မှာ အရင်ကထက် ပိုကျယ်တဲ့ ရေကန်တစ်ခုဆောက်လိုက်ပါတယ် ။ Noor Fitriani အမည်ရှိ အမျိုးသားက မိကျောင်းဟာ သူ့မိသားစုနဲ့ အနီးစပ်ဆုံး တိရစ္ဆာန်ဖြစ်တယ်လို့ ဆိုပါတယ် ။ အဲ့ဒီသားရဲများကို ငယ်ရွယ်စဉ်ကတည်းက မွေးမြူလာခဲ့တာပါ ။
မိကျောင်းက အလွန်သိမ်မွေ့ပြီး ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ အလွန်ရင်းနှီးကြောင်း Noor ,က ဆက်ပြောပါတယ် ။ မိကျောင်းကို သူ့ဆွေမျိုးလို့တောင် မှတ်ယူခဲ့တာပါ ။ ဒါပေမဲ့လည်း Noor ရဲ့မိခင်သေဆုံးပြီးနောက် 2020 ခုနှစ်မှာ မိကျောင်းက မတူညီတဲ့အပြုအမူများကို စတင်ပြသလာပါတယ် ။ မိကျောင်းက ထုံထိုင်းပြီး အစာစားချင်စိတ်မရှိတော့တာမျိုးဖြစ်ပါတယ် ။ ဒီဗီဒီယိုကို လူမှုကွန်ရက်မှာ တင်လိုက်တဲ့အခါ အင်ဒိုနီးရှားမှာ Like 52,000 ဖြင့်ပျံ့နှံ့သွားခဲ့ပါတယ် ။
JRose (KB Chimmy one)
Crd