ကြက်သွန်ဖြူနီ ဆီချက်ကို မွှေးပြီး ကြာကြာအထားခံအောင် နည်းစနစ်မှန်မှန် ချက်နည်း

ကြက်သွန်ဖြူနီ ဆီချက်ကို မွှေးပြီး ကြာကြာအထားခံအောင် နည်းစနစ်မှန်မှန် ချက်နည်း

ကြက်သွန်ဖြူနီ ဆီချက်ကို မွှေးပြီး ကြာကြာအထားခံအောင် နည်းစနစ်မှန်မှန် ချက်နည်း.. ဆီချက်လေးမွှေးအောင်ချက်ပြီး ကြာရှည်သိမ်းထားချင်သူများအတွက်ပါရှင်..

ဆီချက်ချက်ဖို့ ကြက်သွန်နီပါးပါးညီညီ ကြက်သွန်ဖြူပါးပါးညီညီ လှီးထားပါ.. အထူအပါးမညီရင် အကျက်လဲ မညီတတ်လို့ပါရှင်.. ကြာရှည်ထားချင်ရင်တော့ ဆီသန့်ကို သုံးပေးပါနော်.. တခုခုအရင်ကြော်ထားမိတဲ့ဆီကို မသုံးပဲ ဆီသစ်ကိုသာ သုံးပါရှင်..

အပြင်မှာထားရင် ၂ ပတ်လောက်ထားလို့ရပါတယ်.. ရေခဲသေတ္တာထဲသိမ်းရင်တော့ ၃ လလောက် အထားခံပါတယ်.. လေလုံတဲ့ ပုလင်းလေးနဲ့ထားရင် ပျော့မသွားပဲ ကြွပ်ရွနေပါတယ်..

ကြက်သွန်နီကို အရင်ကြော် ရွှေရောင်သန်းလာရင် ဆယ်ပြီး ဖွကာဆီ စစ်ထားပါ။ မဖွပေးရင် အထဲဘက်ကအပူချိန်ကြောင့် ကျွမ်းသွားတတ်ပါတယ်..

ကြက်သွန်ဖြူကြော်ရင်တော့ ဆီဒယ်အိုးထဲ ဒန်ဇကာလေးခံပြီးကြော်တာက အဆင်ပြေဆုံးပါ..

ကြက်သွန်ဖြူက ကျွမ်းလွယ်ပါတယ်.. ကြက်သွန်နီကြော်လိုလဲ ဆယ်လိုက်ရင် ထွေးပြီး ပါမလာပါဘူး.. ဆယ်နေရင်းက ဆီထဲပြန်ပြန်ပါသွားတတ်တာမို့ လက်မမြန်ရင် ကျွမ်းပြီးတူးကုန်ရော.. တူးတော့ ခါးပြီး မွှေးလဲမမွှေးတော့ပါဘူး.. ဒါ့ကြောင့်ဆီဒယ်အိုးထဲ ဇကာခံပြီး ကြော်တာက အရမ်းအဆင်ပြေပါတယ်..

ကြက်သွန်ဖြူကြော်လဲ ဆယ်ပြီးပြီဆိုမှ မီးပိတ်ပြီး ဆီအိုးထဲ ဆနွင်းမှုန့်ခပ်ပါရှင်.. ဆနွင်းကတူးရင် အရမ်းခါးပါတယ်.. ဆနွင်းအထည့်စောရင် ဆနွင်းတူးပြီး ဆီချက်က ခါးသက်သက်ဖြစ်စေပါတယ်..

ကြက်သွန်နီကြော်၊ ဖြူကြော်ဆီအေးပြီဆိုမှ ပုလင်းလေးထဲ ထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားရင် အသုပ်စားချင်တဲ့အချိန် ထသုပ်လို့ လွယ်ကူမြန်ဆန်ပါတယ်..

(မမပန်းခရေ)

The post ကြက်သွန်ဖြူနီ ဆီချက်ကို မွှေးပြီး ကြာကြာအထားခံအောင် နည်းစနစ်မှန်မှန် ချက်နည်း appeared first on White Sone.

Crd