ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ မူလရင်းမြစ်ကို စုံစမ်းစစ်ဆေးဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ ကျွမ်းကျင်သူအဖွဲ့ ရောက်နေစဉ် တရုတ်နိုင်ငံမှာ COVID-19 နေ့စဉ် ကူးစက်မှုနှုန်း မြင့်တက်နေပါတယ်။ မြို့တော် ဘေဂျင်း အနီးဝန်းကျင်မှာရှိတဲ့ ဟဲဘေးပြည်နယ်မှာ ကူးစက်မှု အများအပြား တွေ့လာရတာပါ။
ဇန်နဝါရီ ၁၂ ရက် ထုတ်ပြန်ချက် အချက်အလက်တွေအရ ပြည်တွင်း ကူးစက်ခံရသူ အများစုဟာ မြို့တော်အနီးက ဖြစ်ပေမယ့် နိုင်ငံအရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာလည်း ကူးစက်မှုအသစ်တွေ ရှိလာတယ်လို့ ဖော်ပြထားပါတယ်။

National Health Commission ရဲ့ တရားဝင် ထုတ်ပြန်ချက်အရ အရင်ရက်ပိုင်း နေ့စဉ်ကူးစက်နှုန်း ၅၅ ခုရှိခဲ့ရာက လက်ရှိမှာ နေ့စဉ်ကူးစက်နှုန်း ၁၁၅ ခု တွေ့လာရတယ်လို့ ဆိုပါတယ်။ ဒါဟာ ဇူလိုင် ၃၀ ရက်နောက်ပိုင်း အမြင့်ဆုံး နေ့စဉ် ကူးစက်မှုနှုန်းလည်း ဖြစ်ပါတယ်။
ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ၁၀၇ ခုက ပြည်တွင်း ကူးစက်မှုတွေ ဖြစ်ပြီး ဒီထဲကမှ ၉၀ က ဟဲဘေးပြည်နယ်က ဖြစ်ပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်း Heilongjang ပြည်နယ်က ကူးစက်မှုအသစ် ၁၆ ခုရှိပါတယ်။ ကူးစက်မှု အမြင့်ဆုံးစံချိန်ကလည်း WHO ကျွမ်းကျင်သူအဖွဲ့ မရောက်ခင် တရက်အလိုမှာ မြင့်တက်ခဲ့တာပါ။
ကမ္ဘာပေါ်မှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၂ သန်းနီးပါးရှိနေပါပြီ။ WHO ကျွမ်းကျင်သူ ၁၀ ယောက်အဖွဲ့ဟာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ စတင်ကူးစက်ပျံ့နှံ့လာတဲ့ ကိုရိုနာ ဗိုင်းရပ်စ် မူလအစကို စုံစမ်း စစ်ဆေးဖို့အတွက် ဝူဟန်မြို့အလယ်ပိုင်းကို သွားရောက်မှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ် မူလအစကို မသိရသေးခင်မှာပဲ တရုတ်နိုင်ငံက အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ စတင်ခဲ့တဲ့ Huanan ပင်လယ်စာဈေးကို ပိတ်ပစ်ခဲ့တဲ့အပြင် ပိုးသတ်ဆေးဖျန်း လုပ်ဆောင်ခဲ့ပါသေးတယ်။
ဟဲဘေးပြည်နယ်ထဲက Shijazhuang, Xingtai, Langfang မြို့တွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပျံ့နှံ့မလာအောင် Lockdown ချ ကန့်သတ်ထားသလို၊ အစုလိုက် ဗိုင်းရပ်စ် ဆေးစစ်မှုတွေ လုပ်ဆောင်နေပါတယ်။ ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ Heilongjiang ပြည်နယ်မှာလည်း COVID-19 အရေးပေါ် ကြေညာခဲ့တာကြောင့် ၅ ဒသမ ၂ သန်းသော ပြည်သူတွေဟာ Lockdown ချ ကန့်သတ်ခံရတော့မှာပါ။

နောက်လမှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော်မှာ အိမ်ပြန်ကြမယ့်သူတွေဟာ အိမ်စီးကားတွေထက် အများပြည်သူသုံး အဝေးပြေးကားတွေနဲ့ သွားလေ့ရှိတာကြောင့် ပုံမှန် အရေအတွက်ထက် ခရီးသွားလာခွင့်တွေ လျှော့ချသွားဖို့ ရှိနေပါတယ်။ ပြည်နယ် အများစုက ရွှေ့ပြောင်းလုပ်သားတွေကို နှစ်သစ်ကူး ကာလအတွင်း မိသားစုဆီ နေရပ်ပြန်ခွင့် မပေးဘဲ ကန့်သတ်သွားဖို့ ရှိနေပါတယ်။
Ref: Aljazeera
IrrawadyNews မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။
zawgyi
တရုတ်မှာ WHO ကျွမ်းကျင်သူများ ရောက်နေစဉ် ကိုဗစ် ကူးစက်မှုနှုန်း မြင့်တက်