■ကျိန်စာများလွတ်ထွက်နိုင်သည်ဆိုသော လေးလံသည့် အမဲရောင်ကျောက်တလား

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ကျိန်စာများလွတ်ထွက်နိုင်သည်ဆိုသော လေးလံသည့် အမဲရောင်ကျောက်တလား

ပြီးခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ်မှာ အီဂျစ်ရဲ့ အလက်ဇန်းဒါးအရပ်မှာ ကျောက်တလားအနက်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ဒါဟာ အလက်ဇန်းဒါးအရပ်မှာ မြှုပ်နှံထားတာကြောင့်ရော စစ်ဆေးမှာတွေအရပါ လွန်ခဲ့တဲ့နှစ် ၃၃၂ ဘီစီမှဖြစ်ပီး ဒီလေးလံတဲ့အရာကို စစ်ဆေးမှုတွေ ပြုလုပ်ရန် ပြန်လည်တူးဖော်ခဲ့ကြတာပါ။

မျက်မှောက်ခေတ်လူတချို့ကတော့ ဒီဟာက ပစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကာ ဒဏ္ဍာရီထဲက ဘုရင် အလက်ဇန်းဒါးသည်ဂရိတ်ကို ချုပ်ကိုင်ထားခဲ့တယ်လို့ ဆိုကြပါတယ်။ဒါအပြင် သူတို့ယုံတာက သေတ္တာကိုဖွင့်လိုက်တာနဲ့ ကျိန်စာများလည်း လွတ်ထွက်နိုင်တယ်လို့ ဆိုကြတာပါ။

ဒီလိုအငြင်းပွားမှုတွေ ဖြစ်စဉ်မှာပဲ ဖွင့်ရဲတဲ့သူတွေကဖွင့်ခဲ့ကြပြီးတော့ အထဲမှာ အလက်ဇန်းဒါးလည်းမရှိသလို ကျိန်စာကလည်း ရှိမနေခဲ့ပါဘူး။အထဲမှာတော့ ကိုးပေရှည်လျားတဲ့အခေါင်းတစ်ခုရှိပြီး အထဲမှာတော့ ရုပ်အလောင်းသုံးခုရှိကာ နှစ်ယောက်မှာ ယောကျာ်းလေးဖြစ်ပြီး တစ်ယောက်ကတော့ မိန်းကလေးပါ။

သူတို့ဘာကြောင့်မြှုပ်နှံခံခဲ့ရတယ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုအနေနဲ့သာ ရှိပါ‌ေသးတယ်။ဒါပေမဲ့ သူတို့မှာ ဒဏ်ရာရခြင်းနဲ့ ခွဲစိတ်ဖြတ်တောက်မှုကုသမှုလို လက္ခဏာတွေကို တွေ့ရပြီး တခြားတွေ့ရှိရတာကတော့ သူတို့ရဲ့ကျောက်တလားဟာ အကောင်းဆုံးအလုံပိတ်ထားခြင်းမျိုးမရှိဘဲ ၊ယနေ့ခေတ် အညစ်အကြေးလိုဟာတွေကလည်း ခေါင်းတလားထဲကို စိမ့်ဝင်နေပါတယ်။

ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ သမိုင်းပညာရှင်တွေဟာ ဘာလို့ ရုပ်အလောင်းသုံးခုဟာ သေတ္တာထဲရောက်နေသလဲနှင့် သူတို့ကို ဘာကြောင့်အရေးပါတဲ့ပုံစံ ပြုလုပ်ထားသလဲ၊ သူတို့ဘာကြောင့်သေဆုံးခဲ့သလဲနှင့် ဒီသေတ္တာကြီးဟာ သူတို့ရဲ့တမလွန်အိမ်အဖြစ် ဘာကြောင့်ရှိနေလဲဆိုတာကို အဖြေထုတ်နေကြဆဲ ပါပဲ။
ref:youtube
trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■က်ိန္စာမ်ားလြတ္ထြက္နိုင္သည္ဆိုေသာ ေလးလံသည့္ အမဲေရာင္ေက်ာက္တလား

ၿပီးခဲ့တဲ့ႏွစ္ ၂၀၁၈ ခုႏွစ္မွာ အီဂ်စ္ရဲ့ အလက္ဇန္းဒါးအရပ္မွာ ေက်ာက္တလားအနက္တစ္လုံးကို ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။ဒါဟာ အလက္ဇန္းဒါးအရပ္မွာ ျမႇုပ္ႏွံထားတာေၾကာင့္ေရာ စစ္ေဆးမွာေတြအရပါ လြန္ခဲ့တဲ့ႏွစ္ ၃၃၂ ဘီစီမွျဖစ္ပီး ဒီေလးလံတဲ့အရာကို စစ္ေဆးမႈေတြ ျပဳလုပ္ရန္ ျပန္လည္တူးေဖာ္ခဲ့ၾကတာပါ။

မ်က္ေမွာက္ေခတ္လူတခ်ိဳ႕ကေတာ့ ဒီဟာက ပစ္ဒဏ္ခ်မွတ္ခံရျခင္းျဖစ္ကာ ဒ႑ာရီထဲက ဘုရင္ အလက္ဇန္းဒါးသည္ဂရိတ္ကို ခ်ဳပ္ကိုင္ထားခဲ့တယ္လို႔ ဆိုၾကပါတယ္။ဒါအျပင္ သူတို႔ယုံတာက ေသတၱာကိုဖြင့္လိုက္တာနဲ႔ က်ိန္စာမ်ားလည္း လြတ္ထြက္နိုင္တယ္လို႔ ဆိုၾကတာပါ။

ဒီလိုအျငင္းပြားမႈေတြ ျဖစ္စဥ္မွာပဲ ဖြင့္ရဲတဲ့သူေတြကဖြင့္ခဲ့ၾကၿပီးေတာ့ အထဲမွာ အလက္ဇန္းဒါးလည္းမရွိသလို က်ိန္စာကလည္း ရွိမေနခဲ့ပါဘူး။အထဲမွာေတာ့ ကိုးေပရွည္လ်ားတဲ့အေခါင္းတစ္ခုရွိၿပီး အထဲမွာေတာ့ ႐ုပ္အေလာင္းသုံးခုရွိကာ ႏွစ္ေယာက္မွာ ေယာက်ာ္းေလးျဖစ္ၿပီး တစ္ေယာက္ကေတာ့ မိန္းကေလးပါ။

သူတို႔ဘာေၾကာင့္ျမႇုပ္ႏွံခံခဲ့ရတယ္ဆိုတာ လၽွို႔ဝွက္ခ်က္တစ္ခုအေနနဲ႔သာ ရွိပါ‌ေသးတယ္။ဒါေပမဲ့ သူတို႔မွာ ဒဏ္ရာရျခင္းနဲ႔ ခြဲစိတ္ျဖတ္ေတာက္မႈကုသမႈလို လကၡဏာေတြကို ေတြ႕ရၿပီး တျခားေတြ႕ရွိရတာကေတာ့ သူတို႔ရဲ့ေက်ာက္တလားဟာ အေကာင္းဆုံးအလုံပိတ္ထားျခင္းမ်ိဳးမရွိဘဲ ၊ယေန႔ေခတ္ အညစ္အေၾကးလိုဟာေတြကလည္း ေခါင္းတလားထဲကို စိမ့္ဝင္ေနပါတယ္။

ေရွးေဟာင္းသုေတသနပညာရွင္ေတြနဲ႔ သမိုင္းပညာရွင္ေတြဟာ ဘာလို႔ ႐ုပ္အေလာင္းသုံးခုဟာ ေသတၱာထဲေရာက္ေနသလဲႏွင့္ သူတို႔ကို ဘာေၾကာင့္အေရးပါတဲ့ပုံစံ ျပဳလုပ္ထားသလဲ၊ သူတို႔ဘာေၾကာင့္ေသဆုံးခဲ့သလဲႏွင့္ ဒီေသတၱာႀကီးဟာ သူတို႔ရဲ့တမလြန္အိမ္အျဖစ္ ဘာေၾကာင့္ရွိေနလဲဆိုတာကို အေျဖထုတ္ေနၾကဆဲ ပါပဲ။
ref:youtube
trans:thegeektext