အမေရိကန် Lockheed Martin နှင့် အစ္စရေး၏ Rafael ကုမ္ပဏီတို့ပူးပေါင်း၍ အစ္စရေးအတွက် မြေပြင်အခြေစိုက် အဆင်မြင့်လေကြောင်းရန်ကာကွယ်ရေး (Laser Weapon System) လေဆာလက်နက်စနစ်ကို ထုပ်လုပ်မည်

Lockheed Martin နှင့် Rafael ကုမ္ပဏီနှစ်ခုအကြား သက်ဆိုင်ရာအကြီးအကဲများနှင့် အရေးကြီးသောပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းများကိုထောက်ပံ့ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ကုမ္ပဏီများအနေဖြင့် မြေပြင်အခြေစိုက် လေဆာလက်နက်စနစ် ဖွံ့ဖြိုးရေးအတွက် နည်းပညာဆိုင်ရာအကောင်းအထည်ဖော်မှုများကို စူးစမ်းလေ့လာမှုများနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည်လို့ ဆိုပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မှုလက လေဆာနည်းပညာကိုလုပ်ဆောင်နေပြီး ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များအပါအဝင် ဝေဟင်ခြိမ်းခြောက်မှုများကို ကြားဖြတ်နိုင်သည့်စနစ် ဖွံ့ဖြိုးတိုးတက်မှုတွင် အောင်မြင်မှုများရှိခဲ့သည်။
Lockheed Martin အမှုဆောင်ညွှန်ကြားရေးမှုး Tim Cahill က စိန်ခေါ်မှုများစွားရှိနေတဲ့ အစ္စရေးရဲ့ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် အရေးကြီးသောအချက်များကို အလေးပေးထောက်ပြခဲ့သည်။ ထို့အပြင် အစ္စရေးကာကွယ်ရေးအနေဖြင့် အားကောင်းသော လေဆာလက်နက်စနစ်ကိုအသုံးပြုခြင်းနည်းလမ်းဟာ ရာသီဥတုအခြေအနေမရွေး မြင့်မားသော တာဝေးပစ်လေကြောင်းတိုက်ခိုက်မှုများကို ထိရောက်စွာ ဖြတ်တောက်နိုင်မှုများနှင့် အားသာချက်များလည်းရှိတယ်လို့ ၎င်းကပြောကြားခဲ့ပါတယ်။

Rafael အမှုဆောင်အရာရှိချူပ် ဒုတိယ ဥက္ကဌ Ariel Karo က > လေဆာနည်းပညာ၏စွမ်းရည်ကို ကျွန်နုပ်တို့၏ကျယ်ပြန့်သော အပြန်အလှန်ကျွမ်းကျင်မှုနှင့် ဘက်စုံနည်းပညာများပေါ်တွင်အခြေခံ၍ အလွှာပေါင်းစုံလေကြောင်းကာကွယ်ရေးစနစ်ကို တို့ချဲ့မည်ဟု ပြေားကြားခဲ့သည်။
အစ္စရေးအနေဖြင့် ပြီးခဲ့သည့် ဇွန်လအပတ်က စမ်းသပ်မှုတွင် အရပ်ဘက်သုံး Cessna လေယာဉ်တွင် တပ်ဆင်ထားသော စွမ်းအားမြင့် ဝေဟင်လေဆာစနစ်ကိုအသုံးပြုံး၍ Drone ကို အောင်မြင်စွာ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ကြေငြာခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ လေကြောင်းချီစွမ်းအားမြင့်လေဆာစနစ်သည် လက်ရှိနှင့် အာနာဂတ်ခြိမ်းခြောက်မှုများကို တားဆီးရန် အစ္စရေး၏ လေကြောင်းကာကွယ်ရေး၏ထိရောက်မှုကို တိုးမြှင့်စေလိမ့်မည်ဟုမျှော်လင့်ရပြီး Iron Dome, David’s Sling နှင့် Arrow ဒုံးကျည် စသည့်ကြားဖြတ်စနစ်များပါဝင်သော ဘက်စုံဒုံးကျည်ကာကွယ်ရေး ခင်းကျင်းမှုကို ဖြည့်ဆည်းပေးလိမ့်မည်ဖြစ်တယ်လို့ ကြောငြာချက်တွင် ဖော်ပြခဲ့ပါတယ်။
Defence_Hub
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။