■ကျန်းမာရေးလုံးဝကိုမညီညွှတ်တဲ့ အစားအစာတွေကိုစားသုံးရမည့် Hart Attack Grill စားသောက်ဆိုင်

Article Food Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ကျန်းမာရေးလုံးဝကိုမညီညွှတ်တဲ့ အစားအစာတွေကိုစားသုံးရမည့် Hart Attack Grill စားသောက်ဆိုင်

အရွက်သုပ်စားမယ်ဆိုရင်တော့ သင်တို့နေရာတိုင်းမှာ အလွယ်တကူ စားသောက်နိုင်ပါတယ်။ တကယ်လို့ သင်ဟာကယ်လိုရီတွေအများကြီးပါပြီး ကျန်းမာရေးလုံးဝကိုမညီညွှတ်တဲ့ အစားအစာတွေကိုစားသုံးချင်တယ်ဆိုရင်တော့ လက်စ့်ဗေးဂတ်စ် မြို့မှာရှိတဲ့ Hart Attack Grill စားသောက်ဆိုင်က အသင့်ရှိနေမှာပါ။

အဆီအဆိမ့်တွေအများကြီးနဲ့ ဝိတ်တက်စေမယ့် အရာမျိုးစုံကို စားသုံးနိုင်မယ့်အပြင် ဆီတွေနှင့်နေတဲ့ပေါင်မုန့်ကြော်တွေဟာလဲ ဆိုင်ရဲ့အကောင်းဆုံး အမယ်တွေဖြစ်ပါတယ်။ နောက်ပြီး Milk Shake ဆိုရင်လဲ ထောပက်အပြည့်နဲ့ပြုလုပ်ထားတာဖြစ်ပြီး ကိုလာတွေဆိုရင်လဲ သကြားဓါတ်အပြည့်နဲ့သောက်သုံးရမှာပါ။

စီးကရက်တွေကို ကန့်သတ်ချက်မရှိ စိတ်ကြိုက်သောက်သုံးနိုင်ပါသေးတယ် ဒါတွေကဒီဆိုင်ရဲ့ ဘာဂါနဲ့ယှဉ်ကြည့်လိုက်ရင်တော့ ဘာမှကိုမဟုတ်သေးပါဘူး။ဘာဂါမှာဆိုရင် ၈ထပ်လောက်ရှိတဲ့ အသားတွေနဲ့ ဘာဂါတစ်မျိုးချင်းစီမှာသူ့ရဲ့ နာမည်နဲ့သူရှိပြီး ဘာဂါတိုင်းမှာ အသားတွေကို ထောပတ်နဲ့စိမ်ပြီး ကြော်ထားကာ အခုလိုကြော်ထားတဲ့ ဘာဂါတစ်လုံးကိုတော့ Single Bypass လို့အမည်ပေးထားပါတယ်။

နောက်ပြီး အဲဒီဆိုင်ဟာ ကျန်းမာရေးနဲ့မညီညွှတ်တဲ့သူတွေအတွက် အောင်ပွဲခံတဲ့အနေနဲ့ အစားသောက်တွေကို အခမဲ့ကျွေးမွေး ပါသေးတယ်။ဘယ်လိုလူတွေလဲဆိုတော့ ပေါင်၃၅ဝအထက်ရှိတဲ့လူတွေပါ ပေါင်၃၅ဝအထက်ရှိမရှိဆိုတာကို သက်သေပြဖို့ အတွက်တော့ လူအများရှေ့မှာပေါင်ချိန်ပြရပါမယ်။

နောက်ပြီးအဲဒီစားသောက်ဆိုင်က ခရက်ဒစ်ကတ်လက်မခံပဲ ငွေသားတစ်ခုတည်းကိုသာလက်ခံပါတယ် ဘာလို့လဲဆိုတော့ သူတို့ခရက်ဒစ်ကတ်စစ်လို့မပြီးခင် လာရောက်စား သောက်တဲ့သူ သေသွားမှာစိုးတဲ့အတွက်ကြောင့်ပါတဲ့ အဲဒီဆိုင်မှာလာစားပြီးရင် သူတို့သတ်မှတ်ထားတဲ့အလေးချိန်အ ထိမတိုးလာတဲ့လူတွေကိုတော့ ရိုက်နှက်ပြီးအပြစ်ပေးတယ်လို့ သိရပါတယ်
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■က်န္းမာေရးလုံးဝကိုမညီညႊတ္တဲ့ အစားအစာေတြကိုစားသုံးရမည့္ Hart Attack Grill စားေသာက္ဆိုင္

အရြက္သုပ္စားမယ္ဆိုရင္ေတာ့ သင္တို႔ေနရာတိုင္းမွာ အလြယ္တကူ စားေသာက္နိုင္ပါတယ္။ တကယ္လို႔ သင္ဟာကယ္လိုရီေတြအမ်ားႀကီးပါၿပီး က်န္းမာေရးလုံးဝကိုမညီညႊတ္တဲ့ အစားအစာေတြကိုစားသုံးခ်င္တယ္ဆိုရင္ေတာ့ လက္စ့္ေဗးဂတ္စ္ ၿမိဳ႕မွာရွိတဲ့ Hart Attack Grill စားေသာက္ဆိုင္က အသင့္ရွိေနမွာပါ။

အဆီအဆိမ့္ေတြအမ်ားႀကီးနဲ႔ ဝိတ္တက္ေစမယ့္ အရာမ်ိဳးစုံကို စားသုံးနိုင္မယ့္အျပင္ ဆီေတြႏွင့္ေနတဲ့ေပါင္မုန႔္ေၾကာ္ေတြဟာလဲ ဆိုင္ရဲ့အေကာင္းဆုံး အမယ္ေတြျဖစ္ပါတယ္။ ေနာက္ၿပီး Milk Shake ဆိုရင္လဲ ေထာပက္အျပည့္နဲ႔ျပဳလုပ္ထားတာျဖစ္ၿပီး ကိုလာေတြဆိုရင္လဲ သၾကားဓါတ္အျပည့္နဲ႔ေသာက္သုံးရမွာပါ။

စီးကရက္ေတြကို ကန႔္သတ္ခ်က္မရွိ စိတ္ႀကိဳက္ေသာက္သုံးနိုင္ပါေသးတယ္ ဒါေတြကဒီဆိုင္ရဲ့ ဘာဂါနဲ႔ယွဥ္ၾကည့္လိုက္ရင္ေတာ့ ဘာမွကိုမဟုတ္ေသးပါဘူး။ဘာဂါမွာဆိုရင္ ၈ထပ္ေလာက္ရွိတဲ့ အသားေတြနဲ႔ ဘာဂါတစ္မ်ိဳးခ်င္းစီမွာသူ႔ရဲ့ နာမည္နဲ႔သူရွိၿပီး ဘာဂါတိုင္းမွာ အသားေတြကို ေထာပတ္နဲ႔စိမ္ၿပီး ေၾကာ္ထားကာ အခုလိုေၾကာ္ထားတဲ့ ဘာဂါတစ္လုံးကိုေတာ့ Single Bypass လို႔အမည္ေပးထားပါတယ္။

ေနာက္ၿပီး အဲဒီဆိုင္ဟာ က်န္းမာေရးနဲ႔မညီညႊတ္တဲ့သူေတြအတြက္ ေအာင္ပြဲခံတဲ့အေနနဲ႔ အစားေသာက္ေတြကို အခမဲ့ေကၽြးေမြး ပါေသးတယ္။ဘယ္လိုလူေတြလဲဆိုေတာ့ ေပါင္၃၅ဝအထက္ရွိတဲ့လူေတြပါ ေပါင္၃၅ဝအထက္ရွိမရွိဆိုတာကို သက္ေသျပဖို႔ အတြက္ေတာ့ လူအမ်ားေရွ႕မွာေပါင္ခ်ိန္ျပရပါမယ္။

ေနာက္ၿပီးအဲဒီစားေသာက္ဆိုင္က ခရက္ဒစ္ကတ္လက္မခံပဲ ေငြသားတစ္ခုတည္းကိုသာလက္ခံပါတယ္ ဘာလို႔လဲဆိုေတာ့ သူတို႔ခရက္ဒစ္ကတ္စစ္လို႔မၿပီးခင္ လာေရာက္စား ေသာက္တဲ့သူ ေသသြားမွာစိုးတဲ့အတြက္ေၾကာင့္ပါတဲ့ အဲဒီဆိုင္မွာလာစားၿပီးရင္ သူတို႔သတ္မွတ္ထားတဲ့အေလးခ်ိန္အ ထိမတိုးလာတဲ့လူေတြကိုေတာ့ ရိုက္ႏွက္ၿပီးအျပစ္ေပးတယ္လို႔ သိရပါတယ္
Ref:youtube
Trans:thegeektext