TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ကံဆိုးမှုတွေကြားမှ ကံကောင်းခဲ့တဲ့ ခရိုအေးရှားနိုင်ငံသား

ဖရိန်ကတော့ ၁၉၂၉ ခုနှစ်မှာမွေးဖွားတဲ့ ခရိုအေးရှားနိုင်ငံသား ဂီတဆရာတစ်ဦးပဲဖြစ်ပါတယ်။ သူရဲ့ ပထမဦးဆုံး အသက်ဘေးနှင့်ရင်ဆိုင်ခဲ့ရတဲ့အချိန်ကတော့ ၁၉၆၂ ခုနှစ် ဇန်နဝါရီလရဲ့ ချမ်းအေးတဲ့ မနက်ခင်းတစ်ခုမှာဖြစ်ပါတယ်။

သူဟာ ဒက်ဘိုရ်ုနစ်ကို သွားတဲ့ရထားပေါ်မှာရှိနေခဲ့တာပါ။ ရထားဟာရုတ်တရက် အလွန်အေးခဲနေတဲ့မြစ်ထဲကို ပြုတ်ကျသွားခဲ့ပြီး ၁၇ ယောက်ဆုံးပါးခဲ့ပါတယ်။ သို့ပေမဲ့လည်း ဖရိန်တစ်ယောက်တည်းကသာ ဒဏ်ရာဒဏ်ချက်တွေနှင့် လက်တစ်ဖက်ကျိုးပြီး အသက်ရှင်ခဲ့တာပါ။ နှစ်အနည်းငယ်ကြာပြီးနောက် ဖရိန်က ပိုလို့တောင် မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ခဲ့ပါသေးတယ်။ သူက ဆယ်ဂရာကနေ ရီဂျက်ကာကိုသွားတဲ့လေယာဥ်ပေါ်မှာရှိနေခဲ့တာပါ။

လေယာဥ်ပေါ်ကတံခါးဟာရုတ်တရက်ပွင့်သွားခဲ့ပြီး ဖရိန်ဟာ လေယာဥ်ပေါ်ကနေပြုတ်ကျခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ အသက်မပျောက်ခဲ့ပါဘူး။ သူဟာ ကောက်ရိုးပုံပေါ်ကို ကံကောင်းစွာဖြင့်ပြုတ်ကျခဲ့ပါတယ်။ ကံဆိုးစွာဖြင့်ပဲ နောက်ထပ် ၁၉ ယောက်ကတော့ အသက်မရှင်ခဲ့ပါဘူး။ သူဟာ ဒဏ်ရာအနည်းငယ်နှင့် ပွန်းပဲ့မှု တွေသာရရှိခဲ့ပြီးဆေးရုံကနေနိုးလာခဲ့ပါတယ်။

၁၉၆၆ ခုနှစ်မှာတော့ သူဟာ ဘက်စ်ကားပေါ်မှာ ရှိနေခဲ့တာပါ။ ဒီ့နောက် ဘက်စ်ကားဟာ မြစ်ထဲကို ရုတ်တရက်ထိုးဆင်းသွားခဲ့ကာ ကံကောင်းစွာ ဖြင့် သူဟာ ဒီအခြေအနေကနေထပ်ပြီးလွတ်မြောက်ခဲ့ပါတယ်။ ကံဆိုးစွာဖြင့် လူ ၄ ယောက်ကတော့ အသက်မရှင်ခဲ့ပြန်ပါဘူး။ ၄ နှစ်ကြာပြီးနောက်မှာတော့ သူဟာ ကားမီးမစွဲခင် ထွက်ပြေးနိုင်ခဲ့ပါသေးတယ်။

ပြီးတော့ ကားဟာ ပေါက်ကွဲခဲ့တာပါ။ ၁၉၉၅ ခုနှစ်မှာတော့ သူဟာ ဘက်စ်ကားတိုက်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အသက်ရှင်ခဲ့ပါသေးတယ်။ ထိုနှစ်မှာပဲသူဟာ ရှေ့ကလာနေတဲ့ ထရပ်ကားကိုရှောင်ဖို့အတွက် မောင်းခဲ့တာ ချောက်ထဲပြုတ်ကျပြီး သစ်ပင်မှာ ညှိနေခဲ့ပါတယ်။ သူစီးလာတဲ့ကားကတော့ တိုက်မိပြီးပေါက်ကွဲခဲ့ပါတယ်။ အံ့သြစွာဖြင့် ဒီလိုကိစ္စတွေအားလုံးဖြစ်ပြီးတဲ့အခါမှာသူဟာ ဒေါ်လာ သန်းချီတန်တဲ့ခရိုအေးရှားထီကို ၂၀၀၃ ခုနှစ်မှာပေါက်ခဲ့ပါသေးတယ်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ကံဆိုးမႈေတြၾကားမွ ကံေကာင္းခဲ့တဲ့ ခရိုေအးရွားနိုင္ငံသား
ဖရိန္ကေတာ့ ၁၉၂၉ ခုႏွစ္မွာေမြးဖြားတဲ့ ခရိုေအးရွားနိုင္ငံသား ဂီတဆရာတစ္ဦးပဲျဖစ္ပါတယ္။ သူရဲ့ ပထမဦးဆုံး အသက္ေဘးႏွင့္ရင္ဆိုင္ခဲ့ရတဲ့အခ်ိန္ကေတာ့ ၁၉၆၂ ခုႏွစ္ ဇန္နဝါရီလရဲ့ ခ်မ္းေအးတဲ့ မနက္ခင္းတစ္ခုမွာျဖစ္ပါတယ္။
သူဟာ ဒက္ဘိုရ္ုနစ္ကို သြားတဲ့ရထားေပၚမွာရွိေနခဲ့တာပါ။ ရထားဟာ႐ုတ္တရက္ အလြန္ေအးခဲေနတဲ့ျမစ္ထဲကို ျပဳတ္က်သြားခဲ့ၿပီး ၁၇ ေယာက္ဆုံးပါးခဲ့ပါတယ္။ သို႔ေပမဲ့လည္း ဖရိန္တစ္ေယာက္တည္းကသာ ဒဏ္ရာဒဏ္ခ်က္ေတြႏွင့္ လက္တစ္ဖက္က်ိဳးၿပီး အသက္ရွင္ခဲ့တာပါ။ ႏွစ္အနည္းငယ္ၾကာၿပီးေနာက္ ဖရိန္က ပိုလို႔ေတာင္ မျဖစ္နိုင္တဲ့ အေျခအေနတစ္ခုျဖစ္ခဲ့ပါေသးတယ္။ သူက ဆယ္ဂရာကေန ရီဂ်က္ကာကိုသြားတဲ့ေလယာဥ္ေပၚမွာရွိေနခဲ့တာပါ။
ေလယာဥ္ေပၚကတံခါးဟာ႐ုတ္တရက္ပြင့္သြားခဲ့ၿပီး ဖရိန္ဟာ ေလယာဥ္ေပၚကေနျပဳတ္က်ခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ အသက္မေပ်ာက္ခဲ့ပါဘူး။ သူဟာ ေကာက္ရိုးပုံေပၚကို ကံေကာင္းစြာျဖင့္ျပဳတ္က်ခဲ့ပါတယ္။ ကံဆိုးစြာျဖင့္ပဲ ေနာက္ထပ္ ၁၉ ေယာက္ကေတာ့ အသက္မရွင္ခဲ့ပါဘူး။ သူဟာ ဒဏ္ရာအနည္းငယ္ႏွင့္ ပြန္းပဲ့မႈ ေတြသာရရွိခဲ့ၿပီးေဆး႐ုံကေနနိုးလာခဲ့ပါတယ္။
၁၉၆၆ ခုႏွစ္မွာေတာ့ သူဟာ ဘက္စ္ကားေပၚမွာ ရွိေနခဲ့တာပါ။ ဒီ့ေနာက္ ဘက္စ္ကားဟာ ျမစ္ထဲကို ႐ုတ္တရက္ထိုးဆင္းသြားခဲ့ကာ ကံေကာင္းစြာ ျဖင့္ သူဟာ ဒီအေျခအေနကေနထပ္ၿပီးလြတ္ေျမာက္ခဲ့ပါတယ္။ ကံဆိုးစြာျဖင့္ လူ ၄ ေယာက္ကေတာ့ အသက္မရွင္ခဲ့ျပန္ပါဘူး။ ၄ ႏွစ္ၾကာၿပီးေနာက္မွာေတာ့ သူဟာ ကားမီးမစြဲခင္ ထြက္ေျပးနိုင္ခဲ့ပါေသးတယ္။
ၿပီးေတာ့ ကားဟာ ေပါက္ကြဲခဲ့တာပါ။ ၁၉၉၅ ခုႏွစ္မွာေတာ့ သူဟာ ဘက္စ္ကားတိုက္ခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း အသက္ရွင္ခဲ့ပါေသးတယ္။ ထိုႏွစ္မွာပဲသူဟာ ေရွ႕ကလာေနတဲ့ ထရပ္ကားကိုေရွာင္ဖို႔အတြက္ ေမာင္းခဲ့တာ ေခ်ာက္ထဲျပဳတ္က်ၿပီး သစ္ပင္မွာ ညႇိေနခဲ့ပါတယ္။ သူစီးလာတဲ့ကားကေတာ့ တိုက္မိၿပီးေပါက္ကြဲခဲ့ပါတယ္။ အံ့ၾသစြာျဖင့္ ဒီလိုကိစၥေတြအားလုံးျဖစ္ၿပီးတဲ့အခါမွာသူဟာ ေဒၚလာ သန္းခ်ီတန္တဲ့ခရိုေအးရွားထီကို ၂၀၀၃ ခုႏွစ္မွာေပါက္ခဲ့ပါေသးတယ္။
Ref:youtube
Trans:thegeektext