TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ကောင်းကင်အမြင့်မှာစားသောက်ရတဲ့ ကောင်းကင်ပေါ်ကညစာ

ကောင်းကင်ပေါ်က ညစာဆိုတာ နာမည်သက်သက်ပဲမဟုတ်ပါဘူး ပါတီပွဲကျင်းပဖို့အပြင်မှာစားပွဲအကြီးကြီးနဲ့ စားပွဲထိုးတွေကို အစားအစာမှာပြီးရင် သူတို့က အစားအသောက်တွေယူလာပေးမယ်။

ဒီအထိကတော့ ပုံမှန်ပါပဲ အဆိုပါလူတွေတင်ထားတဲ့ Plaform အကြီးကြီးကို မြင့်သထက်မြင့်အောင် ကရိန်းနဲ့ ပေ၅ဝရောက်တဲ့အထိမရပ်ပဲ ဆွဲတင်ပါတော့တယ်။

စိတ်ကူးနဲ့တင်လုံးဝမယုံနိုင်စရာကောင်းတဲ့ ညစာစားတဲ့အတွေ့အကြုံပါပဲ တစ်ခြားအရာတွေနဲ့ လုံးဝကိုမတူနိုင်ဘူး။ အဲဒီကိုကြောက်နေမယ်ဆိုရင်လဲ ကြောက်စိတ်ကိုလုံးဝမောင်းထုတ်လိုက်ပါ တကယ်တော့ အဲဒီမှာလုံးဝကိုလုံခြုံပြီး Plaform ဟာလဲအရမ်းကိုခံနိုင်ရည်ရှိပါတယ်။

ဒါပေမယ့်အဲဒီအမြင့်ကြောင့်ဖြစ်လာမယ့် သင့်အစာအိမ်ထဲက ပြဿနာတွေကိုတော့ သတိထားသင့်ပါတယ်။ ကောင်းကင်မှာညစာစားတာအပြင် ဆန္ဒရှိရင် ကောင်းကင်ပေါ်မှာမင်္ဂလာဆောင်ချင်လဲ ဆောင်လို့ရပါတယ်။

ကောင်းကင်ပေါ်မှာဆန်တာနဲ့ ညစာစားဖို့ ဆန္ဒရှိတယ်ဆိုရင်လဲ ကောင်းကင်ပေါ်မှာခရစ်စမက်ပွဲကျင်းပလို့ရနေပါသေးတယ်။ တစ်ချက်သတိထားရမှာကတော့ လုံးဝဘယ်တော့မှ အောက်ကိုငုံ့မကြည့်မိပါစေနဲ့။
Ref:youtube
Trans:thegeektext
zawgyi
■ကရိန်းနဲ့ ပေ၅ဝရောက်တဲ့အထိမရပ်ပဲ ဆွဲတင်ထားတဲ့ ကောင်းကင်ပေါ်ကညစာ
Ref:youtube
Trans:thegeektext