Nge (Cele Daily)
Zawgyi
ကောင်မလေးက ဗီဒီယိုကောပြောတိုင်း Maskကြီးပဲ တစ်ချိန်လုံးတပ်ထား၍ ချစ်သူသက်တမ်း၁နှစ်ပြည့်မှာ Maskချွတ်ပြခိုင်းခဲ့ရာမှ ကြေကွဲသွားသည့် ကောင်လေး
ယနေ့ခေတ်မှာ မိုဘိုင်းဖုန်းတွေအသုံးပြုများလာပြီး လူငယ်အများစုတို့သည် လိုင်းပေါ်ကနေပဲ ရည်းစားရှာကာ အပြင်မှာတကယ်လက်ထပ်သွားတဲ့အတွဲတွေရှိသလို အပြင်မာတွေ့ခါမှ တကယ်မချစ်နိုင်ပဲ လမ်းခွဲသွားတာတွေရှိကြသည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက ကောင်လေးတစ်ဦးသည် နိုင်ငံခြားမှာအလုပ်လုပ်နေပြီး လိုင်းပေါ်ကနေ ချစ်စရာကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံပြီး တစ်နှစ်အကြာ ချစ်ကြိုက်ခဲ့ကြသည်။
သူတို့စုံတွဲသည် အဝေးမှာဖြစ်နေ၍ နေ့စဉ်ဗီဒီယိုကောလေးပြောရင်းနဲ့ပဲ အလွမ်းဖြေရကာ ထူးဆန်းစွာဖြင့် ကောင်မလေးက ဗီဒီယိုကောခေါ်တိုင်း ရုပ်အမှန်ကိုမပြပဲ Maskကြီးပဲတစ်ချိန်လုံးတပ်ထားခဲ့သည်။ထိုအခါ ကောင်လေးသည် ချစ်သူသက်တမ်း ၁နှစ်ပြည့်သောအခါ ကောင်မလေးရဲ့မျက်နှာကိုမြင်တွေ့ချင်ကြောင်းတောင်းဆိုခဲ့ရာမှာ ကောင်မလေးကလည်း သူ့ကိုတကယ်ချစ်တယ်အထင်နဲ့ အရဲစွန့်ပြီး Maskချွတ်ပြလိုက်စဉ် ကောင်လေးမှ သဘောမကျပဲ အတော်လေးကြေကွဲနေသောရုပ်မျိုးဖြစ်သွားခဲ့သည်။
ကောင်မလေးမှာ အမှန်တကယ်တမ်းတော့ နှုတ်ခမ်းထော်ပြီး သွားလေးလည်းနည်းနည်းခေါနေရာ သူမရဲ့ရုပ်ရည်ကြောင့် ရည်းစားမရဖြစ်နေ၍ ကြံရာမရသည့်အဆုံး Maskတပ်ထားခဲ့ခြင်းသာဖြစ်သည်။
Nge (Cele Daily)
Crd
Post Views:
9