
Rain (For Ialinks)
Unicode
ကလေးမွေးဖွားပြီး အဝလွန်ကာမလှပတော့သည့်ချိန် ခင်ပွန်းဖြစ်သူမှ ကွာရှင်းခဲ့တာကိုစိတ်နာပြီး အလှဆုံးဖြစ်အောင် ပြောင်းလဲပြခဲ့သည့် အမျိုးသမီး
အမျိုးသမီးတိုင်း အိမ်ထောင်ကျသည့်အခါကိုယ်ဝန်ဆောင်၍ ကလေးမီးဖွားရချိန်သည် ခန္ဓာကိုယ်ရုပ်ရည်အသွင်အပြင် ပြောင်းလဲသွားတတ်ပြီး ခင်ပွန်းဖြစ်သူဆီကနေ ဂရုစိုက်ကြင်နာမှုများစွာနဲ့ အားပေးနှစ်သိမ့်မှုများ လိုအပ်ဆုံးအချိန်လည်းဖြစ်စေသည်။
သို့ဖြစ်၍ တောင်ကိုးရီးယားနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ကျပြီးနောက် သမီးလေးအားစပြီးမွေးဖွားချိန်တွင် ခန္ဓာကိုယ်မှာ အဆမတန်ဝိတ်တွေတက်ကာ အဝလွန်နေပြီး အရင်လိုလည်းမလှပတော့ပဲ အဒေါ်ကြီးတစ်ဦးလို ဖြစ်သွားခဲ့သည်။
ခင်ပွန်းဖြစ်သူသည် အမျိုးသမီးမှ မလှမပတဲ့ ခန္ဓာကိုယ်မျိုးဖြစ်သွားချိန် မတူသလိုမတန်သလိုဆက်ဆံကာ ကြင်နာမှုလည်းမရှိတော့ပဲ အမြဲလိုလို ငြိုငြင်နေတတ်ကာ နောက်ဆုံး သမီးလေးမျက်နှာကိုမှမထောက်ထားတော့ပဲ ကွာရှင်းပြတ်စဲခဲ့သည်။
ထိုအဖြစ်ကြောင့် အမျိုးသမီးသည် ခင်ပွန်းသည်အား အရမ်းစိတ်နာကာ သမီးလေးနဲ့အတူ သူမရဲ့ဘဝအား အလှဆုံးဖြစ်အောင် ပြန်လည်နေထိုင်ရန်အတွက် အစားအသောက်ဂရုစိုက်ပြီး လေ့ကျင့်ခန်းတွေလည်းလုပ်ဆောင်ခဲ့ရာ ၁၀လအကြာမှာတင် ဝိတ်ကျစေခဲ့ပြီး သေးသွယ်သော ခန္ဓာကိုယ်နဲ့အတူ ကလေးအမေနဲ့ပင် မတူတော့ပဲချောမောချစ်စရာကောင်းသူတစ်ယောက်အဖြစ် ပြောင်းလဲခဲ့သည်။
Rain (For Ialinks)
Crd