ကီလိုပေါ်ကထိုးထိုးထောင်ထောင်တွေကဘာတွေလည်း
ဒီနေ့ ၇၃ နှစ်မြောက် ရေတပ်မွေးနေ့မှာ တပ်မတော်ရေရဲ့ ပထမဆုံး ရေငုပ်သင်္ဘော မင်းရဲသိင်္ဂသူ တပ်တော်ဝင်လာတာနဲ့အတူ စစ်လက်နက်ဝါသနာရှင်တွေကြားမှာ ရေငုပ်သင်္ဘောတွေ အထူးသဖြင့် ကီလိုအတန်းအစား ရေငုပ်သင်္ဘောတွေအပေါ် စိတ်ဝင်စားမှု မြင့်တက်နေမယ်ထင်ပါတယ်။
ဒီထဲက ကျွန်တော်အပါအဝင် အချို့ကတော့ သင်္ဘောရဲ့ Conning tower ပေါ်ကနေ ထိုးထိုးထောင်ထောင်ထွက်နေတဲ့ mast ပေါင်းများစွာက ဘာတွေလည်းလို့ စေ့ငုမိကြမယ် ထင်ပါတယ်။

အဲ့လိုလူတွေအတွက် ကျွန်တော် ရှာတွေ့သမျှ ဝေမျှပေးချင်ပါတယ်။
Project 877EKM ကီလိုရေငုပ်သင်္ဘောရဲ့ အထွေထွေအချက်အလက်တွေသာ ဖြစ်လို့ ကျွန်တော်တို့ မြန်မာရေငုပ်သင်္ဘောနဲ့ ကွာခြားကောင်း ကွာခြားနိုင်ပါတယ်။
Conning tower ရဲ့ ဦးပိုင်းကနေ ပဲ့ပိုင်းကို ကြည့်မယ်ဆိုရင် ပထမဆုံးတွေ့ရမှာက ပယ်ရီစကုတ်နှစ်လုံးပါ။ Attack scope နဲ့ search scope ဆိုပြီး နှစ်မျိုးပါ။ ကွာခြားချက်ကတော့ search scope က ပိုပြီးတော့ မြင်ကွင်းကျယ်သလို ဆက်သွယ်ရေးကိရိယာတွေ ဗီဒီယို ကင်မရာတွေ ပါပါတယ်။ Attack scope ကတော့ ရန်သူ့သင်္ဘောကို ချည်းကပ်နဲ့အချိန်မှာ သုံးဖို့ဖြစ်ပြီး မြင်ကွင်းကျဉ်းသလို ခုနလို ကိရိယာတွေလည်း မပါဝင်ပါဘူး။ သူ့အားသာချက်က အရွယ်အစားပိုသေးလို့ ထောက်လှမ်းဖို့ပိုခက်ေစတာပါ။
ပယ်ရီစကုတ်နှစ်ခုနောက်က သေးသေးရှည်ရှည်ကတော့ ဆက်သွယ်ရေး ရေဒီယို အင်တာနာ ဖြစ်ပါတယ်။

သူ့နောက်မှာတော့ mast တွေထဲမှာ အကြီးဆုံးကြီးကို တွေ့မှာပါ။ ဒါကတော့ စနော်ကယ် snorkel လို့ခေါ်ပြီးတော့ ရေငုပ်သင်္ဘော ရေအောက်မှာ ရှိနေစဉ်မှာတောင် ရေပေါ်က လေကိုစုပ်သွင်းခြင်း ပြန်ထုတ်ခြင်း လုပ်ပေးပြီး သင်္ဘောရဲ့ ဒီဇယ်အင်ဂျင်တွေကို ခုတ်မောင်းစေနိုင်ပါတယ်။
အဲ့နောက်မှာတော့ MRK 50E ရေဒါရဲ့ mask ကိုတွေ့ရမှာပါ။ instrumental range အနေနဲ့ ရေမိုင် ၆၄ မိုင်အထိ ဖမ်းယူနိုင်တဲ့ ရေဒါလည်း ဖြစ်ပါတယ်။
သူ့နောက်က သေးသေးရှည်ရှည်နောက်တစ်ခုကတော့ ဂြိုဟ်တုဆက်သွယ်ရေး အင်တာနာပါ။ ဒုတိယပုံမှာ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။

ခေါင်းထိပ်မှာ လုံးလုံးလေးနဲ့က MRP-25ZM အီလက်ထရောနစ် စစ်ဆင်ရေး mast ဖြစ်ပြီးတော့ နောက်ဆုံးတစ်ခုကတော့ ရန်သူ့ရေဒါနဲ့ ဆက်သွယ်ရေးလှိုင်းတွေ တည်နေရာကို ရှာပေးတဲ့ 6701E Direction Finder ပါ။
မိတ်ဆွေတို့လည်း တပ်တော်ဝင်တဲ့ ပုံတွေထဲကနေ mast တွေကို identify လုပ်ရင်း ပျော်ရွှင်နိုင်ကြပါစေ။
ပုံတွေ စာတွေ အားလုံးကို လူတိုင်းဖတ်ရှုနိုင်တဲ့ open source တွေကနေ ရှာဖွေထားတာပါ။
မူလရေးသာသူ – ရောက်တတ်ရာရာ ရေးတဲ့စာ pageမှ ကူးယူဖေါ်ပြအပ်ပါသည်။