ကိုယ်နဲ့တစ်ပါးတည်း သယ်ဆောင်သွားပြီး အလွယ်တကူခေါက်ထားနိုင်တဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်ကိုစတင်မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီ (ရုပ်သံ)

ကိုယ်နဲ့တစ်ပါးတည်း သယ်ဆောင်သွားပြီး အလွယ်တကူခေါက်ထားနိုင်တဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်ကိုစတင်မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီ (ရုပ်သံ)

ကိုယ်နဲ့တစ်ပါးတည်း သယ်ဆောင်သွားပြီး အလွယ်တကူခေါက်ထားနိုင်တဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်ကိုစတင်မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီ (ရုပ်သံ)

လျှပ်စစ်ယာဉ်အမျိုးအစားများအားလုံးဟာ မောင်းနှင်ရသည်မှာ ပျော်စရာကောင်းပေမဲ့လည်း ကားပါကင်နှင့် အားသွင်း station တွေကိုရှာဖွေရန်၊ အထူးသဖြင့် ပြင်ပနေရာအကန့်အသတ်ရှိတဲ့ လူနေထူထပ်သောနေရာတွင်နေထိုင်ပါက ၊ တစ်နည်းအားဖြင့် ၎င်းက သင့်အတွက် စံပြစက်ဘီးမော်ဒယ်ဖြစိတာကြောင့် ငွေကုန်ကြေးကျများတဲ့စက်ဘီးကို အပြင်မှာမထားခဲ့ချင်ပါက အခက်အခဲများစွာရှိနိုင်ပါတယ်။

သို့သော် ဂျပန်ကုမ္ပဏီ ICOMA ဟာ အလွယ်တကူ ခေါက်သိမ်းနိုင်တဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်အတွက် ရှေ့ပြေးပုံစံကိုစတင်မိတ်ဆက်ခဲ့ပြီး ကုမ္ပဏီဟာ အနာဂတ်တွင် တစ်ချိန်ချိန်တွင် ၎င်းTatamel ကို ထုတ်လုပ်ရန်ဆန္ဒရှိနေပါတယ်။ ICOMA က စက်ဘီးကို ပုံမှန်စားပွဲခုံအောက်တွင် ခေါက်သိမ်းထားနိုင်ပုံကိုပြသပေးကာ အလုပ်တွင် သင့်မော်တော်ယာဉ်ကို လူမမြင်ရအောင် အားသွင်းထားနိုင်စေပါတယ်။

၎င်းမော်တော်ဆိုင်ကယ်ဟာ မခေါက်ဘဲထားတဲ့အခါ အရှည် 1230 မီလီမီတာ၊ အမြင့် 1000 မီလီမီတာ နှင့် အကျယ် 650 မီလီမီတာရှိပြီး ၎င်း၏ခေါက်ထားတဲ့အနေအထားက အလျား 700 မီလီမီတာ၊ အမြင့် 680 မီလီမီတာနှင့် အကျယ် 260 မီလီမီတာသာ ခေါက်နိုင်ပါတယ်။

မော်တော်ဆိုင်ကယ်ကိုစီးဖို့ပြင်တဲ့အခါ ဗီဒီယိုထဲကလို အလွယ်တကူထုတ်စီးနိုင်ပါတယ်။ Tatamel ဟာ စွမ်းဆောင်ရည်အရ အလွန်သာမန်ကျတဲ့လျှပ်စစ်မော်တော်ဆိုင်ကယ်ဖြစ်ပါတယ်။ ၎င်းတွင် 600 watt မော်တာရှိပြီး တစ်နာရီလျှင် 25 မိုင်အထိမောင်းနှင်နိုင်သလို အမြင့်ဆုံး အကွာအဝေး 31 မိုင်အထိ ရှိပါတယ်။

Tatamel ဟာ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီကို 40 ကီလိုမီတာအထိရောက်ရှိနိုင်သော လစ်သီယမ်သံဖော့စဖိတ်ဘက်ထရီပါရှိပြီး သယ်ဆောင်ရလွယ်ကူတဲ့ပါဝါထောက်ပံ့မှု တပ်ဆင်ထားသည့်အခါ အားတစ်ကြိမ်သွင်းရုံဖြင့် ကီလိုမီတာ 50 ခန့် သွားနိုင်ပါတယ်။ICOMA ၏ လတ်တလော ဒီဇိုင်းတွင် စီးနင်းသူများသည် အရောင်မျိုးစုံနှင့် ပစ္စည်းမျိုးစုံအပြင် ပုံဥပမာများ သို့မဟုတ် သီးခြားလက္ခဏာများဖြင့် စိတ်ကြိုက်ပြုလုပ်နိုင်သော စတုဂံဘေးဘောင်များပါရှိသည်။

ခေတ်မီဆိုင်ကယ၏ထိုင်ခုံကို ဘေးဘောင်အပေါ်တွင် ပြားချပ်ချပ်ချပ်တစ်ခုဖြင့်တပ်ဆင်ထားပြီး မော်တာလက်ကိုင်နှစ်ခုပါသောဘီးတပ်များက ရှေ့မှ အပြင်သို့ထွက်နေပါတယ်။ ရှေ့နှင့်နောက်ဆိုင်းထိန်းစနစ်၊ ပြည့်စုံသော LED မီးအလင်းရောင်စနစ်နှင့် ဘက်ထရီမှ အခြားပစ္စည်းများအား အားသွင်းနိုင်မှုတို့ဟာ ဆိုင်ကယ်၏ အဓိကအင်္ဂါရပ်များထဲတွင် ပါဝင်ပါတယ်။

၎င်း Tatamel မော်တော်ဆိုင်ကယ်ကို လက်ရှိတွင် ကုမ္ပဏီမှ အမြောက်အမြားထုတ်လုပ်ရန်အတွက် ထုတ်လုပ်နေလျက်ရှိပြီး ထွက်ရှိမည့်ရက် သို့မဟုတ် ဈေးနှုန်းကိုတော့ မကြေငြာထားသေးပါဘူး။

Zawgyi

ကိုယ္နဲ႔တစ္ပါးတည္း သယ္ေဆာင္သြားၿပီး အလြယ္တကူေခါက္ထားႏိုင္တဲ့ လွ်ပ္စစ္ေမာ္ေတာ္ဆိုင္ကယ္ကိုစတင္မိတ္ဆက္ခဲ့တဲ့ ကုမၸဏီ (႐ုပ္သံ)

လွ်ပ္စစ္ယာဥ္အမ်ိဳးအစားမ်ားအားလုံးဟာ ေမာင္းႏွင္ရသည္မွာ ေပ်ာ္စရာေကာင္းေပမဲ့လည္း ကားပါကင္ႏွင့္ အားသြင္း station ေတြကိုရွာေဖြရန္၊ အထူးသျဖင့္ ျပင္ပေနရာအကန႔္အသတ္ရွိတဲ့ လူေနထူထပ္ေသာေနရာတြင္ေနထိုင္ပါက ၊ တစ္နည္းအားျဖင့္ ၎က သင့္အတြက္ စံျပစက္ဘီးေမာ္ဒယ္ျဖစိတာေၾကာင့္ ေငြကုန္ေၾကးက်မ်ားတဲ့စက္ဘီးကို အျပင္မွာမထားခဲ့ခ်င္ပါက အခက္အခဲမ်ားစြာရွိႏိုင္ပါတယ္။

သို႔ေသာ္ ဂ်ပန္ကုမၸဏီ ICOMA ဟာ အလြယ္တကူ ေခါက္သိမ္းႏိုင္တဲ့ လွ်ပ္စစ္ေမာ္ေတာ္ဆိုင္ကယ္အတြက္ ေရွ႕ေျပးပုံစံကိုစတင္မိတ္ဆက္ခဲ့ၿပီး ကုမၸဏီဟာ အနာဂတ္တြင္ တစ္ခ်ိန္ခ်ိန္တြင္ ၎Tatamel ကို ထုတ္လုပ္ရန္ဆႏၵရွိေနပါတယ္။ ICOMA က စက္ဘီးကို ပုံမွန္စားပြဲခုံေအာက္တြင္ ေခါက္သိမ္းထားႏိုင္ပုံကိုျပသေပးကာ အလုပ္တြင္ သင့္ေမာ္ေတာ္ယာဥ္ကို လူမျမင္ရေအာင္ အားသြင္းထားႏိုင္ေစပါတယ္။

၎ေမာ္ေတာ္ဆိုင္ကယ္ဟာ မေခါက္ဘဲထားတဲ့အခါ အရွည္ 1230 မီလီမီတာ၊ အျမင့္ 1000 မီလီမီတာ ႏွင့္ အက်ယ္ 650 မီလီမီတာရွိၿပီး ၎၏ေခါက္ထားတဲ့အေနအထားက အလ်ား 700 မီလီမီတာ၊ အျမင့္ 680 မီလီမီတာႏွင့္ အက်ယ္ 260 မီလီမီတာသာ ေခါက္ႏိုင္ပါတယ္။

ေမာ္ေတာ္ဆိုင္ကယ္ကိုစီးဖို႔ျပင္တဲ့အခါ ဗီဒီယိုထဲကလို အလြယ္တကူထုတ္စီးႏိုင္ပါတယ္။ Tatamel ဟာ စြမ္းေဆာင္ရည္အရ အလြန္သာမန္က်တဲ့လွ်ပ္စစ္ေမာ္ေတာ္ဆိုင္ကယ္ျဖစ္ပါတယ္။ ၎တြင္ 600 watt ေမာ္တာရွိၿပီး တစ္နာရီလွ်င္ 25 မိုင္အထိေမာင္းႏွင္ႏိုင္သလို အျမင့္ဆုံး အကြာအေဝး 31 မိုင္အထိ ရွိပါတယ္။

Tatamel ဟာ အျမင့္ဆုံးအျမန္ႏႈန္း တစ္နာရီကို 40 ကီလိုမီတာအထိေရာက္ရွိႏိုင္ေသာ လစ္သီယမ္သံေဖာ့စဖိတ္ဘက္ထရီပါရွိၿပီး သယ္ေဆာင္ရလြယ္ကူတဲ့ပါဝါေထာက္ပံ့မႈ တပ္ဆင္ထားသည့္အခါ အားတစ္ႀကိမ္သြင္း႐ုံျဖင့္ ကီလိုမီတာ 50 ခန႔္ သြားႏိုင္ပါတယ္။ICOMA ၏ လတ္တေလာ ဒီဇိုင္းတြင္ စီးနင္းသူမ်ားသည္ အေရာင္မ်ိဳးစုံႏွင့္ ပစၥည္းမ်ိဳးစုံအျပင္ ပုံဥပမာမ်ား သို႔မဟုတ္ သီးျခားလကၡဏာမ်ားျဖင့္ စိတ္ႀကိဳက္ျပဳလုပ္ႏိုင္ေသာ စတုဂံေဘးေဘာင္မ်ားပါရွိသည္။

ေခတ္မီဆိုင္ကယ၏ထိုင္ခုံကို ေဘးေဘာင္အေပၚတြင္ ျပားခ်ပ္ခ်ပ္ခ်ပ္တစ္ခုျဖင့္တပ္ဆင္ထားၿပီး ေမာ္တာလက္ကိုင္ႏွစ္ခုပါေသာဘီးတပ္မ်ားက ေရွ႕မွ အျပင္သို႔ထြက္ေနပါတယ္။ ေရွ႕ႏွင့္ေနာက္ဆိုင္းထိန္းစနစ္၊ ျပည့္စုံေသာ LED မီးအလင္းေရာင္စနစ္ႏွင့္ ဘက္ထရီမွ အျခားပစၥည္းမ်ားအား အားသြင္းႏိုင္မႈတို႔ဟာ ဆိုင္ကယ္၏ အဓိကအဂၤါရပ္မ်ားထဲတြင္ ပါဝင္ပါတယ္။

၎ Tatamel ေမာ္ေတာ္ဆိုင္ကယ္ကို လက္ရွိတြင္ ကုမၸဏီမွ အေျမာက္အျမားထုတ္လုပ္ရန္အတြက္ ထုတ္လုပ္ေနလ်က္ရွိၿပီး ထြက္ရွိမည့္ရက္ သို႔မဟုတ္ ေဈးႏႈန္းကိုေတာ့ မေၾကျငာထားေသးပါဘူး။

Crd