ကိုယ့်အထုပ်ကိုယ် ကင်းစောင့်ဖို့ ကိုယ့်ရဲ့တာဝန် ဖြစ်နေပြီး မလုံခြုံတော့တဲ့ တိုင်းပြည်

ကိုယ့်အထုပ်ကိုယ် ကင်းစောင့်ဖို့ ကိုယ့်ရဲ့တာဝန် ဖြစ်နေပြီး မလုံခြုံတော့တဲ့ တိုင်းပြည်













ကိုယ့်အထုပ်ကိုယ် ကင်းစောင့်ဖို့ ကိုယ့်ရဲ့တာဝန် ဖြစ်နေပြီး မလုံခြုံတော့တဲ့ တိုင်းပြည်..

ဆိုင်ကယ်.. အထူးသဖြင့် ကလစ်နဲ့ စကိုဖီ ဆိုင်ကယ်တွေ မကြာခဏ အခိုးခံရတယ်။ ခဏပဲဆိုပြီး စျေးဝင်ဝယ်ချိန်၊ ဆိုင်ရှေ့၊ အိမ်ရှေ့မှာပဲဆိုပြီး ရပ်ထားတဲ့အချိန်၊ ခဏတဖြုတ်ဆိုတဲ့ အချိန်တွေအတွင်းမှာပဲ အခိုးခံရပါတယ်။ သူခိုးတွေအဖို့ ဆိုင်ကယ်ခိုးဖို့လိုအပ်ချိန်က တစ်မိနစ်တောင်မရှိပါဘူး။

ဒီတော့ခဏတဖြုတ်တို့၊ ရှေ့မှာပဲတို့ဆိုတာတို့မေ့ထားပြီး ကိုယ့်ပစ္စည်းအခိုးမခံရအောင် သော့ခတ်ဖို့တာဝန် ကိုယ့်မှာပဲ ရှိပါတယ်။ အချိန်ကုန်တယ်၊ အလုပ်ရှုပ်တယ်၊ စိတ်အနှောက်အယှက် ဖြစ်ရတာမှန်ပါတယ်။ ဒါတွေနဲ့ ဆိုင်ကယ် သင်ကြိုက်ရာရွေးဖို့ သူခိုးအခိုးမခံရခင်အရင် အခွင့်ရေးရှိသေးတယ်။ ခိုးခံရ ပြီးရင်တော့ စိတ်ဒုံးဒုံးချပြီးဆုံးပြီလို့သာသတ်မှတ်ပါ။ သာမန် အချိန်တွေတုန်းကတောင် ပြန်ရလေ့မရှိတာ၊ အရေးတယူ ဆောင်ရွက်ပေးတာမရှိခဲ့ဘူးတာကြောင့် ကိုယ့်အထုပ်ကိုယ် ကင်းစောင့်ဖို့က ကိုယ့်ရဲ့တာဝန်ပဲပေါ့ဗျာ။

ဆိုင်ကယ်ပြီးရင် အများဆုံးတွေ့နေရတာက အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု။ လောဘနဲ့ အကြောက်တရားကို အခြေခံထားပြီးလိမ်တယ်။ မဲပေါက်လို့ (မထိုးပဲ မဲပေါက်တာကို ယုံကတည်းက လောဘတက်နေတာ။) ငွေကြေး ထောက်ပံ့မှုလုပ်နေလို့ (တကယ်လုပ်နေတာသိရင် လာဖမ်းသွားတာကြာပေါ့။ အိမ်မှာထိုင်နေရင်း ကြောက်နေလို့ အပိုပဲ)။

ပစ္စည်းလေးတွေ မှာထားလို့ ဆိုပြီး ယုံချင်/လိုချင်စရာနဲ့ စမယ်။(မှာထား/မထား ကိုယ်တိုင်မသိဘူးလား?) OPT နံပါတ်နဲ့ ပင်ကုတ်ပို့ဖို့တောင်းဆိုမယ်..။ Pin နံပါတ်၊ တခါသုံး OPT နံပါတ်.. စတာတွေကို ဘယ်သူ/ဘယ်ဘဏ်ကမှ မတောင်းတဲ့အတွက် ကိုယ့်ထံကနေ ဒီလို တောင်းတယ်ဆိုရင် လိမ်မှန်းလောက်တော့ သိသင့်တယ်။ (Kyaw San)


Post Views: 4








Crd