ကိုဗစ်နဲ့ ရှီ အတွေးအခေါ်ကြားက တရုတ်ရဲ့အနာဂါတ်

News

ကိုဗစ်နဲ့ ရှီ အတွေးအခေါ်ကြားက တရုတ်ရဲ့အနာဂါတ်

ကိုဗစ်နဲ့ ပိတ်ထားရတဲ့ စာသင်ကျောင်းတွေကို တရုတ်နိုင်ငံမှာ မနေ့ စက်တင်ဘာလ (၁) ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။ကိုဗစ်စတင်ခဲ့တဲ့ နိုင်ငံဖြစ်လို့ ဆရာ မိဘ ကျောင်းသူကျောင်းသားအားလုံးက ကိုဗစ်စည်း မျဉ်းစည်းကမ်းတွေကို ဘယ်လိုလိုက်နာရမယ်ဆိုတာသိပြီးဖြစ်လို့ ကျောင်းပြန်ဖွင့်တဲ့အပေါ် စိုးရိမ်စိတ်မရှိကြပါဘူး ။

ဒါပေမဲ့ သူတို့အားလုံးအတွက် အသစ်အဆန်းနဲ့ စိုးရိမ်စိတ်ဖြစ်နေတာတခုကတော့ အခုမှ စသင်ယူရမဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ရဲ့ အတွေးအခေါ် ဆိုတဲ့ ဘာသာရပ် အသစ်ဖြစ်ပါတယ်။မူလတန်းကနေ တက္က သိုလ်အထိ မသင်မနေရသင်ကြားရမဲ့ ဘာသာရပ်တခုပါ။တရုတ်ရဲ့ကြန်အင်လက္ခဏာတွေနဲ့ကိုက်ညီတဲ့ ဆိုရှ ယ်လစ်အတွေးအခေါ်တွေနဲ့ပတ်သက်လိူ့ သမ္မတရှီရဲ့ ဟောပြောချက်တွေကိူ စုစည်းထားတဲ့ ဘာသာရပ်ဖြစ်ပါတယ်။

မူလတန်း ကနေ တက္ကသိုလ်အဆင့်အလိုက် အဆင့်တွေခွဲပြီး သင်ကြားရမှာပါ။ မူလတန်းအဆင့် ရှီရဲ့ အတွေး အခေါ်များ ပြဌာန်းစာအုပ်မှာ ” ဆရာ ဆရာမတွေဟာ ပါတီ နိုင်ငံနဲ့ ဆိုရှယ်လစ်အတွေးအခေါ်ကို ချစ်မြတ်နိုးတဲ့ မျိုးစေ့လေးတွေကို ပိုပြီးရှင်သန်ဖွံဖြိုးနေအောင် ပြုစုပျိုးထောင်ပေးရမည် ” လို့ အမှာစာရေးထားပါတယ်။

မူလတန်းနဲ့အလယ် တန်းပြဌာန်းချက်မှာ ပြုံးရီနေတဲ့ ရှီ ရဲ့ ဓါတ်ပုံတွေနဲ့အတူတရုတ်ကွန်မြူနစ်ပါတီရဲ့ အောင်မြင်မှုတွေ ကိုဗစ်ရောဂါကို အောင်မြင်အောင်နှိမ်နှင်းနိုင်ခဲ့တဲ့ ရှီ ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီရဲ့ အခန်းကန်ဒတွေကို ဖေါ်ပြထားပါတယ်။အခန်းတိုင်းမှာ သမ္မတရှီရဲ့ ပုံတွေ မိန့်ကြားချက်တွေ မိန့်ခွန်းတွေနဲ့ ဝေဝေဆာဆာ ဖေါ်ပြထားတာပါ။ ” ဖိုးဖိုး ရှီဟာ တိုင်းပြည်အတွက် အမြဲအလုပ် ကြိုးစားနေသူဖြစ်လို့ အားလပ်ချိန်မရှိပေမဲ့ မင်းတို့ ငါတို့ရဲ့ဖွံဖြိုးတိုးတက်မှုတွေကို အမြဲတွေးတောကြံ ဆနေသူလို့” လည်း ဖေါ်ပြထားပါတယ်။…

ခလေးတွေကို အခုလို အတင်းအဓမ္မရိုက်သွင်းသင်ကြားမှုအပေါ် လက်မခံတဲ့ မိဘတွေကလည်း အများကြီးပါ။ တရုတ်ရဲ့ FB လို့လူသိများတဲ့ Weibo လူမှုကွန်ယက်ပေါ်မှာ ဆိုရင် ” ဦးနှောက်ဆေးပွဲကြီး စပြီ” ” မသင်ပဲနေလို့မရဘူးလားး ” လိူ့ တောင် လှောင်ပြောင်ရေးသားတာတွေပြည့်နေပါတယ်။…

သမ္မတရှီဟာ သက်တမ်းအကန့်အသတ်မရှိ သမ္မတလုပ်နိုင်မဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၈ မှာ ရေးဆွဲအ တည်ပြုခဲ့ပြီး (၃) နှစ်အကြာမှာ အခုလို သူ့ရဲ့အတွေး အခေါ် အယူအဆ အဆိုအမိန့်တွေကို ကျောင်းသုံးဘာသာရပ်အဖြစ် ရိုက်သွင်းလာတာဖြစ်ပါတယ်။သူဟာ တရုတ်ခေါင်းဆောင်ကြီး မော်စီတုံးလို မျိုးချစ် စိတ်ပြင်းပြတဲ့ခေါင်းဆောင်ကြီးအဖြစ် ပုံဖေါ်လာတယ် ဆိုကြပါတယ်။

အထက်တန်းအဆင့်ပြဌာန်းစာအုပ်တွေမှာဆိုရင် သမ္မတရှီရဲ့ ဦးဆောင်မှုအောက်မှာ တရုတ်ရဲ့ အာကာသစခန်းစီမံကိန်းတွေအကောင်အထည်ဖေါ်နိုင်တာတွေနဲ့ ခေါတ်မှီ ကမ္ဘာ့ အင်အားကြီး ဆိုရှယ်လစ်နိုင်ငံဖြစ်လာတွေကို ဖေါ်ပြထားပါတယ်။မော်စီတုံးထက်တောင်ပိုမိုကြီးကျယ်မြင့်မြတ်တဲ့ခေါင်းဆောင်အဖြစ် ပုံဖေါ်ထားတယ်ဆိုပါတယ်။ မူလတန်းကနေ တက္ကသိုလ်အဆင့်ထိ လူငယ်တွေအားလုံးက ရှီ ကို ပုဂိုလ်ရေးအရကိုးကွယ်ယုံကြည်လာဖို့ ကျိုးစားတာလို့ မိဘတချို့က လူမှုကွန်ယက်မှာ ဝေဖန်ကြပါတယ်။

တချိန်ထဲမှာပဲ ရှီနဲ့ သူ့အစိုးရဟာ တရုတ်လူငယ်တွေ အင်တာနက်သုံးစွဲချိန် ဂိမ်းကစားချိန်တွေကို ကန့်သတ်တားမြစ်တာတွေလုပ်သလို ထင်ရှားကျော်ကြားတဲ့အနုပညာသည်တွေကို ပုဒ်မအမျိုးမျိုူ စွဲချက်အမျိုးမျိုူးနဲ့ ပိတ်ပင်တာ တရားစွဲတာတွေလည်း တိုးလုပ်လာနေပါတယ်။ သူတို့လေးစားတဲ့အနုပညာသည်တွေကို လုပ်ရမလားဆိုပြီး တရုတ်အစိုးရကို လူမှုကွန်ယက်မှာ ဝေဖန်တိုက်ခိုက်မှုတွေကလည်းပြင်းထန်လာနေချိန်ဖြစ်ပါတယ်။

မျိုးချစ်စိတ်ပြင်းပြတယ်ပြောပြီး ဗုဒ္ဓရုပ်ပွါးတော်တွေဖျက်ဆီးခဲ့တဲ့ တာလီဘန်တွေနဲ့ လုံးထွေးနေတာကိုလည်း အသက်ကြီးပိုင်း တရုတ်အများစုက အမြင်မရှင်းချိန်ပါ။တရုတ်လူငယ် GZ တွေကလည်း အင်တာနက်ကန့်သတ်တာနဲ့ အနုပညာသည်တွေအပေါ်ဖိနှိပ်တာတွေကို လက်မခံကြပါဘူး။တရုတ်ချင်းအတူတူ တိုင်ဝမ်နဲ့ဟောင်ကောင်က တရုတ်တွေကို ခြိမ်းခြောက်ဖိနှိပ်နေတာကိုလည်း တရုတ် GZ တွေက သဘောမကျပါဘူး။

အဲဒီလို ဟိုတစ ဒီတစ အစာမကျေ ဖြစ်နေတဲ့ အခြေ အနေမှာ ရှီ ရဲ့ အတွေးအခေါ်တွေကို ကျောင်းသုံးဘာသာရပ်အဖြစ်ပြဌာန်းလိုက်တာဟာ မီးတောက်ကြီးတခုထလောင်နိုင်တဲ့ အနေအထားကို ရောက်သွားနိုင်တယ်ဆိုကြပါတယ်။သမ္မတ ရှီ ရဲ့ ခေါတ်သစ်ဆိုရှယ် လစ်အတွေးအခေါ် ဝါဒမှိုင်း ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀) လောက်ကဆိုရင် အောင်မြင်ကောင်းအောင်မြင်နိုင်ပေမဲ့ အိပ်ရာထရင် အင်တာနက်နဲ့ မျက်နှာသစ်နေတဲ့ ဒီကနေ့ တရုတ် GZ သန်းပေါင်းများစွာကြားမှာတော့ အောင်မြင်မှုမရနိုင်သလို အခန့်မသင့်ရင် ကိုယ့်မှိုင်းနဲ့ကိုယ် လောင်ကျွမ်းပျက်စီးသွားနိုင်ပါတယ်။
BNN
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
ကိုဗစ္နဲ႔ ရွီ အေတြးအေခၚၾကားက တ႐ုတ္ရဲ့အနာဂါတ္

ကိုဗစ္နဲ႔ ပိတ္ထားရတဲ့ စာသင္ေက်ာင္းေတြကို တ႐ုတ္နိုင္ငံမွာ မေန႔ စက္တင္ဘာလ (၁) ရက္ေန႔မွာ ျပန္လည္ဖြင့္လွစ္လိုက္ပါၿပီ။ကိုဗစ္စတင္ခဲ့တဲ့ နိုင္ငံျဖစ္လို႔ ဆရာ မိဘ ေက်ာင္းသူေက်ာင္းသားအားလုံးက ကိုဗစ္စည္း မ်ဥ္းစည္းကမ္းေတြကို ဘယ္လိုလိုက္နာရမယ္ဆိုတာသိၿပီးျဖစ္လို႔ ေက်ာင္းျပန္ဖြင့္တဲ့အေပၚ စိုးရိမ္စိတ္မရွိၾကပါဘူး ။

ဒါေပမဲ့ သူတို႔အားလုံးအတြက္ အသစ္အဆန္းနဲ႔ စိုးရိမ္စိတ္ျဖစ္ေနတာတခုကေတာ့ အခုမွ စသင္ယူရမဲ့ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ရဲ့ အေတြးအေခၚ ဆိုတဲ့ ဘာသာရပ္ အသစ္ျဖစ္ပါတယ္။မူလတန္းကေန တကၠ သိုလ္အထိ မသင္မေနရသင္ၾကားရမဲ့ ဘာသာရပ္တခုပါ။တ႐ုတ္ရဲ့ၾကန္အင္လကၡဏာေတြနဲ႔ကိုက္ညီတဲ့ ဆိုရွ ယ္လစ္အေတြးအေခၚေတြနဲ႔ပတ္သက္လိူ႔ သမၼတရွီရဲ့ ေဟာေျပာခ်က္ေတြကိူ စုစည္းထားတဲ့ ဘာသာရပ္ျဖစ္ပါတယ္။

မူလတန္း ကေန တကၠသိုလ္အဆင့္အလိုက္ အဆင့္ေတြခြဲၿပီး သင္ၾကားရမွာပါ။ မူလတန္းအဆင့္ ရွီရဲ့ အေတြး အေခၚမ်ား ျပဌာန္းစာအုပ္မွာ ” ဆရာ ဆရာမေတြဟာ ပါတီ နိုင္ငံနဲ႔ ဆိုရွယ္လစ္အေတြးအေခၚကို ခ်စ္ျမတ္နိုးတဲ့ မ်ိဳးေစ့ေလးေတြကို ပိုၿပီးရွင္သန္ဖြံၿဖိဳးေနေအာင္ ျပဳစုပ်ိဳးေထာင္ေပးရမည္ ” လို႔ အမွာစာေရးထားပါတယ္။

မူလတန္းနဲ႔အလယ္ တန္းျပဌာန္းခ်က္မွာ ျပဳံးရီေနတဲ့ ရွီ ရဲ့ ဓါတ္ပုံေတြနဲ႔အတူတ႐ုတ္ကြန္ျမဴနစ္ပါတီရဲ့ ေအာင္ျမင္မႈေတြ ကိုဗစ္ေရာဂါကို ေအာင္ျမင္ေအာင္ႏွိမ္ႏွင္းနိုင္ခဲ့တဲ့ ရွီ ဦးေဆာင္တဲ့ ကြန္ျမဴနစ္ပါတီရဲ့ အခန္းကန္ဒေတြကို ေဖၚျပထားပါတယ္။အခန္းတိုင္းမွာ သမၼတရွီရဲ့ ပုံေတြ မိန႔္ၾကားခ်က္ေတြ မိန႔္ခြန္းေတြနဲ႔ ေဝေဝဆာဆာ ေဖၚျပထားတာပါ။ ” ဖိုးဖိုး ရွီဟာ တိုင္းျပည္အတြက္ အျမဲအလုပ္ ႀကိဳးစားေနသူျဖစ္လို႔ အားလပ္ခ်ိန္မရွိေပမဲ့ မင္းတို႔ ငါတို႔ရဲ့ဖြံၿဖိဳးတိုးတက္မႈေတြကို အျမဲေတြးေတာႀကံ ဆေနသူလို႔” လည္း ေဖၚျပထားပါတယ္။…

ခေလးေတြကို အခုလို အတင္းအဓမၼရိုက္သြင္းသင္ၾကားမႈအေပၚ လက္မခံတဲ့ မိဘေတြကလည္း အမ်ားႀကီးပါ။ တ႐ုတ္ရဲ့ FB လို႔လူသိမ်ားတဲ့ Weibo လူမႈကြန္ယက္ေပၚမွာ ဆိုရင္ ” ဦးေႏွာက္ေဆးပြဲႀကီး စၿပီ” ” မသင္ပဲေနလို႔မရဘူးလားး ” လိူ႔ ေတာင္ ေလွာင္ေျပာင္ေရးသားတာေတြျပည့္ေနပါတယ္။…

သမၼတရွီဟာ သက္တမ္းအကန႔္အသတ္မရွိ သမၼတလုပ္နိုင္မဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ၂၀၁၈ မွာ ေရးဆြဲအ တည္ျပဳခဲ့ၿပီး (၃) ႏွစ္အၾကာမွာ အခုလို သူ႔ရဲ့အေတြး အေခၚ အယူအဆ အဆိုအမိန႔္ေတြကို ေက်ာင္းသုံးဘာသာရပ္အျဖစ္ ရိုက္သြင္းလာတာျဖစ္ပါတယ္။သူဟာ တ႐ုတ္ေခါင္းေဆာင္ႀကီး ေမာ္စီတုံးလို မ်ိဳးခ်စ္ စိတ္ျပင္းျပတဲ့ေခါင္းေဆာင္ႀကီးအျဖစ္ ပုံေဖၚလာတယ္ ဆိုၾကပါတယ္။

အထက္တန္းအဆင့္ျပဌာန္းစာအုပ္ေတြမွာဆိုရင္ သမၼတရွီရဲ့ ဦးေဆာင္မႈေအာက္မွာ တ႐ုတ္ရဲ့ အာကာသစခန္းစီမံကိန္းေတြအေကာင္အထည္ေဖၚနိုင္တာေတြနဲ႔ ေခါတ္မွီ ကမၻာ့ အင္အားႀကီး ဆိုရွယ္လစ္နိုင္ငံျဖစ္လာေတြကို ေဖၚျပထားပါတယ္။ေမာ္စီတုံးထက္ေတာင္ပိုမိုႀကီးက်ယ္ျမင့္ျမတ္တဲ့ေခါင္းေဆာင္အျဖစ္ ပုံေဖၚထားတယ္ဆိုပါတယ္။ မူလတန္းကေန တကၠသိုလ္အဆင့္ထိ လူငယ္ေတြအားလုံးက ရွီ ကို ပုဂိုလ္ေရးအရကိုးကြယ္ယုံၾကည္လာဖို႔ က်ိဳးစားတာလို႔ မိဘတခ်ိဳ႕က လူမႈကြန္ယက္မွာ ေဝဖန္ၾကပါတယ္။

တခ်ိန္ထဲမွာပဲ ရွီနဲ႔ သူ႔အစိုးရဟာ တ႐ုတ္လူငယ္ေတြ အင္တာနက္သုံးစြဲခ်ိန္ ဂိမ္းကစားခ်ိန္ေတြကို ကန႔္သတ္တားျမစ္တာေတြလုပ္သလို ထင္ရွားေက်ာ္ၾကားတဲ့အႏုပညာသည္ေတြကို ပုဒ္မအမ်ိဳးမ်ိဳူ စြဲခ်က္အမ်ိဳးမ်ိဳူးနဲ႔ ပိတ္ပင္တာ တရားစြဲတာေတြလည္း တိုးလုပ္လာေနပါတယ္။ သူတို႔ေလးစားတဲ့အႏုပညာသည္ေတြကို လုပ္ရမလားဆိုၿပီး တ႐ုတ္အစိုးရကို လူမႈကြန္ယက္မွာ ေဝဖန္တိုက္ခိုက္မႈေတြကလည္းျပင္းထန္လာေနခ်ိန္ျဖစ္ပါတယ္။

မ်ိဳးခ်စ္စိတ္ျပင္းျပတယ္ေျပာၿပီး ဗုဒၶ႐ုပ္ပြါးေတာ္ေတြဖ်က္ဆီးခဲ့တဲ့ တာလီဘန္ေတြနဲ႔ လုံးေထြးေနတာကိုလည္း အသက္ႀကီးပိုင္း တ႐ုတ္အမ်ားစုက အျမင္မရွင္းခ်ိန္ပါ။တ႐ုတ္လူငယ္ GZ ေတြကလည္း အင္တာနက္ကန႔္သတ္တာနဲ႔ အႏုပညာသည္ေတြအေပၚဖိႏွိပ္တာေတြကို လက္မခံၾကပါဘူး။တ႐ုတ္ခ်င္းအတူတူ တိုင္ဝမ္နဲ႔ေဟာင္ေကာင္က တ႐ုတ္ေတြကို ၿခိမ္းေျခာက္ဖိႏွိပ္ေနတာကိုလည္း တ႐ုတ္ GZ ေတြက သေဘာမက်ပါဘူး။

အဲဒီလို ဟိုတစ ဒီတစ အစာမေက် ျဖစ္ေနတဲ့ အေၿခ အေနမွာ ရွီ ရဲ့ အေတြးအေခၚေတြကို ေက်ာင္းသုံးဘာသာရပ္အျဖစ္ျပဌာန္းလိုက္တာဟာ မီးေတာက္ႀကီးတခုထေလာင္နိုင္တဲ့ အေနအထားကို ေရာက္သြားနိုင္တယ္ဆိုၾကပါတယ္။သမၼတ ရွီ ရဲ့ ေခါတ္သစ္ဆိုရွယ္ လစ္အေတြးအေခၚ ဝါဒမွိုင္း ဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း (၄၀) ေလာက္ကဆိုရင္ ေအာင္ျမင္ေကာင္းေအာင္ျမင္နိုင္ေပမဲ့ အိပ္ရာထရင္ အင္တာနက္နဲ႔ မ်က္ႏွာသစ္ေနတဲ့ ဒီကေန႔ တ႐ုတ္ GZ သန္းေပါင္းမ်ားစြာၾကားမွာေတာ့ ေအာင္ျမင္မႈမရနိုင္သလို အခန႔္မသင့္ရင္ ကိုယ့္မွိုင္းနဲ႔ကိုယ္ ေလာင္ကၽြမ္းပ်က္စီးသြားနိုင္ပါတယ္။
BNN
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။