ကားမှတ်တိုင်တွေမှာ လုပ်စားနေတဲ့ အဖွဲ့၊ ယောင်လို့တောင် သွားမကြည့်မိစေနဲ့၊ တွေ့ရင် ဝေးဝေးသာရှောင်ပါ

ကားမှတ်တိုင်တွေမှာ လုပ်စားနေတဲ့ အဖွဲ့၊ ယောင်လို့တောင် သွားမကြည့်မိစေနဲ့၊ တွေ့ရင် ဝေးဝေးသာရှောင်ပါ

ကားမှတ်တိုင်တွေမှာ လုပ်စားနေတဲ့ အဖွဲ့၊ ယောင်လို့တောင် သွားမကြည့်မိစေနဲ့၊ တွေ့ရင် ဝေးဝေးသာရှောင်ပါ..

စံပြစျေး တံတားဖြူ မှတ်တိုင်မှာ ဒီကနေ့ ကားပေါ်က ဆင်းဆင်းခြင်း တွေ့လိုက်ရတာကတော့ ပုံပါအတိုင်းပါဘဲ။ YBS Group နဲ့ Public Post တွေရဲ့ ကျေးဇူးကြောင့် ဘာမှန်း တန်းသိသွားပြီး နဲနဲတော့ လန့်သွားတယ်။ အဲ့တာနဲ့ သူတို့နဲ့ ခပ်ဝေးဝေးမှာ ကားစောင့်နေတာ။

ကိုယ် ကားပေါ်က ဆင်းခါစ က အဲ့အဖွဲ့ထဲမှာ အမျိုးသမီး တဦးလဲ ပါတယ်။ အသားဖြူဖြူ အသက် ၄၀ ဝန်းကျင် လောက်ရှိမယ်။ သူက ၈၁ ကားပေါ် တတ်သွားတာ။ သူထွက်သွားမှ သူတို့ဝိုင်းကို သိမ်းလိုက်တယ်.. ပြီးတော့ ကိုယ်နဲ့ မလှမ်းမကမ်းမှာ ဝိုင်းထပ်ဖွဲ့တယ်။ အဲ့မှာ သူ့လူ တယောက်နဲ့ ထိုးဟန်ဆောင်နေတုန်း ပုံထဲက အစိမ်းပုပ်ရောင် အမှိုင်း ဝတ်ထားတဲ့ ဘဲက ကို့အနားလာပြီး မကြားတကြား “နိုင်နေတာကို ဆက်ဆော့တာ ခုတော့ သနားပါတယ်” တဲ့..

ကိုယ်လဲ သူကိုရှောင်ပြီး ထွက်လိုက်တယ် ၅ ပေ အကွာလောက်ကို။ အနောက်မှာ ထိုးနေတာကလဲ ဒိုင်နဲ့ သူလူတကောင်ဘဲ ရှိတာ အဲ့အချိန် ပုံထဲမှာ မျက်နှာမပါတဲ့ ဘဲ အင်္ကျီ အဖြူ ပုဆိုး အပြာနဲ့ လက်နောက်ပစ်ထားပြီး လူရည်သန့်လို ဘာလိုနဲ့ လုံးဝ လူလိမ်ကလိမ်ကကျစ် ဘဲက “အနီကိုထိုးလေ သူပြောင်လိုက်တာ မမြင်ဘူးလား အ,လိုက်တာ” ဆိုပြီး အားမလို အားမရ ဖြစ်နေတဲ့ ပုံ လုပ်ပြနေရော။

လူပုံကြည့်ပြီးထဲက ကိုယ်က ​ရှောင်နေတာ သူတို့ အဲ့လို ဆွယ်တာနော်.. ကိုယ်လဲ ကြောက်လာတာနဲ့ ထပ်ဝေးဝေးသွားလိုက်တယ် ။ လက်ထဲမှာတော့ ဖုန်းကို ကျစ်နေအောင်ကိုင်ထားတာ ။ ဖုန်း Camera ကိုလဲ အဆင်သင့် ဖွင့်ထားထာ ဒီလို ​​ကောင်တွေရုပ်ကို မြင်ကြရအောင်။ ပုံတွေကတော့ ခိုးရိုက်ရတာမို့ သိပ်အဆင်မပြေသလို ဖြစ်သွားတယ် ။

ဖုန်း Camera ဖွင့်ပြီ ဒူးတွေတုန်နေတာ ကိုယ့်ဖုန်းကို လာလုမှာ စိုးလို့.. လာလုရင်တော့ သူသေ ကိုယ်သေဘဲ.. အဲ့မှာ ထမင်းချိုင့်နဲ့ ကောင်က ဝင်ထိုးနေတာ ကိုယ့်ဘာသာတောင် လန့်နေတာ သူ့ကိုဝင်မပြောရဲခဲ့ဘူး ။ သူ့လူလား ဘာလားလဲ မသေချာဘူးလေ။ သူတို့ပေးတဲ့ ပိုက်ဆံ ယူပြေးမယ် ဘာညာတော့ မစဥ်းစားနဲ့ ဗျို့။ သူတို့က လျော်ပေမယ့် လက်ထဲ ထည့်တာ မဟုတ်ဘူး သူ့ဘာသာ ကိုင်ထားတာ ။ အကယ်လို့ တွေ့ဖြစ်ရင် ချေးပုံ ​ရှောင်သလိုသာ ​ရှောင်ကြ။

ကားပေါ် တတ်ပြီး နေရာ မရသေးတော့ မတ်တပ်တောင် ကောင်းကောင်း မရပ်နိုင်ဘူး ကိုယ်တွေမှာ။ မိန်းကလေး တချို့ကို ကိုယ်ချင်းတကယ် စာတယ် ။ အပေါ်ပုံထဲက ထိုင်နေတဲ့ ၃ ကောင်နဲ့ မတ်တပ် ရပ်နေတဲ့ အဖြူရယ် အစိမ်းပုပ်ရောင် ရယ်က သူတို့ လူတွေလို့ ယူဆရပါတယ်။ အားလုံးဘဲ သတိထားကြပါ ခင်ဗျာ..။ (Zaw Min Tun)

The post ကားမှတ်တိုင်တွေမှာ လုပ်စားနေတဲ့ အဖွဲ့၊ ယောင်လို့တောင် သွားမကြည့်မိစေနဲ့၊ တွေ့ရင် ဝေးဝေးသာရှောင်ပါ appeared first on White Sone.

Crd