(21.12.2022) YBS 2 ပေါ်ဖြစ်ခဲ့တဲ့ကိစ္စလေးပါ.. စာလေးကိုသေချာဖတ်ပေးဖို့ တောင်းဆိုပါတယ်ဗျ.. ဒီမနက်ရုံးသွားဖို့ YBS 2 ကားစီးပါတယ် ၇ နာရီ ၅၀ မိနစ်လောက်ကပါ.. မြောက်ဒဂုံ ဗထူးစျေးမှတ်တိုင်မှာ ဆင်းခါနီးအပေါက်ဝမို့ အိတ်ကိုအရှေ့က လွယ်ပါတယ်.. လူ ၄ , ၅ ယောက်လောက်က ကျတော့ကိုဝိုင်းထားပြီး ခါးပိုက်စနှိုက်ပါတယ်။
အမြဲသတိရှိတဲ့သူမို့ ဖုန်းထည့်ထားတဲ့ အိတ်ကိုစမ်းကြည့်တော့ အိတ်က ဇစ်ပွင့်နေပြီး ဖုန်းက တဝက်ထွက်နေပါပြီ။ မှတ်တိုင်ရောက်တော့ ကားပေါ်က ဆင်းဆင်းချင်း သူတို့ပါ လိုက်မဆင်းတာနဲ့ ကျတော့်လို အခြေခံလူတန်းစားတွေပဲမို့ ကိုယ်ချင်းစာစိတ်နဲ့ ကားပေါ်က ခရီးသည်တွေ သတိထားရအောင် ကျတော့်ကို ခါးပိုက်နှိုက်တွေရန်ရှာမှာ သိသိကြီးနဲ့ ခရီးသည်တွေကြားရအောင် ကားပေါ်မှာ ခါးပိုက်နှိုက်ပါတယ်ဆိုပြီး ၃ ကြိမ် ၄ ကြိမ် ထက်မနည်း အသံအကျယ်ကြီးနဲ့အော်ခဲ့တာတောင် သူတို့နဲ့မဆိုင်သလိုပါပဲ..
အဲ့မှာစတာပဲ ကျတော့်ကို အော်ရမလားဆိုပြီး အဲ့ခါးပိုက်နှိုက်တွေပါ ကားပေါ်က လိုက်ဆင်းပြီးကျတော့် နောက်ကို လူ ၄ , ၅ ယောက်လောက် “ဟျောင့်နေအုံးညီလေး နေအုံး” ဆိုပြီးလိုက်လာပါတယ်။ ပထမတော့ လမ်းသွားလမ်း လာတွေ ဆိုက်ကားဂိတ်ကလူတွေကို အကူအညီတောင်းမို့ပါပဲ ကားပေါ်က ခရီးသည်တွေ သူတို့နဲ့မဆိုင်သလိုပဲနေနေတဲ့ ပုံတွေကိုတွေးပြီး ဘယ်သူ့ကိုမှအကူအညီမတောင်းပဲ အမြန်ပြေးခဲ့ရပါတယ်။
နောက်နေ့ ဒီကောင်တွေထက်ရန်ရှာမှာ စိုးရိမ်နေရပါတယ်ဗျာ။ ဖြစ်လာရင် ဘယ်သူကမှမကူညီကြပါဘူး ကိုယ်တိုင်ပဲ ဂရုစိုက်ကြပါ။ သင်ခန်းစာလည်းရပါတယ်။ ဘယ်သူ့ကိုမှလည်း သတိပေး မကူညီချင်တော့ပါဘူး။
ပုံကတော့ ကျတော့်ကိုနှိုက်တဲ့အချိန် သိလိုက်ရတဲ့မြင်ကွင်းကို အတိအကျပြန်ရိုက်ပြပေးထားပါတယ်။
1
Crd
Post Views:
9