■ကားတွေကိုတောင် အရည်ဖျော်ချနိုင်ခဲ့သော လန်ဒန်မှကုန်သွယ်ရေးအဆောက်အဦးတစ်ခု

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ကားတွေကိုတောင် အရည်ဖျော်ချနိုင်ခဲ့သော လန်ဒန်မှကုန်သွယ်ရေးအဆောက်အဦးတစ်ခု

အရည်ပျော်တဲ့ကားတွေကို လန်ဒန်မှာလည်းတွေ့မြင်နိုင်ပါတယ်။ ဒါဟာမီးလောင်လို့တော့မဟုတ်ပါဘူး။ ဒါဟာ ဗိသုကာပညာရှင်အချို့ရဲ့ မှားယွင်းတွက်ချက်မှုတွေကြောင့်ပါ။၂၀၁၃ ခုနှစ်မှာဆိုရင် ဗြိတိန်မြို့တော်မှာ နေရာအသစ်တစ်ခုပေါ်လာပါတယ်။ ဒါဟာ ၃၇ ထပ်ရှိပြီး မှန်အပြည့်ပါတဲ့ ကုန်သွယ်ရေးအဆောက်အဦးတစ်ခုပဲပါ။

တကယ်လို့ နေကကောင်းကင်ပေါ်မှာနေရာတစ်ခုကိုရောက်လာရင် အဆောက်အအုံက နေရောင်ခြည်အားလုံးကို စုပြီး အလင်းပြန်ကာ မြေပြင်ပေါ်က နေရာတစ်ခုကိုအလင်းစုပြီး ကျပါတယ်။ တကယ်လို့ အဆောက်အအုံက လူသူခြောက်ကပ်နေတဲ့လမ်းပေါ်ရောက်နေရင်တော့အဆင်ပြေပါတယ်။ ဒါပေမယ့် ပြဿနာက မြို့ရဲ့ လူနေအထူထပ်ဆုံးနေရာမှာ ရှိနေတာကြောင့်နေတိုင်းလိုလို ရာချီတဲ့ လူတွေက နေ့လည်စာစားချိန်မှာ ခဏတာ မီးဖိုထဲကို ဝင်ခိုင်းရသလိုပါပဲ။

စဥ်းစားကြည့်ရသလောက်တော့ အဲ့မှာရှိတဲ့အပူချိန်က ၇၀ ဒီဂရီလောက်တက်နိုင်ပါတယ်။ ဒါဆိုရင် ဒီဖြစ်ရပ်ကို ဘယ်လို ရှင်းပြကြမလဲ။ နောက်ဆုံးမှာတော့ ကမ္ဘာပေါ်မှာ မှန်ဖြင့်ဆောက်ထားတဲ့မိုးမျှော်အဆောက်အဦးတွေအများကြီးရှိပေမယ့် သူတို့ကတော့ ဒီလိုပြဿနာမျိုးမရှိကြပါဘူး။ ဒီလန်ဒန်မိုးမျှော်အဆောက်အဦးကတော့ စကားပြောစက်လိုမျိုး မူမမှန်ဘဲ ကွေးနေတဲ့ပုံဖြစ်နေတာပဲဖြစ်ပါတယ်။

ဒီမိုးမျှော်တိုက်ကြီးကို အဲ့အချက်ကြောင့်ပဲ နာမည်ပေးခဲ့ကြတာပါ။ လမ်းရဲ့ ၃၀ မီတာအကွာအဝေးမှာရှိတဲ့ အလင်းတန်းကျရောက်ရာနေရာမှာဆိုရင် စိတ်ဝင်စားစရာကောင်းတဲ့အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ ဥပမာ အိုဗင်ဆိုင်အပြင်ဘက်မှာ ရပ်ထားတဲ့ ဂျာဂွာ ကားဆိုရင် အရည်ပျော်ကျသွားခဲ့ပါတယ်။ကော်ဖီဆိုင်နှင့်ဆိုင်ပိုင်ရှင်တွေကတော့ ဒီလိုထိခိုက်ပျက်စီးမှုတွေ အဆင်မပြေမှုတွေကို ခဏခဏ ပြောကြပီး လမ်းလျှောက်သွားတဲ့သူတစ်ယောက်ဆိုရင် လမ်းဘေးမှာ ကြက်ဥတောင်ကြော်ပြခဲ့ပါသေးတယ်။

ကံကောင်းစွာဖြင့်ဘဲ ဒီပြဿနာကိုဖြေရှင်းနိုင်ခဲ့ပါတယ်။ အထူးပြုလုပ်ထားတဲ့ အလင်းစုပ်အရာကို အဆောက်အဦးရဲ့ပြတင်းပေါက်တွေမှာ တပ်ဆင်ထားပြီး ဒါဟာ အလင်းပြန်တဲ့နေရောင်ခြည်ပမာဏကိုသိသိသာသာလျှော့ချပေးပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ကားေတြကိုေတာင္ အရည္ေဖ်ာ္ခ်နိုင္ခဲ့ေသာ လန္ဒန္မွကုန္သြယ္ေရးအေဆာက္အဦးတစ္ခု

အရည္ေပ်ာ္တဲ့ကားေတြကို လန္ဒန္မွာလည္းေတြ႕ျမင္နိုင္ပါတယ္။ ဒါဟာမီးေလာင္လို႔ေတာ့မဟုတ္ပါဘူး။ ဒါဟာ ဗိသုကာပညာရွင္အခ်ိဳ႕ရဲ့ မွားယြင္းတြက္ခ်က္မႈေတြေၾကာင့္ပါ။၂၀၁၃ ခုႏွစ္မွာဆိုရင္ ၿဗိတိန္ၿမိဳ႕ေတာ္မွာ ေနရာအသစ္တစ္ခုေပၚလာပါတယ္။ ဒါဟာ ၃၇ ထပ္ရွိၿပီး မွန္အျပည့္ပါတဲ့ ကုန္သြယ္ေရးအေဆာက္အဦးတစ္ခုပဲပါ။

တကယ္လို႔ ေနကေကာင္းကင္ေပၚမွာေနရာတစ္ခုကိုေရာက္လာရင္ အေဆာက္အအုံက ေနေရာင္ျခည္အားလုံးကို စုၿပီး အလင္းျပန္ကာ ေျမျပင္ေပၚက ေနရာတစ္ခုကိုအလင္းစုၿပီး က်ပါတယ္။ တကယ္လို႔ အေဆာက္အအုံက လူသူေျခာက္ကပ္ေနတဲ့လမ္းေပၚေရာက္ေနရင္ေတာ့အဆင္ေျပပါတယ္။ ဒါေပမယ့္ ျပႆနာက ၿမိဳ႕ရဲ့ လူေနအထူထပ္ဆုံးေနရာမွာ ရွိေနတာေၾကာင့္ေနတိုင္းလိုလို ရာခ်ီတဲ့ လူေတြက ေန႔လည္စာစားခ်ိန္မွာ ခဏတာ မီးဖိုထဲကို ဝင္ခိုင္းရသလိုပါပဲ။

စဥ္းစားၾကည့္ရသေလာက္ေတာ့ အဲ့မွာရွိတဲ့အပူခ်ိန္က ၇၀ ဒီဂရီေလာက္တက္နိုင္ပါတယ္။ ဒါဆိုရင္ ဒီျဖစ္ရပ္ကို ဘယ္လို ရွင္းျပၾကမလဲ။ ေနာက္ဆုံးမွာေတာ့ ကမၻာေပၚမွာ မွန္ျဖင့္ေဆာက္ထားတဲ့မိုးေမၽွာ္အေဆာက္အဦးေတြအမ်ားႀကီးရွိေပမယ့္ သူတို႔ကေတာ့ ဒီလိုျပႆနာမ်ိဳးမရွိၾကပါဘူး။ ဒီလန္ဒန္မိုးေမၽွာ္အေဆာက္အဦးကေတာ့ စကားေျပာစက္လိုမ်ိဳး မူမမွန္ဘဲ ေကြးေနတဲ့ပုံျဖစ္ေနတာပဲျဖစ္ပါတယ္။

ဒီမိုးေမၽွာ္တိုက္ႀကီးကို အဲ့အခ်က္ေၾကာင့္ပဲ နာမည္ေပးခဲ့ၾကတာပါ။ လမ္းရဲ့ ၃၀ မီတာအကြာအေဝးမွာရွိတဲ့ အလင္းတန္းက်ေရာက္ရာေနရာမွာဆိုရင္ စိတ္ဝင္စားစရာေကာင္းတဲ့အျဖစ္အပ်က္ေတြ ျဖစ္ပါတယ္။ ဥပမာ အိုဗင္ဆိုင္အျပင္ဘက္မွာ ရပ္ထားတဲ့ ဂ်ာဂြာ ကားဆိုရင္ အရည္ေပ်ာ္က်သြားခဲ့ပါတယ္။ေကာ္ဖီဆိုင္ႏွင့္ဆိုင္ပိုင္ရွင္ေတြကေတာ့ ဒီလိုထိခိုက္ပ်က္စီးမႈေတြ အဆင္မေျပမႈေတြကို ခဏခဏ ေျပာၾကပီး လမ္းေလၽွာက္သြားတဲ့သူတစ္ေယာက္ဆိုရင္ လမ္းေဘးမွာ ၾကက္ဥေတာင္ေၾကာ္ျပခဲ့ပါေသးတယ္။

ကံေကာင္းစြာျဖင့္ဘဲ ဒီျပႆနာကိုေျဖရွင္းနိုင္ခဲ့ပါတယ္။ အထူးျပဳလုပ္ထားတဲ့ အလင္းစုပ္အရာကို အေဆာက္အဦးရဲ့ျပတင္းေပါက္ေတြမွာ တပ္ဆင္ထားၿပီး ဒါဟာ အလင္းျပန္တဲ့ေနေရာင္ျခည္ပမာဏကိုသိသိသာသာေလၽွာ့ခ်ေပးပါတယ္။
Ref:youtube
Trans:thegeektext