ကားတစ်စီးလုံး ပြောင်းပြန်လှန်ကာ မှောက်သွားပေမယ့် ထိခိုက်ဒဏ်ရာမရရှိသည့်အပြင် ကားမှောက်အမှတ်တရပုံပါ ရိုက်နိုင်ခဲ့သော လူငယ်လေး

ကားတစ်စီးလုံး ပြောင်းပြန်လှန်ကာ မှောက်သွားပေမယ့် ထိခိုက်ဒဏ်ရာမရရှိသည့်အပြင် ကားမှောက်အမှတ်တရပုံပါ ရိုက်နိုင်ခဲ့သော လူငယ်လေး

မတော်တဆဆိုတာ လူတိုင်းနီးပါး ကြုံတွေ့ဖူးကြပြီး ဖြစ်လိုက်တဲ့အချိန်မှာ စိုးရိမ်ထိတ်လန့်မှုတွေ ထိခိုက်ဒဏ်ရာတွေ အနည်းငယ်ရရှိတတ်ကြကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်ကြရသည်။

သို့ပေမယ့် မလေးရှားနိုင်ငံမှ လူငယ်လေးတစ်ဦးသည် တက္ကသိုလ်အနီးနားရှိလမ်းမအကွေ့မှာ အရှိန်မထိန်းနိုင်ပဲ ကားတစ်စီးလုံး ပြောင်းပြန်လှန်ပြီးတော့ ရှေ့ခန်းမှန်များကွဲကြေကာ စုတ်ပျက်သတ်သွားခဲ့သည်။

လူငယ်လေးသည် ကားမှောက်မှုမှာ ကားသာပျက်စီးသွားပြီး လူကတော့ ကံကောင်းစွာပဲ ထိခိုက်ဒဏ်ရာနည်းနည်းလေးမှမရရှိခဲ့၍ အေးဆေးတည်ငြိမ်စွာနဲ့ ကားထဲကထွက်လာနိုင်ပြီး အမှတ်တရဓာတ်ပုံလေးပါ တွဲရိုက်နိုင်ခဲ့ခြင်းတို့ကြောင့် အံ့အားသင့်စရာကောင်းသည်။

လူငယ်လေးသည် ကားမှောက်ခဲ့ပေမယ့် လူကိုမထိခိုက်ခဲ့တာကြောင့် အဆိုးထဲကအကောင်းဆိုပြီးတွေးမိကာ ဓာတ်ပုံရိုက်နိုင်ခဲ့ခြင်းဖြစ်၍ ထိုအဖြစ်အပျက်မှာ လူမှုကွန်ယက်တစ်ခုလုံး နာမည်ကြီးနေခဲ့သည်။

Rain (For Ialinks)

Zawgyi

ကားတစ္စီးလုံး ေျပာင္းျပန္လွန္ကာ ေမွာက္သြားေပမယ့္ ထိခိုက္ဒဏ္ရာမရရွိသည့္အျပင္ ကားေမွာက္အမွတ္တရပုံပါ ႐ိုက္ႏိုင္ခဲ့ေသာ လူငယ္ေလး

မေတာ္တဆဆိုတာ လူတိုင္းနီးပါး ႀကဳံေတြ႕ဖူးၾကၿပီး ျဖစ္လိုက္တဲ့အခ်ိန္မွာ စိုးရိမ္ထိတ္လန္႔မႈေတြ ထိခိုက္ဒဏ္ရာေတြ အနည္းငယ္ရရွိတတ္ၾကကာ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ၾကရသည္။

သို႔ေပမယ့္ မေလးရွားႏိုင္ငံမွ လူငယ္ေလးတစ္ဦးသည္ တကၠသိုလ္အနီးနားရွိလမ္းမအေကြ႕မွာ အရွိန္မထိန္းႏိုင္ပဲ ကားတစ္စီးလုံး ေျပာင္းျပန္လွန္ၿပီးေတာ့ ေရွ႕ခန္းမွန္မ်ားကြဲေၾကကာ စုတ္ပ်က္သတ္သြားခဲ့သည္။

လူငယ္ေလးသည္ ကားေမွာက္မႈမွာ ကားသာပ်က္စီးသြားၿပီး လူကေတာ့ ကံေကာင္းစြာပဲ ထိခိုက္ဒဏ္ရာနည္းနည္းေလးမွမရရွိခဲ့၍ ေအးေဆးတည္ၿငိမ္စြာနဲ႔ ကားထဲကထြက္လာႏိုင္ၿပီး အမွတ္တရဓာတ္ပုံေလးပါ တြဲ႐ိုက္ႏိုင္ခဲ့ျခင္းတို႔ေၾကာင့္ အံ့အားသင့္စရာေကာင္းသည္။

လူငယ္ေလးသည္ ကားေမွာက္ခဲ့ေပမယ့္ လူကိုမထိခိုက္ခဲ့တာေၾကာင့္ အဆိုးထဲကအေကာင္းဆိုၿပီးေတြးမိကာ ဓာတ္ပုံ႐ိုက္ႏိုင္ခဲ့ျခင္းျဖစ္၍ ထိုအျဖစ္အပ်က္မွာ လူမႈကြန္ယက္တစ္ခုလုံး နာမည္ႀကီးေနခဲ့သည္။

Rain (For Ialinks)

Crd