ကာစီနိုရုံတွင်၃ရက်တိတိအိမ်မပြန်ဘဲ ကစားခဲ့ရာမှ ပေါင်၃.၄သန်းအထိပိုက်ဆံရှုံးခဲ့လို့မကျေမနပ်ဖြစ်ကာ ကာစီနိုင်ပိုင်ရှင်ကိုရဲတိုင်ခဲ့သည့် အသက်၆၂နှစ်အရွယ်ဘီလီယံနာသူဋ္ဌေး

News Social News

ကာစီနိုရုံတွင်၃ရက်တိတိအိမ်မပြန်ဘဲ ကစားခဲ့ရာမှ ပေါင်၃.၄သန်းအထိပိုက်ဆံရှုံးခဲ့လို့မကျေမနပ်ဖြစ်ကာ ကာစီနိုင်ပိုင်ရှင်ကိုရဲတိုင်ခဲ့သည့် အသက်၆၂နှစ်အရွယ်ဘီလီယံနာသူဋ္ဌေး

လောကတွင်ဘဝအခြေအနေမျိုးစုံဖြင့် အသက်ရှင်သန်ရေးအတွက်ရုန်းကန်နေရသော်လည်း ဘီလီယံနာသူဋ္ဌေးများအတွက် ငွေကြေးတွေဟာ ရေလောက်ပင်မရှားပါးတော့ပေ။ယခုတွင်လည်း မလေးရှားနိုင်ငံမှအသက်၆၂နှစ်အရွယ် Ham Joeh Limဆိုသည့်ဘီလီယံနာသူဋ္ဌေးကြီးဟာ အင်္ဂလန်နိုင်ငံမှ ကာစီနိုရုံတစ်ခုတွင်အပျင်းပြေအနေဖြင့် ၃ရက်တိတိအိမ်မပြန်ဘဲသွားဆော့ခဲ့တာဖြစ်ပါတယ်။

ထိုအခါတွင်ပေါင်သန်းပေါင်း၃.၄သန်းအထိကို ရှုံးခဲ့ရသောအခါ မယုံမကြည်ဖြစ်သွားခဲ့ပြီး ရဲစခန်းသို့တိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။သူဋ္ဌေးကြီးဟာ အိမ်ခြံမြေလုပ်ငန်း စတီးလုပ်ငန်းနှင့်ကွန်ပျူတာချစ်ပ်များအပြင် လုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။

သူဋ္ဌေးကြီး၏တရားစွဲဆိုမှုကို တရားရုံးကတော့ပယ်ချခဲ့တယ်လို့သိရပါတယ်။

Zawgyi





Crd