လေကြောင်းကာကွယ်ရေးကွန်ယက်တစ်ခုတည်ဆောက်နိုင်ခဲ့တဲ့စင်ကာပူ

Militarily News

စင်ကာပူနိုင်ငံသည် ကျွန်းစုလေကြောင်းရန်ကာကွယ်ရေး စနစ်ကွန်ယက်တစ်ခုတည်ဆောက်နို်င်ခဲ့ခြင်း

စင်ကာပူနိုင်ငံသည် ပေါ်ပေါက်လာနိုင်မည့် ခေတ်သစ်လေကြောင်းခြိမ်းခြောက်မှုများကို ထိရောက်စွာတုံ့ပြန်ကာကွယ်နိုင်ရန်အတွက် စင်ကာပူနိုင်ငံလေတပ်အား လေကြောင်းရန် ကာကွယ်ရေးစွမ်းဆောင်ရည်သစ်များဖြင့် အဆင့်မြှင့်တင်လျက်ရှိပါသည်။မကြာသေးမီက စင်ကာပူကာကွယ်ရေးဝန်ကြီး Dr Ng Eng Hen သည် Lim Chu Kang Camp II တွင် ကျွန်းစုလေကြောင်းရန်ကာကွယ်ရေးစနစ်(IAD system)သရုပ်ပြသမှုကို တက်ရောက်ကြည့်ရှု ခဲ့ပါသည်။

တော်ဝင်စင်ကာပူလေတပ်(RSAF)သည် စင်ကာပူနိုင်ငံ ကာကွယ်ရေး သိပ္ပံနှင့် နည်းပညာ အေဂျင်စီ- Defence Science and Technology Agency (DSTA) ကုမ္ပဏီနှင့် Multi-Mission Radar (MMR)၊ပေါင်းစပ် လေကြောင်းထောက်လှမ်းရေး Air (SHIKRA) Radar၊ Smart Combat Management System (CMS) နှင့် Aster 30 Missile System လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်စနစ်တို့ကို ပေါင်းစည်းချိတ်ဆက်လုပ်ဆောင်ထား သည့် ကျွန်းစုလေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ရပ် တည်ဆောက်ရန် နီးကပ်စွာ အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိပါသည်။

အဆိုပါစနစ်တွင် လေကြောင်းရန်ကာကွယ်ရေးစနစ်အား ပစ်မှတ်များစိစစ်ခွဲခြားနိုင် ခြင်း၊ပစ်ခတ်တိုက်ခိုက်နိုင်သော အကွာအဝေးစွမ်းဆောင်ရည်မြင့်မားစေခြင်းနှင့် လေကြောင်း ခြိမ်းခြောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဖျက်ဆီးနိုင်စေမှာလည်းဖြစ်ပါသည်။ စင်ကာပူနိုင်ငံသူ/နိုင်ငံသားတွေကို ဒီစနစ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ စိတ်သက်သာရရ စေပြီး ကျေနပ်နှစ်သိမ့်နိုင်လိမ့်မယ်လို့ထင်ပါတယ်၊၁၅ နှစ်ကျော်စဉ်ဆက်မပြတ်အားထုတ် ကြိုးပမ်းမှုနှင့်ပေါင်းစည်းလုပ်ကိုင်နိုင်မှုတို့လိုအပ်ခဲ့တာဖြစ်ပြီး Island Air Defence System
(ကျွန်းစုလေကြောင်းရန်ကာကွယ်ရေးစနစ်)၏ ဒုတိယပိုင်းကို ဆက်လက်လုပ်ဆောင်သွားရန် မျှော်မှန်းထားပါကြောင်း ကာကွယ်ရေးဝန်ကြီး Dr Ng ကပြောကြားခဲ့ပါသည်။

RSAF ၊DSTA နှင့် DSO တို့အားလုံးပေါင်းပြီး ဒီဇိုင်းကို အကောင်းဆုံးထုတ်လုပ် ထားနိုင်ခဲ့တယ်လို့ ယုံကြည်ကြောင်း၊လာမယ့်ဆယ်စုနှစ်အနည်းငယ်အထိ အဆိုပါစနစ် များမှာ တာဝန်ထမ်းဆောင်နိုင်လိမ့်မှာဖြစ်ကြောင်း၊လွန်ခဲ့သောနှစ် ၂၀ ကျော်အတွင်း တ ဖြည်းဖြည်းချင်းစီ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ခဲ့မှု ၊ကြိုးပမ်းအားထုတ်မှုနှင့် ကွပ်လပ်များ(လိုအပ်ချက်များ)ပြည့်အောင်ဖြည့်ဆည်း ဆောင်ရွက်နိုင်ခဲ့မှုတို့၏ ရလာဒ်များ ပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပျံတက်/ဆင်းရန် အချိန်တို တောင်းပြီး ဒေါင်လိုက်အတက်အဆင်းလုပ်နိုင်သော (STOVL) အမျိုးအစား လေယာဉ်နှင့် ဆက်စပ်ပစ္စည်းများဝယ်ယူရန် စင်ကာပူနိုင်ငံ၏ ကမ်းလှမ်းခဲ့မှုကို သဘောတူခွင့်ပြုခဲ့ပြီး အဆိုပါဝယ်ယူမှုသဘောတူစာချုပ်မှာ အမေရိကန်ဒေါ်လာ ၂.၇၅ ဘီလီယံခန့်ရှိကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံ ကျွန်းစုလေကြောင်းရန်ကာကွယ်ရေးတွင် ပါဝင်သည့် MBDA Aster-30 Surface to Air Missile Platform/Terrain (SAMP/T) တာလတ်ပစ်၊မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်မှာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လကတည်းက နာရီလက်တံပုံ အတိုင်း လေကြောင်းရန်ကာကွယ်ရေးတာဝန်များကို စတင်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက အတည်ပြုပြောကြားခဲ့ပါသည်။

အဆိုပါစနစ်ကို တော်ဝင်စင်ကာပူလေတပ်၏ ကျွန်းစုလေကြောင်းရန်ကာကွယ်ရေး ကွန်ယက်အတွက် ပေါင်းစည်းဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး တိုက်လေယာဉ်၊ရဟတ်ယာဉ်၊ မောင်းသူမဲ့လေယာဉ် နှင့်တိကျပဲ့ထိန်းလက်နက်များကိုပါ တန်ပြန်တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိသည့် လက်နက် စနစ်လည်းဖြစ်ပါသည်။တာလတ်ပစ် Aster-30 SAMP/T system လေကြောင်းရန် ကာကွယ်ရေးစနစ်သည် စင်ကာပူနိုင်ငံသို့ ၂၀၁၈ ခုနှစ်ကတည်းက ရောက်ရှိအသုံးပြုခဲ့ တာဖြစ်ပြီး လာမည့်ဆယ်စုနှစ် ၂ ခုလောက်အထိ တပ်တော်ဝင် အသုံးပြုနိုင်ရန် မျှော်မှန်း ထားပါသည်။

Aster-30 SAMP/T လက်နက်စနစ်သည် အကွာအဝေး ၇၀ ကီလိုမီတာ အတွင်း ရှိပစ်မှတ်များကို ကြားဖြတ်တိုက်ခိုက်နိုင်စွမ်းရှိပြီး အမေရိကန်နိုင်ငံ Raytheon ကုမ္ပဏီထုတ် MIM-23B Improved Homing All the Way Killer (I-HAWK) စနစ်နေရာမှာ အစားထိုး အသုံးပြုရန် ဝယ်ယူတပ်ဆင်ခဲ့ခြင်းလည်းဖြစ်ပါသည်။အဆိုပါစနစ်ဟောင်းကိုတော့ တော်ဝင် စင်ကာပူလေတပ်၏ အမှတ်(၁၆၃)အုပ်တွင် နှစ်ပေါင်း ၃၀ ကြာ တပ်တော်ဝင်အသုံးပြု ခဲ့ပါသည်။

ကျွန်းစုလေကြောင်းရန်ကာကွယ်ရေးစနစ်တွင် အောက်ပါတို့ပါဝင်ဖွဲ့စည်း ထားပါ သည်-
(က) Aster-30 SAMP/T system တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေး လက်နက်စနစ်
(ခ) Multi-Mission Radar
(ဂ) Gulfstream G550 Airborne Early Warning Aircraft
(ဃ) SPYDER-SR တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်။
၎င်းစနစ်များအားလုံးကို RSAF နှင့် Defence Science and Technology Agency (DSTA) တို့ပူးပေါင်းထုတ်လုပ်ထားသော combat management system တိုက်ပွဲဝင်စီမံခန့်ခွဲမှုစနစ်ဖြင့် အော်ပရေတာများလုပ်ဆောင်ချက်များအား လျှော့ချကာ တုံ့ပြန်ချိန်အနည်းငယ်အတွင်း စစ်ဆင်ရေးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတော့သည်။

Singapore upgrades island air defence system to combat emerging threats နှင့်
Singapore confirms deployment of Aster 30 SAMP/T medium range surface to air missile system တို့အားပေါင်းစပ် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Credit – သက်ထူးခန့်ပိုင် ရေနံချောင်း/မှူးခိုင်(ရေနံချောင်း)

Leave a Reply