ကလေးတွေကို နေ့လည်စာအဆာပြေမုန့်ကျွေးနေတဲ့ ဗီဒီယိုလေးကို မျှဝေခဲ့တဲ့ ခိုင်နှင်းဝေ

Source – Khine Hnin Wai
ကလေးတွေကို နေ့လည်စာအဆာပြေမုန့်ကျွေးနေတဲ့ ဗီဒီယိုလေးကို မျှဝေခဲ့တဲ့ ခိုင်နှင်းဝေ
ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ မနေ့ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကလေးတွေရဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးတစ်ခုကို ထပ်မံမျှဝေဖော်ပြလာခဲ့ပါတယ်။ ဗီဒီယိုလေးကတော့ ကလေးတွေကို နေ့လည်စာ အဆာပြေမုန့်ကျွေးနေတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။
ခိုင်နှင်းဝေကတော့ ကလေးတွေကို အဆင့်မြင့်မြင့်နဲ့ သန့်သန့်ရှင်းရှင်းထားပြုစုစောင့်ရှောက်ပြီး မိခင်အရင်းလို မေတ္တာတွေပေးတာကြောင့် ပရိသတ်တွေက ချီးကျူးနေခဲ့ရသူပါ။ အခုလို အစားအသောက်တွေကအစ စနစ်တကျနဲ့ အဟာရပြည့်ဝတာတွေကို သေချာရွေးချယ်ကျွေးမွေးတဲ့ ဗီဒီယိုလေးကို မြင်တော့ ပရိသတ်တွေက ခို်င်နှင်းဝေကို ပိုလို့တောင်ချီးကျူးနေခဲ့ကြပါသေးတယ်။
ကလေးတွေကလည်း လိမ္မာသလို မေမေခိုင်နှင်းဝေကလည်းစေတနာအပြည့်မေတ္တာအပြည့်နဲ့ စောင့်ရှောက်နေတဲ့ ဒီဗီဒီယိုလေးကတော့ ပရိသတ်တွေကြားမှာ သဘောကျစရာဗီဒီယိုလေးတစ်ခုဖြစ်နေခဲ့ပါသေးတယ်။CeleZone ပရိသတ်ကြီးရေ ခိုင်နှင်းဝေတို့ သားအမိတွေရဲ့ ချစ်စရာကောင်းလှတဲ့ ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Khine Hnin Wai
Crd