ကယ်ဆယ်ရေးသမားတွေမလာခင် ရွှံ့ထဲနစ်မြုပ်နေတဲ့ မြင်းကို ၃ နှစ်ရီအကြာ အားထုတ်ပြီး ဆုပ်ကိုင်ထားခဲ့တဲ့ မိခင်တစ်ဦး (ရုပ်သံ)

News

ကမ္ဘာတစ်ဝှမ်းလုံးကို ပျံ့နှံ့သွားတဲ့ ဗီဒီယိုတစ်ခုမှာ Nicole Graham ကို Astro ဟုခေါ်တဲ့ ရွှံ့နွံထဲနစ်မြုပ်သွားတဲ့ သူမရဲ့မြင်းနဲ့ တွယ်ကပ်နေပုံကိုတွေ့မြင်နိုင်ပါတယ် ။ Astro မြင်းလေးဟာ Graham ရဲ့သမီးဖြစ်သူနဲ့အတူ Melbourne တောင်ပိုင်း၊ Geelong အနီးကမ်းခြေကို နေ့လည်ခရီးထွက်တဲ့အခါမှာ ရုတ်တရက်ရွှံ့ထဲ နစ််မြုပ်ခဲ့ပါတယ် ။

Graham က အသက် ၁၈ နှစ်အရွယ်မြင်းဟာ ရွှံ့ထဲနစ်မိတာကိုမြင်တဲ့အခါ ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ် ။ Graham ကသူမရဲ့သမီး Paris ကို ချက်ချင်းကယ်နိုင်ခဲ့ပေမဲ့ Astro ကို သူမရဲ့အားထုတ်မှုကြေညင့် ပိုမိုနက်ရှိုင်းစွာ နစ်မျောစေခဲ့ပါတယ် ။

ကျေးဇူးတင်စရာမှာ သုံးနာရီကြာရွှံ့ထဲနစ်မြုပ်ပြီးနောက် မြင်းကို ကယ်ဆယ်ရေးသမားများက ကယ်ဆယ်နိုင်ခဲ့ပါတယ် ။ Graham က “ဒါဟာတကယ့်ကြောက်စရာဘဲ ။ မြင်းဟာ မောမော်ပန်းပန်းနဲါ ရုန်းကန်နေရတာကိုလည်းတွေ့ရတော့ ဝမ်းနည်းစရာပဲ” လို့ သူမက Daily Mail မှာ ပြောကြားခဲ့ပါတယယ် ။

သူမဟာ ထိုကဲ့သို့သောအဖြစ်အပျက်ကို တစ်ခါမှမကြုံဖူးတာကြောင့် ဖြစ်ပျက်ခဲ့တဲ့အချိန်မှာ သူမလုံးဝထိတ်လန့်တုန်လှုပ်သွားခဲ့တာကို တွေ့ရပါတယ် ။

JRose (KB Chimmy One)

Reference : gtgoodtimes

Leave a Reply