ကမ္ဘာ့ COVID-19 ကူးစက်မှု သန်း ၉၀ အထိရှိလာပြီး သုံးလအတွင်း သေဆုံးမှု နှစ်ဆဖြစ်လာ
တရုတ်ပြည်မကြီးတွင် ပထမဆုံး စတင်ပေါ်ထွက်ခဲ့ပြီး နောက် တစ်နှစ်ကျော်ကြာချိန်၌ ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါ အရှိန်ရလာခဲ့ပြီး လော့ခ်ဒေါင်း များအပါအဝင် တားမြစ်ကန့်သတ် မှုများချမှတ်ပြီး ကာကွယ်ဆေး ထွက်ပေါ်လာခဲ့သော်လည်း ရော ဂါကူးစက်မှု သန်း ၉၀ ကျော်လာ ခဲ့ပြီဖြစ်ကာ သေဆုံးသူလည်း ၁ ဒသမ ၉ သန်း ကျော်လာခဲ့သည်။

သုံးလအတွင်း သေဆုံးသူ နှစ်ဆဖြစ်လာခဲ့ကာ ကူးစက်မှု နှစ်ဆခွဲအထိ မြင့်တက်လာခဲ့သည်။ Worldometers ဝက်ဘ် ဆိုက်က တွက်ချက်ထားသော အ ချက်အလက်များအရ အောက်တို ဘာ ၁၀ ရက်အထိ သေဆုံးသူ ၁,၀၇၉,၉၈၄ ဦး ရှိခဲ့ပြီး လက်ရှိ တွင် တနင်္ဂနွေနေ့က သေဆုံးသူ ၁၉၄,၂၇၄ ဦး ရှိလာခဲ့သည်။
ကူးစက်ခံရသူပေါင်း ၉၀,၆၇၆,၃၁၃ ဦးရှိပြီဖြစ်ကာ အောက်တိုဘာ ၁၀ ရက်က ၃၈,၁၅၈,၈၀၈ ဦးသာ ရှိခဲ့သည်။
သေဆုံးသူစာရင်းသည် ဒီဇင်ဘာ ၃၀ ရက်က ၁၅,၂၂၀ ဦး အထိ ရောက်ရှိကာ စံချိန်တင်ခဲ့ သည်။
နိုဝင်ဘာ ၄ ရက်အထိ သေ ဆုံးသူ တစ်ရက်တည်း ၉,၀၀၀ မကျော်ခဲ့ပေ။

ကြာသပတေးနေ့ (ဒီဇင်ဘာ ၇ ရက်)က ကူးစက်မှု ၈၃၃,၉၁၃ ဦးဖြင့် စံချိန်တင်ခဲ့ပြီး ကူးစက်မှု လေးသိန်းကို အောက်တိုဘာ ၁၅ ရက်က ကျော်လွန်ခဲ့သည်။
ယင်းကပ်ရောဂါသည် အန္တာတိကအပါအဝင် ကမ္ဘာ့နေရာ ဒေသအနှံ့အပြားသို့ ရောက်ရှိခဲ့ သော်လည်း အမေရိကန်နှင့် ဥရောပတွင် ကူးစက်မှုများ အ လွန်ဆိုးရွားခဲ့သည်။
အမေရိကန်နိုင်ငံတွင် ယခု အချိန်ထိ ကူးစက်မှုသည် ကမ္ဘာပေါ် တွင် အများဆုံး ၂၂,၄၀၄,၄၈၁ ဦး ရှိကာ သေဆုံးသူ ၃၇၄,၃၀၄ ဦးရှိသည်။
အောက်တိုဘာ ၁၅ ရက် အထိ ကူးစက်မှု ရှစ်သိန်းနီးပါးနှင့် သေဆုံးသူ ၂၁၈,၂၇၄ ဦးသာရှိ သည်။
Ref: UPI
7DayNews မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။
zawgyi