တရုတ်ကြည်းတပ်ကကမ္ဘာ့အပေါ့ပါးဆုံးစက်သေနတ်အကြီးစားစနစ်ကို လက်ခံရရှိ

Militarily News

တရုတ်ကြည်းတပ်က ကမ္ဘာ့အပေါ့ပါးဆုံးစက်သေနတ်အကြီးစားစနစ်ကို လက်ခံရရှိ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ကြည်း) က ကမ်းတိုက် တိုက်ပွဲ လေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး အဆိုပါလေ့ကျင့်မှုမှာ အကြီးစား စက်သေနတ် သစ်တစ်မျိုးကို တွေ့ရှိခဲ့ရသလို ၎င်းသေနတ်သည် ကမ္ဘာပေါ်ရှိ မျိုးတူများထဲ၌ အပေါ့ပါးဆုံးဖြစ်နိုင်သည်ဟုဆိုသည်။ ထို့အပြင် အဆိုပါလက်နက် စနစ်သည် တရုတ်တပ်မတော်အတွင်း၌ ပစ်ခတ်မှုစွမ်းအားအကောင်းဆုံးလက်နက် စနစ်တစ်ခုလည်းဖြစ်သည်ဟု သိရှိရသည်။

၎င်းစစ်ရေးလေ့ကျင့်မှုကို PLA Marine Corps မှ တရုတ်ပြည်နယ်တောင်ပိုင်းရှိ Guangdong ပြည်နယ်၏ ကမ်းခြေ၌ ကျင်းပပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်ဟု CCTV သတင်းဌာနက အစီရင်ခံဖော်ပြခဲ့သည်။

သေနတ်နှင့်ပတ်သက်၍ အတိအကျမသိရှိရသေးသော်လည်း ၁၂.၇ မီလီမီတာ ဖြစ်ပြီး QJZ-89 ၏ တည်ဆောက်ပုံနှင့်ဆင်တူမှုရှိသည်ဟုဆိုသည်။ သို့သော် ချိန်ဆိုဒ်နှင့်ကျည်ဘောက်သည် ကွဲပြားခြားနားမှုရှိနေသည်ကို တွေ့ရှိရမည် ဖြစ်သည်။ သို့သော် QJZ-89 ထက် အလေးချိန်ပိုမိုပေါ့ပါးမှုရှိသည်ဟု သိရှိရသည်။
QJZ-89 သည် အလေးချိန် ၂၆ ကီလိုဂရမ်လေးသော်လည်း ယခုသေနတ်အသစ် သည် ၂၀ ကီလိုဂရမ်သာရှိသည်ဟုဆိုသည်။ ထိုသို့ပေါ့ပါးမှုရှိခြင်းကြောင့်လည်း တရုတ်စစ်သည်တစ်ဦးချင်းအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေဘဲ ပေါ့ပါးစွာဖြင့် သယ်ဆောင် စစ်ကစားနိုင်မည်လည်းဖြစ်သည်။

အပေါ့စားစက်သေနတ်ဟုဆိုသော်လည်း တိကျမှုအားနည်းနိုင်မည်မဟုတ်ဘဲ သေနတ်၏ ဒီဇိုင်းကို မျှခြေအနေအထားဖြင့် ဆောင်ရွက်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်ဟု လေ့လာဆန်းစစ်သူများကဆိုသည်။

သေနတ်ကို ကမ်းတက်တိုက်ပွဲများအတွက်သာမက တောင်ပေါ်ဒေသ တိုက်ပွဲ များ၊ လျင်မြန်မှုလိုအပ်သော စစ်ဆင်ရေးများတွင် ကောင်းစွာအသုံးပြုတိုက်ပွဲ ဝင်နိုင်မည်လည်းဖြစ်သည်။
ယခုဆောင်ရွက်ခဲ့သော လေ့ကျင့်မှုအပြီးတွင် တရုတ်ကြည်းတပ်အတွက် သေနတ်အသစ်ကို အမြောက်အမြားထုတ်လုပ်ဖွယ်ရှိနေကြောင်း သိရှိရသည်။

Ref-Gtimes
Credit – MyanmarNews24

Leave a Reply