အားလုံးမဂ်လာပါ။ လမ်းလျှောက်ပြီးပဲ ဖြစ်ဖြစ် ကားနဲ့ပဲ ဖြစ်ဖြစ် ဘဝမှာ အနည်းဆုံးတစ်ခေါက်တော့ တံတာကိုဖြတ်ဖူးကြမှာပါ။ ဒါပေမယ့် ပရိတ်သတ်ကြီး ဖြတ်ကူးခဲ့ဖူးတဲ့ တံတားတွေက အခုပြောပြမယ့် တံတားတွေလောက် ကြောက်စရာမကောင်းတာ အသေအချာပဲ ဖြစ်မှာပါရှင့်။ အခု ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး တံတား ၅ စင်းအကြောင်းကို ကျွန်မတို့ပြောပြပေးသွားမှာပါနော်။

နံပါတ် ၅ တရုတ်နိုင်ငံက မှန်တံခါး

အရင်ဆုံး ကျွန်မတို့ ကမ္ဘာရဲ့ အရှေ့ဘက်ခြမ်းပိုင်းက စလိုက်ရအောင်နော် ဒီတံတားကတော့ လူတော်တော်များများကို အထိတ်တလန့်ဖြစ်လွန်းလို့တွားသွားပြီး ဖြတ်ကူးလောက်အောင်တော်တော်လေး ကြောက်ဖို့ကောင်းပါတယ် ။ ဟုတ်ပါတယ် ကျွန်မတို့ နောက်တာမဟုတ်ပါဘူး။ ဒီတံတားက တရုတ်နိုင်ငံမှာတည်ရှိပြီး ဖန်သားအကြည်နဲ့လုပ်ထားတာပါ။ အမြင့်ပေ ၁၀၈၀ မှာရှိပြီး ဖောက်ထွင်းမြင်နေရတဲ့အတွက် ပျံသန်းနေသလိုခံစားရမှာပါ။ ဟိုင်ဘေးပြည်နယ်မြောက်ပိုင်း တိုင်ဟမ်းတောင်တန်းတွေကြားမှာတည်ရှိပြီး တော်တော်လေးလူပြောများနာမည်ကြီးနေရာတစ်ခုပါ။ အာရှနိုင်ငံ ကလူတွေကတော့ ခုလိုမျိုး လူကိုမူးဝေသွားစေနိုင်တဲ့တံတားမျိုးကိုကြိုက်ကြပေမယ့် ဒီတံတားကတော့ ခြေတစ်လှမ်းလှမ်းပြီးတိုင်း နောက်ထပ်လှမ်းဖို့တန့်နေမိမှာပါ။

နံပါတ်လေး – Trif တံတား

အကယ်၍ပရိတ်သတ်ကြီးက အမြင့်ကြောက်သူတစ်ယောက်ဆိုရင်တော့ ဒီတံတားကိုကြည့်ရင်း ထိုင်ခုံကိုတင်းကြပ်အောင်ဆုပ်ကိုင်ထားနေမယ်ထင်ပါတယ်။ အမြင့်မကြောက်တတ်တဲ့သူဆိုရင်တော့ ပရိတ်သတ်ကြီးအတွက်စိတ်ဝင်စားစရာတံတားတစ်ခုဖြစ်နေမှာပါ။ Trif တံတားက ဆွစ်ဇလန်နိုင်ငံမှာရှိတဲ့ တော်တော်လေး စိတ် လှုပ်ရှားအံသြဖို့ကောင်းတဲ့ တံတားတစ်စင်းပါ။ ဒီတံတားက အက်ပ်စ်(Alps) မှာရှိတဲ့ အမြင့်ဆုံး လူကူးလမ်းတံတားအဖြစ်သတ်မှတ်ထားတာပါ။ အမြင့်ပေ ၁၀၀ မှာရှိပြီး ၁၇၀ မီတာရှည်တဲ့တံတားကျဉ်းလေးတစ်ခုဖြစ်တဲ့အပြင် တောင်တန်းတွေကြားထဲမှာမို့ လေတိုက်လည်းကြမ်းပါတယ် အဲ့ဒါကြောင့် တံတားရဲ့လက်ရန်းအပြင်ထွက်ပြီး စူးစမ်းလိုသူတွေအနေနဲ့ ပြုတ်ကျနိုင်တာမို့ သတိထားသင့်ပါတယ်နော်။

နံပါတ် – ၃ Ghaza (ဂါဇာ)

ကျွန်မတို့ စိတ်ဝင်စားဖို့ပိုကောင်းတဲ့တံတားတွေဆီဆက်သွားကြရအောင်။ ဒီတံတားကတော့ နီပေါနိုင်ငံမှာ တည်ရှိပြီး ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးတံတား တွေထဲကတစ်စင်းပါ။ ဒီတံတားကို လူတွေဖြတ်ကူးရုံသာမက မြည်းတွေ နွားတွေ ဆိတ်တွေလည်း အသုံးပြုကြပါတယ်။ အမှန်တော့ ဒီတံတားဟာ ကျွဲတွေနွားတွေနဲ့ပဲ ဂါဇာမြို့ လမ်းကျဉ်းလေးတွေမှာပြည့်ကျပ်နေလို့ တရိစာန်တွေအတွက် ရည်ရွယ်ပြီးဆောက်ခဲ့တာပါ။ ဒီတံတားက တော်တော်လေး ကြောက်ဖို့ကောင်းပေမယ့်လည်း လူအများနေ့တိုင်းဖြတ်သန်းသွားလာနေရတဲ့တံတားပဲ ဖြစ်ပါတယ်။ ကျွန်မတိုအနေနဲ့တော့ အဲ့တံတားကို တစ်ခေါက်ထက်ပိုပြီး မဖြတ်ရဲမှာ အသေအခြာပါပဲ ရှင့်။

နံပါတ် – ၂ ဟက်ဆိုင်း (Hussaini)

ကျွန်မတို့ကြည့်လိုက်ရအောင်နော် ဒီတံတားကိုကူးမယ်ဆိုရင်တော့ ပရိတ်သတ်ကြီး တော်တော်လေး သတ္တိရှိဖို့လိုပါလိမ့်မယ်နော်။ ပုံတွေကို ကြည့်ရတာမရှင်းရင် ကျွန်မသေချာပြောပြပေးပါမယ်ရှင့်။ ဒီတံတားဟာ ပြိုကျတော့မယ့်ပုံစံဖြစ်ပြီး ကမ္ဘာပေါ် မှာကြောက်စရာအကေါင်းဆုံးတံတါးတစ်ခုလည်းဖြစ်ပါတယ်။ ပါကစ်စတန်နိုင်ငံ မြောက်ပိုင်းမှာရှိပြီး ဟန်ဆိုင်းမြစ် ကို ဖြတ်ဆောက်ထားတာပါ။အဲ့ဒေသမှာ နေထိုင်သူတွေဟာ ပါကစ်စတန်နိုင်ငံမြောက်ပိုင်းကိုသွားချင်ရင်ဖြတ်သွားရမယ့် တစ်ခုတည်းသော ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၆၀၀မီတာအမြင့်မှာရှိပြီး ဖြတ်သန်းသွားလာဖို့ သေချာခိုင်ခိုင် ခံ့ခံ့တော့ အထောက်အပံ့မပေးနိုင်ပါဘူး။ အကယ်၍ ဖြတ်ကူးမယ်ဆိုရင် သေချာကိုင်ထားပြီး အောက်ကိုကြည့်ပြီး ဖြတ်ကူးရမှာပါ။ ဘာလို့လဲဆိုတော့သစ်သားပြားသေးလေးတွေနဲ့ ပဲ ကြောက်မက်ဖွယ်ဆောက်ထားတာမို့ ဘယ်နေရာကိုနင်းလျှောက်ရမယ်ဆိုတာ သိဖို့လိုလို့ပါနော်။

နံပါတ် ၁ – Capilano (ကပါလာနို)

ကျွန်မတို့နောက်ဆုံး Vancouver (ဗန်ကိုဗာ) မှာရှိတဲ့ ကပါလာနိုတံတားနဲ့ပဲ အဆုံးသတ်လိုက်ရအောင်။ ဒီတံတာဟာ ကပါလာနိုမြစ်ပေါ်မှာ ဆောက်ထားပြီး ၁၄၀ မီတာရှည်တဲ့အပြင် မြစ်ရဲ့ အထက် မီတာ ၇၀ အမြင့်မှာဆောက်ထားတာပါ။ တစ်နှစ်ကို ကမ္ဘာလှည့်ခရီးသည်ပေါင်း ၈သိန်းလောက်ကို ဆွဲဆောင်နိုင်တဲ့အတွက် နိုင်ငံခြားသားတွေစိတ်ဝင်စားကြတဲ့ အရေးကြီးတဲ့ နေရာတစ်ခုလို့ပြောလို့ရပါတယ်။ ဒီတံတားကိုသွားကြတဲ့သူတွေက အမြင်မကြောက်ကြလို့ထင်ပါတယ်။ ပရိတ်သတ်ကြိီးရောသွားလည်ကြည့်ချင်ကြလား။ ။ ရှုခင်းလေးတွေက လှပေမယ့်လည်း ပြုတ်ကျသွားရင်တော့ မလှပ နိုင်တော့ပါဘူးနော် ပရ်ိတ်သတ်ကြီးရေ။

zawgyi
အားလုံးမဂ္လာပါ။ လမ္းေလၽွာက္ၿပီးပဲ ျဖစ္ျဖစ္ ကားနဲ႔ပဲ ျဖစ္ျဖစ္ ဘဝမွာ အနည္းဆုံးတစ္ေခါက္ေတာ့ တံတာကိုျဖတ္ဖူးၾကမွာပါ။ ဒါေပမယ့္ ပရိတ္သတ္ႀကီး ျဖတ္ကူးခဲ့ဖူးတဲ့ တံတားေတြက အခုေျပာျပမယ့္ တံတားေတြေလာက္ ေၾကာက္စရာမေကာင္းတာ အေသအခ်ာပဲ ျဖစ္မွာပါရွင့္။ အခု ကမၻာေပၚမွာ ေၾကာက္စရာအေကာင္းဆုံး တံတား ၅ စင္းအေၾကာင္းကို ကၽြန္မတို႔ေျပာျပေပးသြားမွာပါေနာ္။
နံပါတ္ ၅ တ႐ုတ္နိုင္ငံက မွန္တံခါး
အရင္ဆုံး ကၽြန္မတို႔ ကမၻာရဲ့ အေရွ႕ဘက္ျခမ္းပိုင္းက စလိုက္ရေအာင္ေနာ္ ဒီတံတားကေတာ့ လူေတာ္ေတာ္မ်ားမ်ားကို အထိတ္တလန႔္ျဖစ္လြန္းလို႔တြားသြားၿပီး ျဖတ္ကူးေလာက္ေအာင္ေတာ္ေတာ္ေလး ေၾကာက္ဖို႔ေကာင္းပါတယ္ ။ ဟုတ္ပါတယ္ ကၽြန္မတို႔ ေနာက္တာမဟုတ္ပါဘူး။ ဒီတံတားက တ႐ုတ္နိုင္ငံမွာတည္ရွိၿပီး ဖန္သားအၾကည္နဲ႔လုပ္ထားတာပါ။ အျမင့္ေပ ၁၀၈၀ မွာရွိၿပီး ေဖာက္ထြင္းျမင္ေနရတဲ့အတြက္ ပ်ံသန္းေနသလိုခံစားရမွာပါ။ ဟိုင္ေဘးျပည္နယ္ေျမာက္ပိုင္း တိုင္ဟမ္းေတာင္တန္းေတြၾကားမွာတည္ရွိၿပီး ေတာ္ေတာ္ေလးလူေျပာမ်ားနာမည္ႀကီးေနရာတစ္ခုပါ။ အာရွနိုင္ငံ ကလူေတြကေတာ့ ခုလိုမ်ိဳး လူကိုမူးေဝသြားေစနိုင္တဲ့တံတားမ်ိဳးကိုႀကိဳက္ၾကေပမယ့္ ဒီတံတားကေတာ့ ေျခတစ္လွမ္းလွမ္းၿပီးတိုင္း ေနာက္ထပ္လွမ္းဖို႔တန႔္ေနမိမွာပါ။
နံပါတ္ေလး – Trif တံတား
အကယ္၍ပရိတ္သတ္ႀကီးက အျမင့္ေၾကာက္သူတစ္ေယာက္ဆိုရင္ေတာ့ ဒီတံတားကိုၾကည့္ရင္း ထိုင္ခုံကိုတင္းၾကပ္ေအာင္ဆုပ္ကိုင္ထားေနမယ္ထင္ပါတယ္။ အျမင့္မေၾကာက္တတ္တဲ့သူဆိုရင္ေတာ့ ပရိတ္သတ္ႀကီးအတြက္စိတ္ဝင္စားစရာတံတားတစ္ခုျဖစ္ေနမွာပါ။ Trif တံတားက ဆြစ္ဇလန္နိုင္ငံမွာရွိတဲ့ ေတာ္ေတာ္ေလး စိတ္ လႈပ္ရွားအံၾသဖို႔ေကာင္းတဲ့ တံတားတစ္စင္းပါ။ ဒီတံတားက အက္ပ္စ္(Alps) မွာရွိတဲ့ အျမင့္ဆုံး လူကူးလမ္းတံတားအျဖစ္သတ္မွတ္ထားတာပါ။ အျမင့္ေပ ၁၀၀ မွာရွိၿပီး ၁၇၀ မီတာရွည္တဲ့တံတားက်ဥ္းေလးတစ္ခုျဖစ္တဲ့အျပင္ ေတာင္တန္းေတြၾကားထဲမွာမို႔ ေလတိုက္လည္းၾကမ္းပါတယ္ အဲ့ဒါေၾကာင့္ တံတားရဲ့လက္ရန္းအျပင္ထြက္ၿပီး စူးစမ္းလိုသူေတြအေနနဲ႔ ျပဳတ္က်နိုင္တာမို႔ သတိထားသင့္ပါတယ္ေနာ္။
နံပါတ္ – ၃ Ghaza (ဂါဇာ)
ကၽြန္မတို႔ စိတ္ဝင္စားဖို႔ပိုေကာင္းတဲ့တံတားေတြဆီဆက္သြားၾကရေအာင္။ ဒီတံတားကေတာ့ နီေပါနိုင္ငံမွာ တည္ရွိၿပီး ကမၻာေပၚမွာ ေၾကာက္စရာအေကာင္းဆုံးတံတား ေတြထဲကတစ္စင္းပါ။ ဒီတံတားကို လူေတြျဖတ္ကူး႐ုံသာမက ျမည္းေတြ ႏြားေတြ ဆိတ္ေတြလည္း အသုံးျပဳၾကပါတယ္။ အမွန္ေတာ့ ဒီတံတားဟာ ကၽြဲေတြႏြားေတြနဲ႔ပဲ ဂါဇာၿမိဳ႕ လမ္းက်ဥ္းေလးေတြမွာျပည့္က်ပ္ေနလို႔ တရိစာန္ေတြအတြက္ ရည္ရြယ္ၿပီးေဆာက္ခဲ့တာပါ။ ဒီတံတားက ေတာ္ေတာ္ေလး ေၾကာက္ဖို႔ေကာင္းေပမယ့္လည္း လူအမ်ားေန႔တိုင္းျဖတ္သန္းသြားလာေနရတဲ့တံတားပဲ ျဖစ္ပါတယ္။ ကၽြန္မတိုအေနနဲ႔ေတာ့ အဲ့တံတားကို တစ္ေခါက္ထက္ပိုၿပီး မျဖတ္ရဲမွာ အေသအျခာပါပဲ ရွင့္။
နံပါတ္ – ၂ ဟက္ဆိုင္း (Hussaini)
ကၽြန္မတို႔ၾကည့္လိုက္ရေအာင္ေနာ္ ဒီတံတားကိုကူးမယ္ဆိုရင္ေတာ့ ပရိတ္သတ္ႀကီး ေတာ္ေတာ္ေလး သတၱိရွိဖို႔လိုပါလိမ့္မယ္ေနာ္။ ပုံေတြကို ၾကည့္ရတာမရွင္းရင္ ကၽြန္မေသခ်ာေျပာျပေပးပါမယ္ရွင့္။ ဒီတံတားဟာ ၿပိဳက်ေတာ့မယ့္ပုံစံျဖစ္ၿပီး ကမၻာေပၚ မွာေၾကာက္စရာအေကါင္းဆုံးတံတါးတစ္ခုလည္းျဖစ္ပါတယ္။ ပါကစ္စတန္နိုင္ငံ ေျမာက္ပိုင္းမွာရွိၿပီး ဟန္ဆိုင္းျမစ္ ကို ျဖတ္ေဆာက္ထားတာပါ။အဲ့ေဒသမွာ ေနထိုင္သူေတြဟာ ပါကစ္စတန္နိုင္ငံေျမာက္ပိုင္းကိုသြားခ်င္ရင္ျဖတ္သြားရမယ့္ တစ္ခုတည္းေသာ ဆက္သြယ္ေရးလမ္းေၾကာင္းတစ္ခုပါ။ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၂၆၀၀မီတာအျမင့္မွာရွိၿပီး ျဖတ္သန္းသြားလာဖို႔ ေသခ်ာခိုင္ခိုင္ ခံ့ခံ့ေတာ့ အေထာက္အပံ့မေပးနိုင္ပါဘူး။ အကယ္၍ ျဖတ္ကူးမယ္ဆိုရင္ ေသခ်ာကိုင္ထားၿပီး ေအာက္ကိုၾကည့္ၿပီး ျဖတ္ကူးရမွာပါ။ ဘာလို႔လဲဆိုေတာ့သစ္သားျပားေသးေလးေတြနဲ႔ ပဲ ေၾကာက္မက္ဖြယ္ေဆာက္ထားတာမို႔ ဘယ္ေနရာကိုနင္းေလၽွာက္ရမယ္ဆိုတာ သိဖို႔လိုလို႔ပါေနာ္။
နံပါတ္ ၁ – Capilano (ကပါလာနို)
ကၽြန္မတို႔ေနာက္ဆုံး Vancouver (ဗန္ကိုဗာ) မွာရွိတဲ့ ကပါလာနိုတံတားနဲ႔ပဲ အဆုံးသတ္လိုက္ရေအာင္။ ဒီတံတာဟာ ကပါလာနိုျမစ္ေပၚမွာ ေဆာက္ထားၿပီး ၁၄၀ မီတာရွည္တဲ့အျပင္ ျမစ္ရဲ့ အထက္ မီတာ ၇၀ အျမင့္မွာေဆာက္ထားတာပါ။ တစ္ႏွစ္ကို ကမၻာလွည့္ခရီးသည္ေပါင္း ၈သိန္းေလာက္ကို ဆြဲေဆာင္နိုင္တဲ့အတြက္ နိုင္ငံျခားသားေတြစိတ္ဝင္စားၾကတဲ့ အေရးႀကီးတဲ့ ေနရာတစ္ခုလို႔ေျပာလို႔ရပါတယ္။ ဒီတံတားကိုသြားၾကတဲ့သူေတြက အျမင္မေၾကာက္ၾကလို႔ထင္ပါတယ္။ ပရိတ္သတ္ႀကိီးေရာသြားလည္ၾကည့္ခ်င္ၾကလား။ ။ ရႈခင္းေလးေတြက လွေပမယ့္လည္း ျပဳတ္က်သြားရင္ေတာ့ မလွပ နိုင္ေတာ့ပါဘူးေနာ္ ပရ္ိတ္သတ္ႀကီးေရ။
Trans:Thegeektext