ကမ္ဘာ့အကြီးဆုံးဆေးထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ဆီရမ်ဆီကနေကိုဗစ်ဆေးဝယ်ဖို့ပြင်ဆင်နေတဲ့မြန်မာအစိုးရ

Local News

ကမ္ဘာ့အကြီးဆုံးဆေးထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ဆီရမ်ဆီကနေ ကိုဗစ်ဆေးဝယ်ဖို့ ပြင်ဆင်နေတဲ့ မြန်မာအစိုးရ
တစ်နှစ်ကို ဆေးအလုံးရေ သန်း ၁၅၀၀ ထုတ်လုပ်နိုင်တဲ့ အိန္ဒိယက ဆီရမ်စက်ရုံဟာ အင်္ဂလန်-ဆွီဒင်ဖက်စပ်ကုမ္ပဏီ အက်စထရာဇီနီကာကုမ္ပဏီနဲ့စာချုပ်ချုပ်ကာ ဆေးဖော်မြူလာယူပြီး ထုတ်နေတာမို့ ဆေးအရည်အသွေးက စိတ်ချရပါတယ်။ အကြမ်းဖျင်းဆေးတစ်လုံးကို ၃ ဒေါ်လာနဲ့ရောင်းပေးနိုင်ဖို့ လျာထားပြီး၊ မြန်မာကိုတော့ WHO အကူအညီနဲ့ ၂ ဒေါ်လာလောက်နဲ့ ရောင်းပေးဖို့ ကမ်းလှမ်းထားပါသတဲ့။ ဆေးဟာ ၂ ကြိမ်ထိုးရမှာမို့ လူတစ်ယောက်လျှင် ၄ ဒေါ်လာဖိုး ကျသင့်မယ့်သဘောပဲ ဖြစ်ပါတယ်။

မြန်မာအစိုးရဟာ ဆေးဝယ်ဖို့တင်မဟုတ်ဘဲ ပြည်တွင်းမှာ ကိုဗစ်ဆေးထုတ်နိုင်ဖို့အထိပါ ဆီရမ်ရဲ့အကူအညီကို ရယူဖို့ ဆွေးနွေးနေတာပါ။ လာမယ့်နှစ် ဧပြီလကစလို့ မြန်မာပြည်ဟာ WHO အကူအညီနဲ့ ကိုဗစ်ဆေးကို လူဦးရေရဲ့ ၂၀% ရဖို့ရှိနေပြီး၊ နှစ်ကုန်ရင် ၄၀% အထိရဖို့ မျှော်လင့်ထားတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတစ်ယောက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပြည်သူ့အစိုးရဟာ အိန္ဒိယကုမ္ပဏီဆီရမ်နဲ့အပြင် ကိုဗစ်ဆေးရဖို့အတွက် အခြားနိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ COVAX နဲ့ GAVI တို့မှာလည်း အဖွဲ့ဝင်ထားသလို၊ တရုတ်၊ ရုရှားဆေးကုမ္ပဏီတွေနဲ့ပါ စေ့စပ်ညှိနှိုင်းနေလို့ ဆေးအမျိုးအစား ၁၃ မျိုးလောက်ထဲကနေ ရွေးစရာဖြစ်နေပါပြီ။

ပြည်သူ့အစိုးရဟာ ပြည်သူသာလျှင်အဓိကဆိုတဲ့မူနဲ့သွားနေလို့ ပြည်သူတွေအသက်အိုးအိမ်စည်းစိမ်ကာကွယ်ဖို့ရာ ခုလိုမနားမနေကြိုးစားလုပ်နေတယ်လို့ အသိပေးခေါင်းလောင်းထိုးလိုက်ရပါတယ်။
Ref: MMTimes
Credit – Zin Min Nyein

Leave a Reply