ကမ္ဘာ့ပထမဆုံး ဟန်းဖုန်း ခေါ်ဆိုမှုနှင့် ကားတစီးထက် တန်ဖိုးကြီးတဲ့ မြန်မာပြည်က ပထမဆုံး ဟန်းဖုန်း

ကမ္ဘာ့ပထမဆုံး ဟန်းဖုန်း ခေါ်ဆိုမှုနှင့် ကားတစီးထက် တန်ဖိုးကြီးတဲ့ မြန်မာပြည်က ပထမဆုံး ဟန်းဖုန်း

ကမ္ဘာကြီးကို ပြောင်းလဲခဲ့တဲ့ ပထမဆုံး ဟန်းဖုန်း ခေါ်ဆိုမှုနှင့် ကားတစီးထက် တန်ဖိုးကြီးတဲ့ မြန်မာပြည်က ပထမဆုံး ဟန်းဖုန်း..

အမေရိကန်နိုင်ငံ New York City မှာစမ်းသပ်ဆောက်ထားတဲ့ 900 MHz ဖုန်းတာဝါတိုင်နားမှာ လူတစ်ယောက်ရပ်နေတယ်။ သူကကမ္ဘာ့ပထမဆုံး Hand Phone ပြောသူဖြစ်လာမယ့် Martin Cooper ဖြစ်ပါတယ်။ အမေရိကန်ဆက်သွယ်ရေးကုမ္မဏီကြီး Motorola က နည်းပညာဆိုင်ရာ ဝန်ထမ်းတစ်ယောက်ပါ။

သူဟာဖုန်းတာဝါတိုင်ဘေးနားကနေ New Jersey မှာရှိတဲ့ သူ့ရုံးချုပ်က လူတစ်ယောက်ကို လက်ထဲကိုင်ထားတဲ့ ဟန်းဖုန်းအကြီးစားတစ်ခုနဲ့ ဖုန်းလှမ်းဆက်လိုက်တယ်။ နေ့စွဲက ၁၉၇၃ ခုနှစ်ဧပြီ ၃ ရက်နေ့။တကမ္ဘာလုံးမှာ ဒီနေ့သုံးနေတဲ့ လက်ကိုင်ဖုန်းအားလုံးအတွက် အမှတ်တရနေ့ဆိုရင် မမှားဘူး။

သူကိုင်ထားတဲ့ဖုန်းကြီးက ကမ္ဘာ့ပထမဆုံး Hand Phone ဖြစ်လာမယ့် Motorola Dyna TAC 8000x ရဲ့ ရှေ့ပြေးနမူနာပုံစံဖုန်းကြီးပါ။ Martin Cooper ပြောလိုက်တာက။ “ငါမင်းကိုဖုန်းဆက်နေတာ ငါ့အသံမင်းဘက်ကကောင်းကောင်းကြားရရဲ့လား”

ဒီစကားဟာကမ္ဘာ့ပထမဆုံး Hand Phone ခေါ်ဆိုမှုစကားအဖြစ် သမိုင်းဝင်သွားပါတယ်။ ဒီဖုန်းခေါ်ဆိုမှုဟာ အကြီးကျယ်ဆုံးသော အဖြစ်အပျက်ဖြစ်ခဲ့ပြီး ပုံမှန်ကြိုးဖုန်းနေရာကို မိုဘိုင်းဖုန်းဝင်ရောက်လာဖို့ ပထမဆုံးအချက်ပြမှုပဲဖြစ်တယ်။ ခေတ်သစ် Hand Phone ရာဇဝင်ကိုအစပြုခဲ့တာ Motorola ဝန်ထမ်း Martin Cooper လည်းပါတယ်။ Motorola ဟာ iT ဘီလူးကြီး Google လက်အောက်ခံကုမ္မဏီတစ်ခုအဖြစ် ၂၀၁၄ အထိရှိခဲ့ပြီး အခုတရုတ် Lenovo အောက်မှာပါ။

၁၉၉၆ ခုနှစ် မြန်မာပြည်မှာ ကျနော်ရုံးက သူဌေး ကကြီးဘောစိက MPT က USD နဲ့ရောင်းတဲ့ဖုန်းဝယ်ယူခွင့်ရှိသူဆီက ကျပ် ၆ သိန်းနဲ့ဆယ်လူလာ ၉၉၉ ဖုန်းဝယ်ခဲ့တယ်။ အဲ့ဒီတုန်းကငွေ ၆ သိန်းဆိုတာ Nissan Sunny Super Saloon ၈၄ – ၈၅ မိုဒယ်ကားတစ်စီးစာထက်ပိုတယ်။ အမေရိကန် ၁ ဒေါ်လာခန့်မှန်းကျပ် ၁၄၀-၅၀ ပဲရှိလိမ့်မယ်။

Demand Note ခေါ်တဲ့ MPT က ဖုန်းဝယ်ယူခွင့်ပြု အကြောင်းကြားစာစာရွက်နဲ့ ကိုယ်စားလှယ်လွှဲစာတစ်စောင်ကို ကျပ်ငွေ ၆ သိန်းနဲ့ ဘောစိဝယ်လိုက်တာ။ ပန်းဆိုးတန်းကြေးနန်းရုံးအပေါ်ထပ်မှာ USD သွင်းထားတဲ့ Debit Note ၊ SP ကိုယ်စားလှယ်လွှဲစာပြပြီး MPT ကထုတ်ပေးတဲ့ Siemens S1 ဖုန်းထုတ်ယူခဲ့တယ်။ ရုံးမှာ Hand Phone ကိုင်ပြီး ဘောစိမြောက်ကြွမြောက်ကြွဖြစ်နေတာ မှတ်မိသေးတယ်။ လွင်ဦး (ရန်ကင်း)

Crd