ကမ္ဘာ့စံချိန်တင် အတိုးနှုန်းနဲ့ ဘယ်တော့မှ မချမ်းသာနိုင်တဲ့ မြန်မာပြည်က လယ်သမားများ

ကမ္ဘာ့စံချိန်တင် အတိုးနှုန်းနဲ့ ဘယ်တော့မှ ချမ်းသာမှာ မဟုတ်တဲ့ မြန်မာပြည်က လယ်သမားများ..
နယူးဇီလန်က သူ့နိုင်ငံ စားဖို့ ထက်ပိုပြီး စပါးစိုက်ရင် ဖမ်းတယ်.. ဒဏ်ရိုက်တယ်.. သဘာဝပတ်ဝန်းကျင် ထိခိုက်လို့တဲ့.. မလေးရှားမှာ စိုက်ပျိုးရေးလုပ်ရင် အစိုးရက လမ်းဖောက်ပေးတယ် မီးသွယ်ပေးတယ်.. မျိုးစေ့ကုမ္ပဏီက မျိုးစေ့ လာရောင်းပေးတယ် အာမခံတယ်.. မြေဩဇာကုမ္ပဏီက မြေစမ်းတယ် ဘယ်မြေဩဇာ သုံးသင့်လည်း တာဝန်ယူပေးတယ်.. ဆေးကုမ္ပဏီက ဆေး သေချာ အာမခံရောင်းပေးတယ်.. ထွက်နှုန်း ပြောတဲ့အတိုင်း မဖြစ်ရင် ပေးစရာမလိုဘူး။ နောက် ယန္တယားကုမ္ပဏီကလည်း လာထွန်ယက်ပေးတယ်.. ဈေးလား အစိုးရက တာဝန်ယူပေးထားတယ် အလုံးစုံကို..
ထိုင်း မကြည့်နဲ့.. လယ်သမားက ကား ဆိုင်ကယ်တဝီဝီနဲ့.. ထွန်ယက်ချိန် ထွန်စက် စိုက်ချိန် စိုက်စက်နဲ့.. ရိတ်သိမ်းချိန် ရိတ်စက် အခြောက်ခံစက်နဲ့.. ဈေးကွက်လား ထိုင်းက တစ်ကမ္ဘာလုံးနဲ့ ချိတ်ထားပြီးသား.. ဈေးနူန်းက ပုံသေတွက်ပြီးသား.. ထိုင်းဆန်က ဒေါ်လာ ၄၀၀ ကျော်လောက် ရနေချိန်မှာ ကျုပ်တို့ ဗမာဆန်က ၃၀၀ ကျော် တစ်တန်ကို ဘယ်လောက်ကွာနေလဲစဉ်းစားပေါ့.. အဲ့ဈေးတောင်ခု ဝယ်လက်မရှိလို့ ပြည်တွင်းမှာပုံနေတယ်..
ပြောချင်တာကတော့ အများကြီးပေါ့ဗျာ။ ဒါပေမယ့်အခု ထိုင်းနဲ့မြန်မာ ကုန်သည်ပွဲစားတွေအကြောင်း အနည်းငယ် ပြောခဲ့မယ်။
ထိုင်းမှာက လယ်မလုပ်တဲ့သူက စပါးမလှောင်ရဘူး.. ဥပဒေထုတ် အရေးယူဖမ်းတယ်.. ဝန်ကြီးချုပ် သက်ဆင်နဲ့ သူ့ညီမ ယင်လတ်တို့ ဆိုတာ ဆန်စပါးကိစ္စမှာ ဝင်ရှုပ်ခဲ့ကြလို့ အာဏာသိမ်း ဝရမ်းထုတ်ခံခဲ့ရတာ.. ဒါကဝန်ကြီးချုပ်တွေနော်.. အရပ်သား အတိုးပေး စပါးဝယ် ကုန်သည် ပွဲစား စက်ပိုင်လောက်တော့ စဉ်းစားကြည့်ပေါ့ဗျာ။
ကျုပ်တို့ဆီကကောင်တွေက အတိုးပေးတယ် ကမ္ဘာမှာဘယ်မှာမှ မရှိတဲ့ အတိုးနှုန်းနဲ့.. နိုင်ငံခြားသားနဲ့ ကျုပ်စကားပြောတော့ သူက မင်းတို့ဆီမှာ အတိုးနူန်းဘယ်လောက်ရှိလဲမေးတာ ပြောပြတော့ သူက oh! amazing အံ့ဩသွားတယ်.. you တို့မြန်မာတွေ လူတွေမှ ဟုတ်ရဲ့လားတဲ့ ဘာလို့လဲဆိုတော့ ဒီအတိုးနဲ့ ဘယ်လူဖြစ်တော့မလဲတဲ့..
သူက သူတို့ဆီမှာ သိန်းတစ်ရာ ချေးမှ ၁၂ လကို အတိုး ၂ သိန်း ပဲပေးရတာတဲ့.. မင်းတို့ဆီမှာ ဘာမှအာမခံချက်မရှိ.. ထုတ်ကုန်ဈေးနူန်းက ငရဲပြည်မှာ ကိုယ်ဝယ်သုံးနေတဲ့ပစ္စည်းနဲ့ ကိုယ်ယူထားတဲ့အတိုးကတာဝတိံသာမှာ ကျိန်းသေတက်နေတာ.. ပြီးတော့ အတိုးက ကမ္ဘာမှာ တစ်ခါမှမကြားဖူးဘူးတဲ့ အတိုးအရမ်းကြီးတယ်တဲ့..
အရပ်အခေါ် ၆ ကျပ်တိုးဆိုတာ သိန်း ၁၀၀ ချေးရင် ၁၂ လကြာရင် ၇၂ သိန်းပေးရမှာတဲ့.. နိုင်ငံခြားမှာ အတိုး ၂ သိန်းတောင် မကိုက်ဘူးတဲ့.. ယူတဲ့လူက မင်းတို့လူမျိုးတွေဆင်းရဲနေတာ အတိုးကြောင့်ပဲလို့ပြောသွားတယ်။ ဆန်စပါးမှ မဟုတ်ဘူးနော် တခြားသီးနှံတွေအားလုံးလည်း ခေါင်းပုံဖြတ် ကုန်သည်ပွဲစားပွဲရုံအလွှာကို နိုင်ငံတကာနည်းတူအောင် ဖယ်ရှားပြီး စျေးကွက်နဲ့တိုက်ရိုက်ချိတ်ဆက်မပေးနိုင်သ၍ မြန်မာနိုင်ငံရဲ့ လူများစုကြီးဖြစ်တဲ့ လယ်သမားထုဟာ လူမွှေးလူတောင်ပြောင်မှာမဟုတ်ဘူး။
အတိုးနှုန်းချရင် ငွေကြေးဖောင်းပွမယ် ဆိုသူကရှိသေး သီအိုရီကြောက်ရောဂါ.. အစိုးရ ပြည်သူ လုပ်ငန်းရှင် လယ်သမားတွေလက်ထဲငွေမရှိပဲ.. ဘယ်ကလာ ဖောင်းပွမလဲ ကျုပ်တို့ရဲ့ နိုင်ငံက စိုက်ပျိုးရေးမွေးမြူရေးလုပ်နေသူတွေဟာ ထမင်းမစားပဲရေသောက်ပြီး စိုက်ပျိုးမွေးမြူပေးနေရမှာလား..
တစ်ခါတလေ သီအိုရီတွေဆိုတာ ဟာသတွေ အတိုးပေးစားတဲ့လူတွေ နောင်ဘဝ လူမဖြစ်နိုင်တော့ဘူးတဲ့.. ကျုပ်စိတ်မကောင်းဘူး.. ကျုပ်တို့လူမျိုးတွေအတွက် နိုင်ငံတစ်ကာက အတိုးနူန်း ၂ % တောင်ဆန္ဒပြနေချိန်မှာ ကျုပ်တို့နိုင်ငံသားတွေရဲ့ အတိုးနှုန်းက ရာခိုင်နှုန်း အများကြီးနဲ့.. ကျုပ်တို့ဟာ နည်းပညာရှိယုံနဲ့ မရတော့ဘူးလေ ငွေမရှိပဲ ကမ္ဘာကို ဘယ်လိုမှ မယှဉ်ပြိုင်နိုင်ပါဘူး။
မြန်မာမှာက အတိုးရာခိုင်နှုန်း အများကြီးနဲ့ ပေးစားနေသူတွေက အလုပ်မလုပ်ကြတော့ဘူး.. အတိုးလေးနဲ့ ထိုင်စား လှူတန်း သူဌေးလုပ်နေကြတာဗျ.. မြန်မာမှာ အတိုးပေးစားသူ ၁ သိန်းမကရှိနေပါတယ်.. အဲ့လူတစ်သိန်းရဲ့ လုပ်အားခ တွက်ကြည့်ဗျာ.. တစ်နေ့ ၁ သောင်းပဲထား ၁ သိန်းနဲ့ မြှောက် (၁၀,၀၀၀ x ၁၀၀,၀၀၀) တစ်နေ့ကို တစ်ဘီလီယံ ဖိုးလောက် လုပ်အားခ ဆုံးရှုံးနေတယ်ဗျ.. ဒါလုပ်အားခ ပဲရှိသေးတယ်။
သူတို့ရဲ့ စိတ်ကူး ရင်းနှီးမြှုပ်နှံမှုတွေ ကနေ ဆုံးရှုံးနေတာတွေ မပါသေးဘူးနော်။ မြန်မာပြည်မှာ ဆန်စပါးဈေးကျတယ်ဆိုတဲ့ အဖြစ်တွေကလည်း နိုင်ငံခြားဝယ်လက်ထက် ပြည်တွင်းက ကုန်သည်ပွဲစား စက်ပိုင် ငွေတိုးပေးစားသမားတွေကြောင့် လို့ဆိုရင် ငြင်းနိုင်မလား.. သူတို့က စပါးပေါ်ချိန်မှာ ဝယ်လှောင်ထား.. ရှားချိန်တက်.. ဈေးစောင့်.. ကြားထဲမှာ ပစ္စည်းပြတ် ဈေးကွက်မှာ အရင်နှစ်တွေက နိုင်ငံခြားကို ထွက်နေတော့ ဈေးကောင်းထားတော့ မျှော်လင့်ချက်နဲ့ လှောင်ထားကြတာဆိုတော့..
အမှန်က တစ်လကို ဥပမာ တန်ချိန် ၁ သန်း ဈေးကွက်ဝယ်လိုအားရှိနေရဲ့သားနဲ့ တက်ဈေးစောင့်ပြီး ၃ လမှ စုပြုံ ထုတ်ကြတော့ တန်ချိန် ၃ သန်း ဘယ်မှာရောင်းမလဲ.. ဈေးကွက်က ဝယ်လိုအားက ၁ သန်းပုံမှန်ရှိနေပေမယ့် ကြားထဲမှာမထုတ်ပဲ ၃ လ ၄ လ လောက်မှ စုပြုံထုတ်လေတော့ ဦးနှောက်ရှိသူတွေဆို ပြောစရာမလိုတော့ပါ။
မြန်မာပြည်ရဲ့ အစိုးရ၊ ဝန်ထမ်း၊ ကုန်သည်၊ ပွဲစား၊ ငွေတိုးသမား၊ ခရိုနီ တွေရဲ့ ကိုယ့်နိုင်ငံလူမျိူး တိုးတက်စေချင်တဲ့ စေတနာဆိုတာ မူးလို့တောင် ရှုစရာမရှိပါ။
အညာကလူ
Post Views:
5
Crd