ကမ္ဘာ့ကားလောကကိုတစ်ခေတ်ပြောင်းစေမည့် Appleလျှပ်စစ်ကား(Iphone 12တောင်ဘယ်စီနေမှန်းမသိတာလျှပ်စစ်ကားဆိုတော့ပီးရောပေါ့ကွာ)

News

Iphone 12တောင်ဘယ်စီနေမှန်းမသိတာလျှပ်စစ်ကားဆိုတော့ပီးရောပေါ့ကွာ(ကမ္ဘာ့ကားလောကကိုတစ်ခေတ်ပြောင်းစေမည့် Appleလျှပ်စစ်ကား)

ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက် နည်းပညာ ဦးဆောင်ကုမ္ပဏီကြီး Apple သည် ကားလောကကို တော်လှန်ပြောင်းလဲပစ်လာနိုင်ခြေ အတော်လေး နီးစပ်ရှိနေပြီဖြစ်သည်။ Apple က ၎င်း၏ iPhone ထုတ်ကုန်များ ထုတ်လုပ်မှုတွင် ကျင့်သုံးသည့် စီးပွားရေးပုံစံအတိုင်း ပူးပေါင်းသဘောတူညီချက်တစ်ရပ်အောက်တွင် ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုနှင့် အလိုအလျောက် မောင်းနှင်သော လျှပ်စစ်ကားများ ဖန်တီးထုတ်လုပ်ရန် စီစဉ်စိုင်းပြင်းနေခြင်းပင်။

Apple ၏ ခြေလှမ်းသာ ခရီးပေါက်ခဲ့ပါက ကားလုပ်ငန်းနယ်ပယ်၏ ယှဉ်ပြိုင်မှု အခင်းအကျင်းအပေါ် တိတိသာသာ သက်ရောက်လာနိုင်တော့မည် ဖြစ်သည်။
ကားထုတ်လုပ်ရေးနယ်ပယ်သို့ Apple က ဝင်ရောက်လာနိုင်သည်ဆိုသော ရိုက်တာနှင့် ထိုင်ဝမ်သတင်းမီဒီယာ၏ နှစ်ကုန်သတင်းများနောက်တွင် အမေရိကန်နှင့် တရုတ် အဆင့်မြင့်နည်းပညာကုမ္ပဏီများ၏ ရှယ်ယာဈေးများ အမြင့်သို့ ရောက်သည်။

အလိုလျောက်မောင်း self-driving cars များ၏ မျက်စိသဖွယ်ဖြစ်သော အလင်းထောက်လှမ်းမှုနှင့် အကွာအဝေး တွက်ချက်သည့် အာရုံဆင်ဆာ ထုတ်လုပ်သည့် Velodyne LiDar ကဲ့သို့ အမေရိကန် ကုမ္ပဏီများအပေါ် ရင်းနှီးမြုပ်နှံသူများ၏ စိတ်ဝင်စားမှုများ အားကောင်းမောင်းသန် ဖြစ်လာခဲ့သည်။

တရုတ်တွင်လည်း လျှပ်စစ်ကားများအတွက် ဘတ္တရီနှင့် အခြားသော လျှပ်စစ်ကား ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့် ကမ္ဘာ့အကြီးဆုံး Contemporary Amperex Technology ကုမ္ပဏီသို့ ရင်းနှီးမြုပ်နှံသူများ စီးဝင်လာခဲ့သည်။

Apple လျှပ်စစ်ကားသည် နည်းပညာအလွန်မြင့်မားမည်ဖြစ်ကြောင်း အမေရိကန်နှင့် ဥရောပမှ ကားလောကသုတေသနကုမ္ပဏီများမှ အကဲဖြတ်များက ပြောကြပြီး လျှပ်စစ်ကား အစိတ်အပိုင်းများ ထုတ်လုပ်ရာ ကုမ္ပဏီများလည်း အပြောင်းအလဲ ဖြစ်သွားနိုင်သည်ဟု အကြံပြုပြောဆိုသည်။
စမတ်ဖုန်းဖြင့် ချိတ်ဆက်အသုံးပြုမှု၊ ကျွမ်းကျင်စွာ ထုတ်လုပ်ထားသော ကားပုံစံဒီဇိုင်းတို့နှင့် ထုတ်လုပ်မှု နည်းစနစ်များကြောင့် Apple လျှပ်စစ်ကား စီမံကိန်းသည် ကားလောကကို အတော်ကြီးကို သက်ရောက်မှု ဖြစ်စေလာလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

ထိုင်ဝမ်က ထိပ်တန်းလျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Hon Hai Predision Industry ကဲ့သို့သော ကုမ္ပဏီများအား ပြင်ပထုတ်လုပ်မှု ရင်းမြစ်ဖြင့်ထားကာ Apple သည် လျှပ်စစ်ကား၏ ဒီဇိုင်းပုံစံတစ်ခုလုံးကို ၎င်းကိုယ်တိုင် ပစ်မှတ်ထား ထုတ်လုပ်ရေးကို လုပ်ဆောင်သွားဖွယ် ရှိနေသည်။

Ref-Nikkei Asia
Mizzima မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi
ကမ္ဘာ့ကားလောကကို တစ်ခေတ်ပြောင်းစေမည့် Apple လျှပ်စစ်ကား

Leave a Reply