ကမ္ဘာမှာ ရှားရှားပါးပါး ဆင်စွယ်ဖြင့် အရိုးအစားထိုးကုသခဲ့သူ ဒေါက်တာ ဦးစံဘော်

ကမ္ဘာမှာ ရှားရှားပါးပါး ဆင်စွယ်ဖြင့် အရိုးအစားထိုးကုသခဲ့သူ ဒေါက်တာ ဦးစံဘော်

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ဆင္စြယ္နဲ႔ အ႐ိုးအစားထိုးကုထုံးကို ၁၈၉၁-ခုႏွစ္က ဂ်ာမဏီႏိုင္ငံမွာ တစ္ႀကိမ္၊ ၁၉၂၇-ခုႏွစ္က အဂၤလန္ ႏိုင္ငံမွာ တစ္ႀကိမ္ ျပဳလုပ္ခဲ့ဖူးေၾကာင္း ေလ့လာသိရွိရပါတယ္။

ထူးျခားခ်က္တစ္ခုကေတာ့ ၁၉၆ဝ-ခုႏွစ္မွ ၁၉၈ဝ-ခုႏွစ္အတြင္း လူနာေပါင္း ၄ဝဝ-ေက်ာ္ကို ဆင္စြယ္နဲ႔ အစားထိုးကုခဲ့သူတစ္ဦး ကမာၻေျမမွာ ရွားရွားပါးပါး ေပၚထြက္ခဲ့ဖူးပါတယ္။

သူကေတာ့ ျမန္မာႏိုင္ငံက အ႐ိုးအထူးကုဆရာဝန္ႀကီး ေဒါက္တာဦးစံေဘာ္ ျဖစ္ပါတယ္။ ေဒါက္တာ စံေဘာ္ဟာ Pennsylvania University မွာ ဘြဲ႕လြန္သင္တန္းတက္စဥ္

၁၉၅ဝ-ခုႏွစ္ေလာက္ကပင္ ေပါင္႐ိုးက်ိဳးလူနာေတြကို ဆင္စြယ္နဲ႔ အစားထိုးကုသဖို႔ စိတ္ကူးခဲ့သလို လက္ေတြ႕ အေကာင္အထည္ေဖၚမယ္လို႔လည္း ဆုံးျဖတ္ခဲ့ပါတယ္။

၁၉၅၇-ခုႏွစ္မွာ မႏၲေလးအ႐ိုးအထူးကုဌာနရဲ႕ ဌာနမႉးျဖစ္လာခ်ိန္ကစလို႔ ေဒါက္တာစံေဘာ္ဟာ ဆင္စြယ္နဲ႔ပတ္သက္တဲ့ သုေတသနေပါင္း ေျမာက္မ်ားစြာ ျပဳလုပ္ပါေတာ့တယ္။

ဒီဇိုင္းအမ်ိဳးမ်ိဳးကိုလည္း တီထြင္ပါတယ္။ က်ိဳးျပတ္သြားတဲ့ ေပါင္ရင္းက ဘု႐ိုးကို အစားထိုးဖို႔ Thomson prosthesis ပုံစံကိုယူကာ ဆင္စြယ္နဲ႔ ထုဆစ္ပါတယ္။

ဆင္စြယ္အ႐ိုးတုရဲ႕ ဝင္႐ိုး(Stem) ကို လႊသြားပုံ အထစ္အထစ္ (Serrated) ျပဳလုပ္ပါတယ္။ေနာက္ေတာ့ ေျပာင္ေခ်ာလုပ္ပါတယ္။

ဒါ့အျပင္ ဆင္စြယ္လက္ေခ်ာင္း႐ိုး၊ ဆင္စြယ္တံေတာင္ဆစ္႐ိုး၊ ဆင္စြယ္ပလိတ္ျပား (Ivory Plates)၊ ဆင္စြယ္ဝက္အူ (Ivory Screws) ၊

ဆင္စြယ္ Rush Nails မွအစ ဆင္စြယ္ Scaphoid bonds အထိ အမ်ိဳးမ်ိဳးေသာတီထြင္မႈေတြျပဳလုပ္ပါတယ္။ သူအလိုရွိတဲ့ ပုံစံမ်ားကို စိတ္တိုင္းက်ျဖစ္ေအာင္

ဇြဲခတ္စိတ္ရွည္စြာ ထုဆစ္ပုံေဖာ္ေပးခဲ့သူကေတာ့ မႏၲေလး တ႐ုပ္တန္းက ဆင္စြယ္ပန္းပုပညာရွင္ ကိုတင္ေအာင္ပါ။

ဆရာဦးစံေဘာ္ အသုံးျပဳခဲ့တဲ့ဆင္စြယ္ေတြဟာ သဘာဝအေလွ်ာက္ ေသဆုံးခဲ့တဲ့ဆင္ေတြရဲ႕ အစြယ္မ်ားသာျဖစ္ပါတယ္။

သဘာဝအေလွ်ာက္ေသဆုံးသြားတဲ့ ဆင္ေတြရဲ႕အစြယ္ေတြကို ျမန္မာ့သစ္လုပ္ငန္းက ဗဟိုေဆးသိုေလွာင္႐ုံ CMSD ကိုပို႔ေပးပါတယ္။ CMSD ကတစ္ဆင့္ ဆရာဦးစံေဘာ္ဆီေရာက္ပါတယ္။

၁၉၆ဝ-ခုႏွစ္ ဇႏၷဝါရီလမွာ ပထမဦးဆုံး ဆင္စြယ္နဲ႔ အ႐ိုးအစားထိုးခြဲစိတ္ကုသမႈ ျပဳလုပ္ခဲ့ပါတယ္။ လူနာကေတာ့ အသက္၈၃-ႏွစ္ရွိ ဝါခင္းကုန္းက ငယ္ျဖဴသီလရွင္ႀကီးေဒၚပုညဝတီပါ။

လူနာရွင္ကေတာ့ လူထုဦးလွနဲ႔ လူထုေဒၚအမာ တို႔ပါ။ သူတို႔ဇနီးေမာင္ႏွံဟာ ဆရာဦးစံေဘာ္နဲ႔ အလြန္ရင္းႏွီးတဲ့မိတ္ေဆြေတြျဖစ္ပါတယ္။

ခြဲစိတ္ကုသမႈကို သေဘာတူၾကသလို ဆင္စြယ္ဖိုး နဲ႔ ပန္းပုထုခ ကုန္က်ေငြ ၁၁၂-က်ပ္ လႉပါတယ္။ ၁၉၆၂-ခုႏွစ္ ျမန္မာႏိုင္ငံဆရာဝန္ညီလာခံမွာ

ဆရာဟာ သူ႔ရဲ႕သုေတသနစာတမ္း ဖတ္ၾကားပါတယ္။၁၉၆၉-ခုႏွစ္မ်ားမွာေတာ့ ၿဗိတိသွ်အ႐ိုးအထူးကုဆရာဝန္မ်ား ညီလာခံ (British Orthopaedic Association’s Conference 1969)မွာ

ဆင္စြယ္အစားထိုးကုသမႈဆိုင္ရာသုေတသနစာတမ္း (Ivory Prostheses for ununited fractures of neck of femur) ကို ဖတ္ပါတယ္။

အဲဒီညီလာခံကို တက္ေရာက္လာၾကတဲ့ အေမရိက ဥေရာပ အာဖရိက ဩစေတးလ် နဲ႔ နယူးဇီလန္ တို႔က အ႐ိုးဆရာဝန္မ်ားရဲ႕ ခ်ီက်ဴးမႈ ခံရပါတယ္။

ေနာက္ေတာ့ ေဟာင္ေကာင္ စင္ကာပူ မေလးရွား ဩစေတးလ်ႏိုင္ငံမ်ားသို႔ သြားေရာက္ကာ ေဆးတကၠသိုလ္ေဆး႐ုံမ်ားမွာ လက္ေတြ႕ျပသေဟာေျပာ ပို႔ခ်ခဲ့ပါတယ္။

ဆရာဟာ သူခြဲစိတ္ခဲ့တဲ့လူနာမ်ား ႏွစ္အေတာ္ၾကာမွ အျခားေရာဂါတစ္ခုခုေၾကာင့္ ဆုံးပါးသြားခဲ့ရင္ သူ႔ရဲ႕ လူသားအက်ိဳးျပဳသုေတသနကို ကူညီတဲ့အေနနဲ႔

သူခြဲခဲ့တဲ့ေပါင္႐ိုးကို ထုတ္ယူခြင့္ျပဳဖို႔ ေမတၱာရပ္ခံပါတယ္။ က်န္ရစ္သူမ်ားကလည္း ၾကည္ၾကည္ျဖဴျဖဴ သေဘာတူၾကပါတယ္။

ဒီလို ေလ့လာလိုက္တဲ့အခါ ဆင္စြယ္နဲ႔ လူ႔အ႐ိုးတို႔ဟာ သဟ ဇာတျဖစ္ေနယုံမွ်မက သင့္သင့္ျမတ္ျမတ္ေပါင္းစည္းေနတာ ေတြ႕ရပါတယ္။

ေဆးပညာေဝါဟာရအရ Creeping Substitution သို႔မဟုတ္ Biological Bounding လို႔ေခၚပါတယ္။ ဆရာခြဲစိတ္ခဲ့တဲ့ လူနာ ၄ဝဝ-ေက်ာ္မွာ အငယ္ဆုံး ၁၃-ႏွစ္နဲ႔ အႀကီးဆုံး ၈၇-ႏွစ္ပါ။

၈၇% ေအာင္ျမင္ပါတယ္။ ခြဲၿပီးလူနာမ်ား ေကာင္းစြာ လမ္းေလွ်ာက္ႏိုင္ပါတယ္၊ေဆာင့္ ေၾကာင့္ ထိုင္ႏိုင္ပါတယ္၊ စက္ဘီးစီးႏိုင္ပါတယ္၊ လူငယ္တစ္ခ်ိဳ႕ဆိုလွ်င္ ေဘာလုံးပင္ ကန္ႏိုင္ပါတယ္။

၂ဝ၁၉-ႏိုဝင္ဘာလမွာ ေလ့လာခဲ့တဲ့ စစ္တမ္းအရ ၂ဝ၁၉-ခုႏွစ္အထိ အသက္ရွင္လ်က္ရွိတဲ့ ဆင္စြယ္အစားထိုးကုသမႈ ခံယူထားသူ၃-ဦး ေတြ႕ရပါတယ္။

အသက္ ၆၄-ႏွစ္ရွိ ေဒၚသန္းေဌး (အသက္၁၃-ႏွစ္မွာခြဲစိတ္ခဲ့)၊ အသက္၆၇-ႏွစ္ရွိ ေဒၚအမာတင္ (အသက္၁၅-ႏွစ္မွာခြဲစိတ္ခဲ့) နဲ႔ ေဒၚသန္းသန္း အသက္၉ဝ-ပါ။ ေဒၚသန္းသန္းဟာ စိတ္ဝင္စားဖြယ္ေကာင္းတဲ့ လူနာတစ္ဦးပါ။

သူ႔အသက္၇ဝ-ခန႔္ ၁၉၉၅-ခုႏွစ္မွာ ဘယ္ဘက္ေပါင္႐ိုးက်ိဳးလို႔ ဆရာဦးစံေဘာ္ရဲ႕ တပည့္ ပါေမာကၡဦးမိတ္ က ဆင္စြယ္နဲ႔အစားထိုး ခြဲစိတ္ကုသခဲ့ပါတယ္။

၂ဝ၁၈-ခုႏွစ္မွာ ညာဘက္ေပါင္႐ိုးက်ိဳးလို႔ ပါေမာကၡဦးစိန္လွဦးက စတီး႐ိုး (Austin Moore Prosthesis) နဲ႔အစားထိုး ခြဲစိတ္ေပးခဲ့ပါတယ္။

ေဒၚသန္းသန္းဟာ ဘယ္ေပါင္႐ိုး ဆင္စြယ္အ႐ိုးတု၊ ညာေပါင္႐ိုး စတီးအ႐ိုးတုနဲ႔ ကမာၻေပၚမွာ တစ္ဦးတည္းေသာ အသက္၉ဝ-ေက်ာ္ အမ်ိဳးသမီးႀကီးအျဖစ္ မွတ္တမ္းဝင္ပါတယ္။

ဆရာႀကီးဦးစံေဘာ္ဟာ ေပါင္႐ိုးအျပင္ အျခားအ႐ိုးမ်ားကိုလည္း ဆင္စြယ္နဲ႔အစားထိုး ကုသမႈမ်ားျပဳလုပ္ခဲ့ပါေသးတယ္။၂ဝ၁၇-ခုႏွစ္ ႏိုဝင္ဘာလမွာ

ျမန္မာႏိုင္ငံက လက္ခံက်င္းပတဲ့ ၄၉-ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အ႐ိုးအထူးကုဆရာဝန္မ်ားညီလာခံကို Novotel Hotel မွာ က်င္ပခဲ့ပါတယ္။

ဆရာႀကီးဦးစံေဘာ္ ကြယ္လြန္ၿပီး ၃၃-ႏွစ္အၾကာမွာပါ။ အဲဒီညီလာခံမွာ ပိုလန္ႏိုင္ငံသား အ႐ိုးအထူးကုဆရာဝန္ႀကီး ေဒါက္တာ ဘာ့တက္ ေဇာ့စတာကိုစကီး (Dr Bartak Szostakowski ) က

Hemiarthroplasty, The Forgotten Concept Lives On ဆိုတဲ့ စာတမ္းတစ္ေစာင္ ဖတ္ၾကားခဲ့ပါတယ္။ ဆရာႀကီး ဦးစံေဘာ္ရဲ႕ သုေတသနလုပ္ငန္းကို ခ်ီးက်ဴးဂုဏ္ျပဳ တင္သြင္းတဲ့ စာတမ္းပါ။

အဲဒီ ညီလာခံမွာ အာစီယံႏိုင္ငံမ်ားအျပင္ အေမရိကန္ တ႐ုပ္ ဂ်ပန္ ကိုးရီးယား ေဟာင္ေကာင္နဲ႔ အာရွပစိဖိတ္ႏိုင္ငံမ်ားက အ႐ိုးအထူးကုဆရာဝန္ ၄၅-ဦး တက္ေရာက္ခဲ့ပါတယ္။

ဆရာႀကီး ဦးစံေဘာ္ဟာ ပညာရပ္ဆိုင္ရာမွာ ထူးခြၽန္သလို ပင္ကိုယ္စိတ္ထား အလြန္ႏူးညံ့ ႐ိုးေျဖာင့္သူ၊ အလြန္သေဘာေကာင္းသူ၊ ဟန္ေဆာင္မႈမရွိ ႐ိုး႐ိုးနဲ႔

ဘြင္းဘြင္းႀကီးေျပာတတ္သူ ၊ လူသားတစ္ဦးအေနနဲ႔ လည္းအလြန္ခ်စ္စရာေကာင္းသူ လို႔ ဆရာႀကီးရဲ႕ မိတ္ေဆြမ်ား လုပ္ေဖၚကိုင္ဖက္မ်ား တပည့္မ်ားက တညီတၫြတ္ မွတ္ခ်က္ျပဳၾကပါတယ္။

ဒီလို သမားဂုဏ္နဲ႔ ျပည့္ဝလွတဲ့ စံျပဆရာဝန္ႀကီး ၊ ကမာၻက ေလးစားခဲ့ရတဲ့ ထူးခြၽန္ေျပာင္ေျမာက္တဲ့ ဆရာဝန္ႀကီးတစ္ဦး ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ရွိခဲ့ပါလားလို႔ ဂုဏ္ယူရမွာပါ။

ဒီလိုဆရာဝန္ႀကီးမ်ိဳးရဲ႕ ဇြဲ၊လုံ႔လဝိရိယနဲ႔ တီထြင္မႈ တို႔အျပင္ သူ႔ရဲ႕ “႐ိုးဂုဏ္ “တို႔ကိုပါ မ်ိဳးဆက္သစ္ဆရာဝန္မ်ား နားလည္သေဘာေပါက္ တန္ဖိုးထားကာ အတုယူလိုက္နာ က်င့္သုံးသင့္လွပါေတာ့တယ္။

(ဆရာႀကီးနဲ႔ပတ္သက္ၿပီး သိထားတဲ့ အခ်က္အလက္ေတြ ပစ္လိုက္ရမွာ ႏွေမ်ာလို႔ စာရွည္သြားရပါတယ္။)

ကိုးကား။

၁။ ေအာက္ေမ့တသ အမွတ္တရစာ၊လူထုေဒၚအမာ၊စာ-၁၂၃-

၂။ ဆင္စြယ္ႏွင့္ အ႐ိုးအစားထိုးကုသမႈ ျမန္မာ့ေအာင္ပြဲစာတမ္း၊ဇာနီေမာင္၊ သတင္းစုံfb 20-11-17.

၃။ AntiFacts/ Hemiarthroplasty.The Forgotten Concept Lives On.BatekSzostakowski. M.B,B.S; FRCS(Tr and Ortho.)

၄။ Rembering a Myanmar Surgical Pioneer. Dr Myint Zan.(7-12-2019.)

၅။ My Old Lecturer ; Idolized;Orthopaedic surgeon,Dr San Baw. Dr Ko Ko Gyi’s Blog.

၆။ အ႐ိုးအထူးကုဆရာဝန္ႀကီး(ၿငိမ္း) ပါေမာကၡ ဦးေက်ာ္ျမင့္ႏိုင္၏ ေျပာျပခ်က္။

Crd, Dr Min Swe

Unicode

ကမ္ဘာမှာ ရှားရှားပါးပါး ဆင်စွယ်ဖြင့် အရိုးအစားထိုးကုသသူ ဒေါက်တာ ဦးစံဘော်

ဆင်စွယ်နဲ့ အရိုးအစားထိုးကုထုံးကို ၁၈၉၁-ခုနှစ်က ဂျာမဏီနိုင်ငံမှာ တစ်ကြိမ်၊ ၁၉၂၇-ခုနှစ်က အင်္ဂလန် နိုင်ငံမှာ တစ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း လေ့လာသိရှိရပါတယ်။

ထူးခြားချက်တစ်ခုကတော့ ၁၉၆ဝ-ခုနှစ်မှ ၁၉၈ဝ-ခုနှစ်အတွင်း လူနာပေါင်း ၄ဝဝ-ကျော်ကို ဆင်စွယ်နဲ့ အစားထိုးကုခဲ့သူတစ်ဦး ကမ္ဘာမြေမှာ ရှားရှားပါးပါး ပေါ်ထွက်ခဲ့ဖူးပါတယ်။

သူကတော့ မြန်မာနိုင်ငံက အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာဦးစံဘော် ဖြစ်ပါတယ်။ ဒေါက်တာ စံဘော်ဟာ Pennsylvania University မှာ ဘွဲ့လွန်သင်တန်းတက်စဉ်

၁၉၅ဝ-ခုနှစ်လောက်ကပင် ပေါင်ရိုးကျိုးလူနာတွေကို ဆင်စွယ်နဲ့ အစားထိုးကုသဖို့ စိတ်ကူးခဲ့သလို လက်တွေ့ အကောင်အထည်ဖေါ်မယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၅၇-ခုနှစ်မှာ မန္တလေးအရိုးအထူးကုဌာနရဲ့ ဌာနမှူးဖြစ်လာချိန်ကစလို့ ဒေါက်တာစံဘော်ဟာ ဆင်စွယ်နဲ့ပတ်သက်တဲ့ သုတေသနပေါင်း မြောက်များစွာ ပြုလုပ်ပါတော့တယ်။

ဒီဇိုင်းအမျိုးမျိုးကိုလည်း တီထွင်ပါတယ်။ ကျိုးပြတ်သွားတဲ့ ပေါင်ရင်းက ဘုရိုးကို အစားထိုးဖို့ Thomson prosthesis ပုံစံကိုယူကာ ဆင်စွယ်နဲ့ ထုဆစ်ပါတယ်။

ဆင်စွယ်အရိုးတုရဲ့ ဝင်ရိုး(Stem) ကို လွှသွားပုံ အထစ်အထစ် (Serrated) ပြုလုပ်ပါတယ်။နောက်တော့ ပြောင်ချောလုပ်ပါတယ်။

ဒါ့အပြင် ဆင်စွယ်လက်ချောင်းရိုး၊ ဆင်စွယ်တံတောင်ဆစ်ရိုး၊ ဆင်စွယ်ပလိတ်ပြား (Ivory Plates)၊ ဆင်စွယ်ဝက်အူ (Ivory Screws) ၊

ဆင်စွယ် Rush Nails မှအစ ဆင်စွယ် Scaphoid bonds အထိ အမျိုးမျိုးသောတီထွင်မှုတွေပြုလုပ်ပါတယ်။ သူအလိုရှိတဲ့ ပုံစံများကို စိတ်တိုင်းကျဖြစ်အောင်

ဇွဲခတ်စိတ်ရှည်စွာ ထုဆစ်ပုံဖော်ပေးခဲ့သူကတော့ မန္တလေး တရုပ်တန်းက ဆင်စွယ်ပန်းပုပညာရှင် ကိုတင်အောင်ပါ။

ဆရာဦးစံဘော် အသုံးပြုခဲ့တဲ့ဆင်စွယ်တွေဟာ သဘာဝအလျှောက် သေဆုံးခဲ့တဲ့ဆင်တွေရဲ့ အစွယ်များသာဖြစ်ပါတယ်။

သဘာဝအလျှောက်သေဆုံးသွားတဲ့ ဆင်တွေရဲ့အစွယ်တွေကို မြန်မာ့သစ်လုပ်ငန်းက ဗဟိုဆေးသိုလှောင်ရုံ CMSD ကိုပို့ပေးပါတယ်။ CMSD ကတစ်ဆင့် ဆရာဦးစံဘော်ဆီရောက်ပါတယ်။

၁၉၆ဝ-ခုနှစ် ဇန္နဝါရီလမှာ ပထမဦးဆုံး ဆင်စွယ်နဲ့ အရိုးအစားထိုးခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပါတယ်။ လူနာကတော့ အသက်၈၃-နှစ်ရှိ ဝါခင်းကုန်းက ငယ်ဖြူသီလရှင်ကြီးဒေါ်ပုညဝတီပါ။

လူနာရှင်ကတော့ လူထုဦးလှနဲ့ လူထုဒေါ်အမာ တို့ပါ။ သူတို့ဇနီးမောင်နှံဟာ ဆရာဦးစံဘော်နဲ့ အလွန်ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုကို သဘောတူကြသလို ဆင်စွယ်ဖိုး နဲ့ ပန်းပုထုခ ကုန်ကျငွေ ၁၁၂-ကျပ် လှူပါတယ်။ ၁၉၆၂-ခုနှစ် မြန်မာနိုင်ငံဆရာဝန်ညီလာခံမှာ

ဆရာဟာ သူ့ရဲ့သုတေသနစာတမ်း ဖတ်ကြားပါတယ်။၁၉၆၉-ခုနှစ်များမှာတော့ ဗြိတိသျှအရိုးအထူးကုဆရာဝန်များ ညီလာခံ (British Orthopaedic Association’s Conference 1969)မှာ

ဆင်စွယ်အစားထိုးကုသမှုဆိုင်ရာသုတေသနစာတမ်း (Ivory Prostheses for ununited fractures of neck of femur) ကို ဖတ်ပါတယ်။

အဲဒီညီလာခံကို တက်ရောက်လာကြတဲ့ အမေရိက ဥရောပ အာဖရိက ဩစတေးလျ နဲ့ နယူးဇီလန် တို့က အရိုးဆရာဝန်များရဲ့ ချီကျူးမှု ခံရပါတယ်။

နောက်တော့ ဟောင်ကောင် စင်ကာပူ မလေးရှား ဩစတေးလျနိုင်ငံများသို့ သွားရောက်ကာ ဆေးတက္ကသိုလ်ဆေးရုံများမှာ လက်တွေ့ပြသဟောပြော ပို့ချခဲ့ပါတယ်။

ဆရာဟာ သူခွဲစိတ်ခဲ့တဲ့လူနာများ နှစ်အတော်ကြာမှ အခြားရောဂါတစ်ခုခုကြောင့် ဆုံးပါးသွားခဲ့ရင် သူ့ရဲ့ လူသားအကျိုးပြုသုတေသနကို ကူညီတဲ့အနေနဲ့

သူခွဲခဲ့တဲ့ပေါင်ရိုးကို ထုတ်ယူခွင့်ပြုဖို့ မေတ္တာရပ်ခံပါတယ်။ ကျန်ရစ်သူများကလည်း ကြည်ကြည်ဖြူဖြူ သဘောတူကြပါတယ်။

ဒီလို လေ့လာလိုက်တဲ့အခါ ဆင်စွယ်နဲ့ လူ့အရိုးတို့ဟာ သဟ ဇာတဖြစ်နေယုံမျှမက သင့်သင့်မြတ်မြတ်ပေါင်းစည်းနေတာ တွေ့ရပါတယ်။

ဆေးပညာဝေါဟာရအရ Creeping Substitution သို့မဟုတ် Biological Bounding လို့ခေါ်ပါတယ်။ ဆရာခွဲစိတ်ခဲ့တဲ့ လူနာ ၄ဝဝ-ကျော်မှာ အငယ်ဆုံး ၁၃-နှစ်နဲ့ အကြီးဆုံး ၈၇-နှစ်ပါ။

၈၇% အောင်မြင်ပါတယ်။ ခွဲပြီးလူနာများ ကောင်းစွာ လမ်းလျှောက်နိုင်ပါတယ်၊ဆောင့် ကြောင့် ထိုင်နိုင်ပါတယ်၊ စက်ဘီးစီးနိုင်ပါတယ်၊ လူငယ်တစ်ချို့ဆိုလျှင် ဘောလုံးပင် ကန်နိုင်ပါတယ်။

၂ဝ၁၉-နိုဝင်ဘာလမှာ လေ့လာခဲ့တဲ့ စစ်တမ်းအရ ၂ဝ၁၉-ခုနှစ်အထိ အသက်ရှင်လျက်ရှိတဲ့ ဆင်စွယ်အစားထိုးကုသမှု ခံယူထားသူ၃-ဦး တွေ့ရပါတယ်။

အသက် ၆၄-နှစ်ရှိ ဒေါ်သန်းဌေး (အသက်၁၃-နှစ်မှာခွဲစိတ်ခဲ့)၊ အသက်၆၇-နှစ်ရှိ ဒေါ်အမာတင် (အသက်၁၅-နှစ်မှာခွဲစိတ်ခဲ့) နဲ့ ဒေါ်သန်းသန်း အသက်၉ဝ-ပါ။ ဒေါ်သန်းသန်းဟာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ လူနာတစ်ဦးပါ။

သူ့အသက်၇ဝ-ခန့် ၁၉၉၅-ခုနှစ်မှာ ဘယ်ဘက်ပေါင်ရိုးကျိုးလို့ ဆရာဦးစံဘော်ရဲ့ တပည့် ပါမောက္ခဦးမိတ် က ဆင်စွယ်နဲ့အစားထိုး ခွဲစိတ်ကုသခဲ့ပါတယ်။

၂ဝ၁၈-ခုနှစ်မှာ ညာဘက်ပေါင်ရိုးကျိုးလို့ ပါမောက္ခဦးစိန်လှဦးက စတီးရိုး (Austin Moore Prosthesis) နဲ့အစားထိုး ခွဲစိတ်ပေးခဲ့ပါတယ်။

ဒေါ်သန်းသန်းဟာ ဘယ်ပေါင်ရိုး ဆင်စွယ်အရိုးတု၊ ညာပေါင်ရိုး စတီးအရိုးတုနဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော အသက်၉ဝ-ကျော် အမျိုးသမီးကြီးအဖြစ် မှတ်တမ်းဝင်ပါတယ်။

ဆရာကြီးဦးစံဘော်ဟာ ပေါင်ရိုးအပြင် အခြားအရိုးများကိုလည်း ဆင်စွယ်နဲ့အစားထိုး ကုသမှုများပြုလုပ်ခဲ့ပါသေးတယ်။၂ဝ၁၇-ခုနှစ် နိုဝင်ဘာလမှာ

မြန်မာနိုင်ငံက လက်ခံကျင်းပတဲ့ ၄၉-ကြိမ်မြောက် အရှေ့တောင်အာရှ အရိုးအထူးကုဆရာဝန်များညီလာခံကို Novotel Hotel မှာ ကျင်ပခဲ့ပါတယ်။

ဆရာကြီးဦးစံဘော် ကွယ်လွန်ပြီး ၃၃-နှစ်အကြာမှာပါ။ အဲဒီညီလာခံမှာ ပိုလန်နိုင်ငံသား အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာ ဘာ့တက် ဇော့စတာကိုစကီး (Dr Bartak Szostakowski ) က

Hemiarthroplasty, The Forgotten Concept Lives On ဆိုတဲ့ စာတမ်းတစ်စောင် ဖတ်ကြားခဲ့ပါတယ်။ ဆရာကြီး ဦးစံဘော်ရဲ့ သုတေသနလုပ်ငန်းကို ချီးကျူးဂုဏ်ပြု တင်သွင်းတဲ့ စာတမ်းပါ။

အဲဒီ ညီလာခံမှာ အာစီယံနိုင်ငံများအပြင် အမေရိကန် တရုပ် ဂျပန် ကိုးရီးယား ဟောင်ကောင်နဲ့ အာရှပစိဖိတ်နိုင်ငံများက အရိုးအထူးကုဆရာဝန် ၄၅-ဦး တက်ရောက်ခဲ့ပါတယ်။

ဆရာကြီး ဦးစံဘော်ဟာ ပညာရပ်ဆိုင်ရာမှာ ထူးချွန်သလို ပင်ကိုယ်စိတ်ထား အလွန်နူးညံ့ ရိုးဖြောင့်သူ၊ အလွန်သဘောကောင်းသူ၊ ဟန်ဆောင်မှုမရှိ ရိုးရိုးနဲ့

ဘွင်းဘွင်းကြီးပြောတတ်သူ ၊ လူသားတစ်ဦးအနေနဲ့ လည်းအလွန်ချစ်စရာကောင်းသူ လို့ ဆရာကြီးရဲ့ မိတ်ဆွေများ လုပ်ဖေါ်ကိုင်ဖက်များ တပည့်များက တညီတညွတ် မှတ်ချက်ပြုကြပါတယ်။

ဒီလို သမားဂုဏ်နဲ့ ပြည့်ဝလှတဲ့ စံပြဆရာဝန်ကြီး ၊ ကမ္ဘာက လေးစားခဲ့ရတဲ့ ထူးချွန်ပြောင်မြောက်တဲ့ ဆရာဝန်ကြီးတစ်ဦး ကျွန်တော်တို့နိုင်ငံမှာ ရှိခဲ့ပါလားလို့ ဂုဏ်ယူရမှာပါ။

ဒီလိုဆရာဝန်ကြီးမျိုးရဲ့ ဇွဲ၊လုံ့လဝိရိယနဲ့ တီထွင်မှု တို့အပြင် သူ့ရဲ့ “ရိုးဂုဏ် “တို့ကိုပါ မျိုးဆက်သစ်ဆရာဝန်များ နားလည်သဘောပေါက် တန်ဖိုးထားကာ အတုယူလိုက်နာ ကျင့်သုံးသင့်လှပါတော့တယ်။

(ဆရာကြီးနဲ့ပတ်သက်ပြီး သိထားတဲ့ အချက်အလက်တွေ ပစ်လိုက်ရမှာ နှမျောလို့ စာရှည်သွားရပါတယ်။)

ကိုးကား။

၁။ အောက်မေ့တသ အမှတ်တရစာ၊လူထုဒေါ်အမာ၊စာ-၁၂၃-

၂။ ဆင်စွယ်နှင့် အရိုးအစားထိုးကုသမှု မြန်မာ့အောင်ပွဲစာတမ်း၊ဇာနီမောင်၊ သတင်းစုံfb 20-11-17.

၃။ AntiFacts/ Hemiarthroplasty.The Forgotten Concept Lives On.BatekSzostakowski. M.B,B.S; FRCS(Tr and Ortho.)

၄။ Rembering a Myanmar Surgical Pioneer. Dr Myint Zan.(7-12-2019.)

၅။ My Old Lecturer ; Idolized;Orthopaedic surgeon,Dr San Baw. Dr Ko Ko Gyi’s Blog.

၆။ အရိုးအထူးကုဆရာဝန်ကြီး(ငြိမ်း) ပါမောက္ခ ဦးကျော်မြင့်နိုင်၏ ပြောပြချက်။

Crd, Dr Min Swe

Post Views: 3

Crd



Post Views:
12

Crd