ကမ္ဘာပျက်သုဉ်းမှုကို ကြိုတင်ခန့်မှန်းနိုင်တဲ့ Doomsday နာရီအကြောင်း

ကမ္ဘာပျက်သုဉ်းမှုကို ကြိုတင်ခန့်မှန်းနိုင်တဲ့ Doomsday နာရီအကြောင်း
အဏုမြူ သိပ္ပံပညာရှင်များက နျူကလီးယားစစ်ပွဲနဲ့ ရာသီဥတုဖောက်ပြန်ခြင်းကဲ့သို့သော ဖြစ်တည်မှုဆိုင်ရာခြိမ်းခြောက်မှုများကြောင့် လူသားမျိုးနွယ်ဟာ ၂၀၂၃ ခုနှစ်မှာ အန္တရာယ်ကြီးမားစွာ ရင်ဆိုင်ရမယ်လို့ ယုံကြည်နေကြပါတယ်။
ဒီလိုမျိုး ကမ္ဘာ ပျက်သုဉ်းသွားနိုင်တဲ့ ခန့်မှန်းချေမှာ မည်မျှနီးကပ်နေပြီဖြစ်ကြောင်းကိုလည်း “Doomsday Clock” (ကမ္ဘာပျက်ချိန် နာရီ)ဖြင့် ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဇန်နဝါရီ ၂၄) က ပြန်လည်သတ်မှတ်ခဲ့ကြရမှာ အံ့အားသင့်စရာ ရလဒ်တစ်ခု ထွက်ပေါ်လို့လာခဲ့ပါတယ်။
အနုမြူသိပ္ပံပညာရှင်များရဲ့ ထုတ်ပြန်ချက်အရ လူသားမျိုးနွယ်ဟာ စစ်အေးတိုက်ပွဲအတွင်းကထက် ကြီးမားတဲ့ ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုများနဲ့ ရင်ဆိုင်နေရကြောင်း လက်ရှိမှာ သုံးသပ်ချက်ချနိုင်ပါတယ်။
လူလုပ် ပျက်သုဉ်းခြင်းတွေကို သတိပေးရန်အတွက် လွန်ခဲ့သော ၇၆ နှစ်က ဖန်တီးခဲ့တဲ့ Doomsday Clock ဟာ ယမန်နေ့က သန်းခေါင်ယံမှာ စတင်ပြီး စက္ကန့် ၉၀ သို့ ရွေ့လျားသွားခဲ့ပါတယ်။
ယူကရိန်းမှာ ရုရှားရဲ့ ဆက်လက်ကျူးကျော်နေမှု၊ ရာသီဥတု အကျပ်အတည်းနဲ့ ဇီဝဗေဒဆိုင်ရာ ခြိမ်းခြောက်မှုများဖြစ်တဲ့ COVID-19 ပျံ့နှံ့မှုတို့ဟာ အခုလို ကမ္ဘာပျက်သုဉ်းမယ့် အနေအထားကို ခန့်မှန်းနိုင်တဲ့ နာရီ ရွေ့လျားသွားရတဲ့ အကြောင်းရင်းများ ဖြစ်ပါတယ်။
စစ်အေးတိုက်ပွဲကြီး အပါအဝင် လူသားမျိုးနွယ်တို့ ပျက်သုဉ်းရန်အတွက် ယခင်ကထက် ပိုမိုနီးကပ်ပြီး နာရီလက်တံဟာ ပြောင်းလဲလာခဲ့တာပါ။
လွန်ခဲ့တဲ့ သုံးနှစ်အတွင်း နာရီဟာ သန်းခေါင်အချိန်မှာ စက္ကန့် ၁၀၀ ၌ ရပ်တန့်နေခဲ့ပြီး ယခုအချိန်အထိ လူသားမျိုးနွယ်ရဲ့ ပျက်စီးခြင်းတို့အတွက် အနီးစပ်ဆုံးအချက်အဖြစ် ရွေ့လျားနေခဲ့ပါတယ်။
ယခုအခါမှာတော့ ယူကရိန်းစစ်ပွဲအတွင်း အန္တရာယ်များ တိုးလာခြင်းကြောင့် နာရီရဲ့လက်တံဟာ ရှေ့သို့ ၉၀ စက္ကန့်စာ ခြေတစ်လှမ်း ထပ်မံတိုးလာခဲ့ပါပြီ။ ဒီအတွက်ကြောင့် Doomsday Clock ဆိုတာ ဘာလဲဆိုတာကို အသေးစိတ် ရှင်းပြပေးသွားလိုပါတယ်။
Doomsday Clock ဆိုတာ ဘာလဲ။
“Doomsday Clock” ဟာ ကမ္ဘာကြီး အဆုံးသတ်ဖို့ မည်မျှနီးကပ်လာကြောင်း ပြသနေမယ့် သင်္ကေတ အချိန်တစ်ခုဖြစ်ပါတယ်။သန်းခေါင်ယံကတော့ ပျက်စီးခြင်းရဲ့ သီအိုရီဆိုင်ရာ အမှတ်အသားပါ။
နိုင်ငံရေးတင်းမာမှုများ၊ လက်နက်များ၊ နည်းပညာများ၊ ရာသီဥတုပြောင်းလဲမှုနဲ့ ကပ်ရောဂါဖျားနာမှုများမှ ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုတွေဟာ ဒီနာရီကို ရွေ့လျားစေနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ အချိန်ကာလတစ်ခုအတွင်း ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုများကို ဖတ်ရှုခြင်းအပေါ် အခြေခံ၍ နာရီလက်တံများဟာ သန်းခေါင်ယံ အနီး သို့မဟုတ် ပိုမိုဝေးရာသို့ ရွေ့လျားသွားကြပါတယ်။
နာရီကို ဘယ်လိုသတ်မှတ်လဲ။
ချီကာဂိုအခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Bulletin of the Atomic Scientists ဟာ ဂြိုဟ်နဲ့ လူသားတို့အပေါ် ကပ်ဘေးအန္တရာယ်များဆိုင်ရာ အချက်အလက်တွေအပေါ် အခြေခံ၍ အချိန်ကို နှစ်စဉ် update လုပ်ရင်း သူတို့ဝဘ်ဆိုက်မှာ “အချိန်” ကို ပြသထားပါတယ်။
နိုဘယ်ဆုရှင် ၁၃ ဦး အပါအဝင် နျူကလီးယားနည်းပညာ၊ ရာသီဥတုသိပ္ပံဆိုင်ရာ သိပ္ပံပညာရှင်များနဲ့ အခြားကျွမ်းကျင်သူများ အဖွဲ့ဟာ ကမ္ဘာ့ဖြစ်ရပ်များကို ဆွေးနွေးကြပြီး နှစ်စဉ် နာရီလက်တံများကို ထားရှိရမည့်နေရာကို ဆုံးဖြတ်ကြပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ကမ္ဘာ့ပထမဆုံးနျူကလီးယားလက်နက်များ ထုတ်လုပ်ရန်အတွက် Manhattan ပရောဂျက်ကို လုပ်ဆောင်ခဲ့ဖူးတဲ့ အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein) အပါအဝင် အဏုမြူသိပ္ပံပညာရှင်တစ်စုက ၁၉၄၇ ခုနှစ်မှာ ဒီနာရီကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။
အခု ဘယ်အချိန်ရှိပြီလဲ။
သန်းခေါင်ယံအနီးကို စက္ကန့် ၁၀၀ အထိ တိုးလာခဲ့ဖူးတဲ့ “Doomsday Clock” ဟာ ယမန်နေ့ညက စက္ကန့် ၉၀ ထပ်တိုးလာပြီး နာရီဟာ သန်းခေါင်ယံနား ရောက်ဖူးသမျှ အနီးဆုံး အချိန်တစ်ခုကို ရောက်ရှိနေပါပြီ။
၂၀၂၀ ခုနှစ်ကတည်းနာရီဟာ စက္ကန့် ၁၀၀ တိုးလာခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ၉၀ စက္ကန့် ထပ်ပေါင်းလိုက်ရင် သုံးနှစ်အတွင်း စုစုပေါင်း ၁၉၀ စက္ကန့် (၂ မိနစ်နဲ့ ၃၀ စက္ကန့်) သန်းခေါင်ယံနဲ့ နီးလာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
ဒီလို စက္ကန့် ၉၀ ရွေ့လျားလာမှုဟာလည်း ယခုနှစ်မှာ ရုရှားရဲ့ကျူးကျော်မှုက ယူကရိန်းအား နျူကလီးယားစစ်ပွဲအတွက် ခြိမ်းခြောက်မှုများကို ထင်ဟပ်စေမှာ ဖြစ်ပါတယ်။
နာရီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၅ဝ ကျော်မှစတင်ပြီး ညသန်းခေါင်အချိန်ကို နီးကပ်စွာ ရွေ့လျားလာခဲ့ပါတယ်။ သန်းခေါင်ယံနဲ့ ၁၇ မိနစ်အကွာ ရောက်နေခဲ့ချိန်မှာတော့ ၁၉၉၁ ခုနှစ်မှာ စစ်အေးတိုက်ပွဲ ပြီးဆုံးခဲ့ပါပြီ။
နှစ်နိုင်ငံစလုံးရဲ့ နျူကလီးယားလက်နက်များကို သိသိသာသာ လျှော့ချပေးတဲ့ မဟာဗျူဟာ လက်နက်လျှော့ချရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်တာကြောင့် နာရီဟာ ၁၉၉၁ မှာ ကမ္ဘာပျက်မယ့်နေ့နဲ့ အဝေးဆုံးမှာ ရှိနေခဲ့ပါတယ်။
ဒါကြောင့် ကျွန်ုပ်တို့ဟာ မကြုံစဖူး အန္တရာယ်မြင့်မားတဲ့ ကာလတွေမှာ နေထိုင်နေကြပြီး Doomsday နာရီအချိန်ကလည်း ထိုအဖြစ်မှန်ကို ထင်ဟပ်နေပါတယ်။
သန်းခေါင်ယံအချိန်နဲ့ ၉၀ စက္ကန့်ပဲ ကွာဟတော့တာက သန်းခေါင်ကို ကမ္ဘာပျက်ကိန်းလို့ သတ်မှတ်ထားတာကြောင့် ကမ္ဘာကြီးပျက်စီးဖို့ အနီးကပ်ဆုံးအချိန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
“ဒါဟာ ကျွန်မတို့ ကျွမ်းကျင်သူတွေအနေနဲ့ ပေါ့ပေါ့တန်တန် လျစ်လျူရှုထားရမယ့် အရာမျိုးမဟုတ်ပါဘူး” လို့ BAS ရဲ့ ဥက္ကဌနဲ့ CEO ဖြစ်သူ Rachel Bronson က ဇန်နဝါရီ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတိပေးပြောကြားသွားခဲ့ပါတယ်။
သူမက ဆက်လက်ပြီး “အမေရိကန်အစိုးရ၊ နေတိုးမဟာမိတ်များနဲ့ ယူကရိန်းတို့အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်းကြောင်းများစွာရှိပါတယ်။
နာရီကို နောက်ပြန်လှည့်သွားဖို့ သူတို့ရဲ့စွမ်းရည်တွေကို အပြည့်အ၀ အသုံးချလေ့လာဖို့ ပညာရှင်တွေကိုလည်း ကျွန်မတို့ တိုက်တွန်းထားပါတယ်။” လို့ ဆိုသွားခဲ့ပါတယ်။
Knight News Team
Knight News © 2022
Crd