ကမ္ဘာပေါ် အောက်ဆီဂျင်ဓါတ်ငွေ့ဘယ်လိုရောက်လာသလဲ

Knowledge News

ကမ္ဘာပေါ် အောက်ဆီဂျင်ဓါတ်ငွေ့ဘယ်လိုရောက်လာသလဲ

ကမ္ဘာပေါ်က အောက်ဆီဂျင်ဓာတ်ငွေ့တွေ ဘယ်ကရသလဲဆိုတာလေ့လာနေတဲ့သိပ္ပံပညာရှင်တွေက ဖြစ်နိုင်ခြေတခုကိုတွေ့ရှိထားပါတယ်။ ရှေးနှစ်သန်းပေါင်းများစွာမှာ ရှိခဲ့တဲ့ ဘက်တီးရီးယားပိုးမွှားတွေက နေ့တာရှည်လို့အလင်းရောက်ပိုရလာတဲ့အခါ အောက်ဆီဂျင်တွေပိုပြီးထုတ်လွှတ်တယ်ဆိုတဲ့အချက်ကိ သုတေသီတွေ သွားတွေ့ပါတယ်။ အောက်ဆီဂျင်တွေရှိနေလို့သာ ကမ္ဘာပေါ်မှာ သက်ရှိသတ္တဝါတွေနဲ့ အပင်တွေ အသက်ရှင်သန်နိုင်ကြတာဖြစ်ပါတယ်။ အေပီသတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

အမေရီကန်နဲ့ကနေဒါနိုင်ငံနယ်စပ်၊ မီရှီဂန်ပြည်နယ်ထဲက Lake Huron ရေကန် ကြမ်းပြင်အောက်ကနေ ခရမ်းရောင်ရှိတဲ့ ပစ်ချွဲချွဲ ဘက်တီးရီးယားပိုးမွှားတွေကို ယူပြီး ဓာတ်ခွဲခန်းထဲမှာ အလင်းရောင်ပေးပြီး စမ်းသပ်ခဲ့ပါတယ်။ ဒီအခါမှာ အလင်းရောင်များများရလေ ပိုးလေးတွေဆီက အောက်ဆီဂျင်ဓာတ်ပိုထွက်လလေ ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက ကမ္ဘာမြေပေါ်မှာ အောက်ဆီဂျင်နည်းနည်းကလေးပဲရှိရာက ခုလိုအတိုင်းအထာထိ ဘယ်လိုတိုးလာသလဲဆိုတဲ့မေးခွန်းက သိပ္ပံပညာအတွက်တော့ ပဟေဋိကြီးတခုအဖြစ်ရှိနေပါသေးတယ်။

ဒီနေရာမှာ Cyanobacteria လို့ခေါ်တဲ့ ပိုးမွှားလေးတွေ ပါဝင်ပတ်သက်မှုရှိနေတာကို သုတေသီတွေ တွေ့ရှိခဲ့ပေမယ့် အောက်ဆီဂျင်ဓာတ်အများအပြားဘယ်လိုပေါ်ပေါက်လာသလဲဆိုတာကတော့ အဖြေရှာမရသေးပါဘူး။ သဘာဝဗီဇပညာဌာန သြဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ သုတေသနစာတမ်းတခုမှာတော့ ကမ္ဘာလည်ပတ်မှုနှေးကွေးလာပြီး တရက်ကို ၆ နာရီရှိရာကနေ ၂၄ နာရီထိ နေ့တာရှည်လာတာက Cyanobacteria ပိုးမွှားလေးတွေအောက်ဆီဂျင်တွေပိုထုတ်လွတ်နိုင်ဖို့ အဓိကကျတဲ့အချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂.၄ ဘီလီယံလောက်မှာတော့ ကမ္ဘာ့လေထုထဲမှာ တိုင်းတာကြည့်လို့တောင်မရနိုင်လောက်အောင် အောက်ဆီဂျင်နည်းနည်းကလေးပဲရှိခဲ့တဲ့အတွက်သက်ရှိသတ္တဝါနဲ့ အပင်တွေ အသက်ရှင်သန်လို့မရခဲ့ပါဘူး။ ဒါပေမယ့်လည်း အလင်းရောင်ပိုရလာတဲ့ Cyanobacteria ပိုးမွှားလေးတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေကို ရှုသွင်းပြီး အောက်ဆီဂျင်တွေထုတ်လွှတ်ခဲ့ကြပါတယ်။

ကမ္ဘာပေါ်မှာ ဘက်တီးရီးယားပိုးမွှားတွေ နှစ်ပေါင်းသန်းနဲ့ချီ ဖုံးလွှမ်းနေခဲ့ပုံရပါတယ်။ လက်ရှိမှာတော့ သူတို့ကို Middle Island Sinkhole လိုလက်လှမ်းမီဖို့သိပ်ခက်တဲ့ နေရာမျိုးမှာပဲတွေ့ရပါတယ်။ အဲဒီ ဒီပိုးမွှားတွေကပဲ အောက်ဆီဂျင်ဓာတ်ငွေ့တွေအဖြစ် အသွင်ပြောင်းလာစေမယ့် ဓာတ်ငွေ့တွေ အဓီကထုတ်လွှတ်ခဲ့တာပါ။ ဒါကြောင့်လည်း ကျမတို့ ခုလိုအသက်ရှု လို့ရနေတာဖြစ်ပါတယ်။

အစပိုင်းမှာ အဲဒီလိုထွက်လာတဲ့ အောက်ဆီဂျင် သိပ်မများဘူးဆိုပေမယ့် နှစ်ဘီလီယံပေါင်း ၄ လောက်ကြာလာတဲ့အခါမှာတော့ ကမ္ဘာ့လေထုထဲ အေက်ဆီဂျင်တွေဟာ ခုလက်ရှိပမာဏာရဲ့ဆယ်ပုံ တပုံလောက်ထိ တိုးလာပါတယ်။ ဒါ အလွန်များတဲ့ ပမာဏဖြစ်တယ်လို့ ဂျာမဏီနိုင်ငံ၊ Max Planck Institute ကအစီရင်ခံစာ ဦးဆောင်ပြုစုသူ ဇီဝဓာတုပညာရှင် Judith Klatt ကပြောပါတယ်။ ဒါကြောင့်လည်း အပင်နဲ့ တိရိစ္တာန်တွေ ပေါက်ပွါးလာပြီး အပင်တွေကလည်း အောက်ဆီဂျင်တွေထုတ်လွှတ်လာတယ်လို့ပြောပါတယ်။ အဲဒီဘက်တီးရီးယားပိုးမွှားတွေကအောက်ဆီ၈ျင်တွေကို ဘာကြောင့်အများအပြားထုတ်လွတ်ခဲ့ကြတာပါလဲ။ ပင်လယ်ဒီရေနဲ့ ကမ္ဘာလည်ပတ်မှု ဆက်စပ်ပုံအကြောင်း လေ့လာနေတဲ့ မီရှီဂန်တက္ကသိုလ် အဏဝါဗေဒပညာရှင် Brian Arbic က ခုလိုသုံးသပ်ပါတယ်။

“အောက်ဆီဂျင်ဓာတ်တွေ စပြီးထွက်လာတဲ့ အချိန်တုန်းက ကမ္ဘာ့လည်ပတ်မှုက အတော်နှေးပါတယ်။ နေထွက်ပြီး နေ့တာရှည်လာတဲ့အခါကျတော့ အဲဒီပိုးမွှားလေးတွေလည်း ဓာတ်ငေ့တွေ ထုတ်လွှတ်ဖို့ အချိန်တွေပိုရလာကြတာပါ။ “

ပင်လယ်ဒီရေတွေနဲ့ လရဲ့ဆွဲငင်အားတွေ တုန့်ပြန်ပုံတွေရှုပ်ထွေးနေခဲ့တာကြောင့် ကမ္ဘာလည်ပတ်မှုနှေးကွေးခဲ့တာဖြစ်ပါတယ်။ အဲဒီအယူအဆမှန်မမှန်ဆိုတာသိနိုင်အောင် လွန်ခဲ့တဲ့နှစ်ပေါင်း၂.၄ ဘီလီယံလောက်ကရှိခဲ့တဲ့ ဘက်တီးရီးယားတွေနဲ့ အလားတူ Lake Huron ရေကန်ကြီးရဲ့ ပေ၈၀ အနက်လောက်ကတွင်းကြီးထဲက ပိုးမွှားတွေကို ယူပြီး မီရှီဂန်နဲ့ ဂျာမန် သုတေသီတွေက စမ်းသပ်ခဲ့ကြပါတယ်။

ကမ္ဘာကြီးဟာ Middle Island Sinkhole တွင်းနက်ကြီးထဲက ပုံစံမျိုး ဖြစ်ခဲ့မယ်လို့ ကျမတို့တော့ တွေးဆထားပါတယ်။ ပင်လယ်ကမ်းခြေတွေမှာ ဒီလိုပိုးမွှားတွေနဲ့ဖုံးလွှမ်းနေမယ်လို့ ထင်ပါတယ်။

ရေငုပ်သမာေးတွ ယူလာပေးတဲ့ ပစ်ချွဲချွဲ ပိုးမွှားတွေမှာ ကြက်ဥပုပ်ကထွက်တဲ့ အနံ့မျိုးရပါတယ်။ အဲဒီပိုးမွှားတွေကို ၅၂ နာရီကြာ အဆက်မပြတ် အလင်းရောင်ပေးပြီး စမ်းသပ်တဲ့အခါ အောက်ဆီဂျင်တွေပိုထွက်လာတာကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တာပါ။ ဒီတွေ့ရှိချက်ဟာ ကမ္ဘာပေါ်မှာ အောက်ဆီဂျင်တွေဘယ်ကရသလဲဆိုတဲ့ ဖြစ်နိုင်ခြေတခုသာဖြစ်တယ်ဆိုပေမယ့် ချီးကျူးထိုက်တဲ့ ရှင်းလင်းတင်ပြချက်တခုဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။

VOA

ZAWGYI

ကမာၻေပၚ ေအာက္ဆီဂ်င္ဓါတ္ေငြ႕ဘယ္လိုေရာက္လာသလဲ

ကမာၻေပၚက ေအာက္ဆီဂ်င္ဓာတ္ေငြ႕ေတြ ဘယ္ကရသလဲဆိုတာေလ့လာေနတဲ့သိပၸံပညာရွင္ေတြက ျဖစ္ႏိုင္ေျခတခုကိုေတြ႕ရွိထားပါတယ္။ ေရွးႏွစ္သန္းေပါင္းမ်ားစြာမွာ ရွိခဲ့တဲ့ ဘက္တီးရီးယားပိုးမႊားေတြက ေန႔တာရွည္လို႔အလင္းေရာက္ပိုရလာတဲ့အခါ ေအာက္ဆီဂ်င္ေတြပိုၿပီးထုတ္လႊတ္တယ္ဆိုတဲ့အခ်က္ကိ သုေတသီေတြ သြားေတြ႕ပါတယ္။ ေအာက္ဆီဂ်င္ေတြရွိေနလို႔သာ ကမာၻေပၚမွာ သက္ရွိသတၱဝါေတြနဲ႔ အပင္ေတြ အသက္ရွင္သန္ႏိုင္ၾကတာျဖစ္ပါတယ္။ ေအပီသတင္းကိုအေျခခံၿပီး နန္းေလာင္ဝ္က တင္ျပထားပါတယ္။

အေမရီကန္နဲ႔ကေနဒါႏိုင္ငံနယ္စပ္၊ မီရွီဂန္ျပည္နယ္ထဲက Lake Huron ေရကန္ ၾကမ္းျပင္ေအာက္ကေန ခရမ္းေရာင္ရွိတဲ့ ပစ္ခြၽဲခြၽဲ ဘက္တီးရီးယားပိုးမႊားေတြကို ယူၿပီး ဓာတ္ခြဲခန္းထဲမွာ အလင္းေရာင္ေပးၿပီး စမ္းသပ္ခဲ့ပါတယ္။ ဒီအခါမွာ အလင္းေရာင္မ်ားမ်ားရေလ ပိုးေလးေတြဆီက ေအာက္ဆီဂ်င္ဓာတ္ပိုထြက္လေလ ဆိုတာကိုေတြ႕ရွိခဲ့ပါတယ္။ လြန္ခဲ့တဲ့ႏွစ္သန္းေပါင္းမ်ားစြာက ကမာၻေျမေပၚမွာ ေအာက္ဆီဂ်င္နည္းနည္းကေလးပဲရွိရာက ခုလိုအတိုင္းအထာထိ ဘယ္လိုတိုးလာသလဲဆိုတဲ့ေမးခြန္းက သိပၸံပညာအတြက္ေတာ့ ပေဟဋိႀကီးတခုအျဖစ္ရွိေနပါေသးတယ္။

ဒီေနရာမွာ Cyanobacteria လို႔ေခၚတဲ့ ပိုးမႊားေလးေတြ ပါဝင္ပတ္သက္မႈရွိေနတာကို သုေတသီေတြ ေတြ႕ရွိခဲ့ေပမယ့္ ေအာက္ဆီဂ်င္ဓာတ္အမ်ားအျပားဘယ္လိုေပၚေပါက္လာသလဲဆိုတာကေတာ့ အေျဖရွာမရေသးပါဘူး။ သဘာဝဗီဇပညာဌာန ၾသဂုတ္လ ၂ ရက္ေန႔မွာ ထုတ္ျပန္လိုက္တဲ့ သုေတသနစာတမ္းတခုမွာေတာ့ ကမာၻလည္ပတ္မႈေႏွးေကြးလာၿပီး တရက္ကို ၆ နာရီရွိရာကေန ၂၄ နာရီထိ ေန႔တာရွည္လာတာက Cyanobacteria ပိုးမႊားေလးေတြေအာက္ဆီဂ်င္ေတြပိုထုတ္လြတ္ႏိုင္ဖို႔ အဓိကက်တဲ့အခ်က္ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂.၄ ဘီလီယံေလာက္မွာေတာ့ ကမာၻ႔ေလထုထဲမွာ တိုင္းတာၾကည့္လို႔ေတာင္မရႏိုင္ေလာက္ေအာင္ ေအာက္ဆီဂ်င္နည္းနည္းကေလးပဲရွိခဲ့တဲ့အတြက္သက္ရွိသတၱဝါနဲ႔ အပင္ေတြ အသက္ရွင္သန္လို႔မရခဲ့ပါဘူး။ ဒါေပမယ့္လည္း အလင္းေရာင္ပိုရလာတဲ့ Cyanobacteria ပိုးမႊားေလးေတြက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႕ေတြကို ရႈသြင္းၿပီး ေအာက္ဆီဂ်င္ေတြထုတ္လႊတ္ခဲ့ၾကပါတယ္။ ဂ်ာမဏီႏုိင္ငံ Max Planck Institute က ဇီ၀ဓာတုရူေဗဒပညာရွင္ Judith Klatt ခုလိုသုံးသပ္ပါတယ္။

“ကမာၻေပၚမွာ ဘက္တီးရီးယားပိုးမႊားေတြ ႏွစ္ေပါင္းသန္းနဲ႔ခ်ီ ဖုံးလႊမ္းေနခဲ့ပုံရပါတယ္။ လက္ရွိမွာေတာ့ သူတို႔ကို Middle Island Sinkhole လိုလက္လွမ္းမီဖို႔သိပ္ခက္တဲ့ ေနရာမ်ိဳးမွာပဲေတြ႕ရပါတယ္။ အဲဒီ ဒီပိုးမႊားေတြကပဲ ေအာက္ဆီဂ်င္ဓာတ္ေငြ႕ေတြအျဖစ္ အသြင္ေျပာင္းလာေစမယ့္ ဓာတ္ေငြ႕ေတြ အဓီကထုတ္လႊတ္ခဲ့တာပါ။ ဒါေၾကာင့္လည္း က်မတို႔ ခုလိုအသက္ရႈ လို႔ရေနတာျဖစ္ပါတယ္။ “

အစပိုင္းမွာ အဲဒီလိုထြက္လာတဲ့ ေအာက္ဆီဂ်င္ သိပ္မမ်ားဘူးဆိုေပမယ့္ ႏွစ္ဘီလီယံေပါင္း ၄ ရာေလာက္ၾကာလာတဲ့အခါမွာေတာ့ ကမာၻ႔ေလထုထဲ ေအက္ဆီဂ်င္ေတြဟာ ခုလက္ရွိပမာဏာရဲ႕ဆယ္ပုံ တပုံေလာက္ထိ တိုးလာပါတယ္။ ဒါ အလြန္မ်ားတဲ့ ပမာဏျဖစ္တယ္လို႔ ဂ်ာမဏီႏိုင္ငံ၊ Max Planck Institute ကအစီရင္ခံစာ ဦးေဆာင္ျပဳစုသူ သိပၸံပညာရွင္ Judith Klatt ကေျပာပါတယ္။ ဒါေၾကာင့္လည္း အပင္နဲ႔ တိရိစၱာန္ေတြ ေပါက္ပြါးလာၿပီး အပင္ေတြကလည္း ေအာက္ဆီဂ်င္ေတြထုတ္လႊတ္လာတယ္လို႔ေျပာပါတယ္။ အဲဒီဘက္တီးရီးယားပိုးမႊားေတြကေအာက္ဆီ၈်င္ေတြကို ဘာေၾကာင့္အမ်ားအျပားထုတ္လြတ္ခဲ့ၾကတာပါလဲ။ ပင္လယ္ဒီေရနဲ႔ ကမာၻလည္ပတ္မႈ ဆက္စပ္ပုံအေၾကာင္း ေလ့လာေနတဲ့ မီရွီဂန္တကၠသိုလ္ အဏဝါေဗဒပညာရွင္ Brian Arbic က ခုလိုသုံးသပ္ပါတယ္။

“ေအာက္ဆီဂ်င္ဓာတ္ေတြ စၿပီးထြက္လာတဲ့ အခ်ိန္တုန္းက ကမာၻ႔လည္ပတ္မႈက အေတာ္ေႏွးပါတယ္။ ေနထြက္ၿပီး ေန႔တာရွည္လာတဲ့အခါက်ေတာ့ အဲဒီပိုးမႊားေလးေတြလည္း ဓာတ္ေင့ေတြ ထုတ္လႊတ္ဖို႔ အခ်ိန္ေတြပိုရလာၾကတာပါ။ “

ပင္လယ္ဒီေရေတြနဲ႔ လရဲ႕ဆြဲငင္အားေတြ တုန႔္ျပန္ပုံေတြရႈပ္ေထြးေနခဲ့တာေၾကာင့္ ကမာၻလည္ပတ္မႈေႏွးေကြးခဲ့တာျဖစ္ပါတယ္။ အဲဒီအယူအဆမွန္မမွန္ဆိုတာသိႏိုင္ေအာင္ လြန္ခဲ့တဲ့ႏွစ္ေပါင္း၂.၄ ဘီလီယံေလာက္ကရွိခဲ့တဲ့ ဘက္တီးရီးယားေတြနဲ႔ အလားတူ Lake Huron ေရကန္ႀကီးရဲ႕ ေပ၈၀ အနက္ေလာက္ကတြင္းႀကီးထဲက ပိုးမႊားေတြကို ယူၿပီး မီရွီဂန္နဲ႔ ဂ်ာမန္ သုေတသီေတြက စမ္းသပ္ခဲ့ၾကပါတယ္။ Judith Klatt ခုလိုဆက္ေျပာပါတယ္။

“ကမာၻႀကီးဟာ Middle Island Sinkhole တြင္းနက္ႀကီးထဲက ပုံစံမ်ိဳး ျဖစ္ခဲ့မယ္လို႔ က်မတို႔ေတာ့ ေတြးဆထားပါတယ္။ ပင္လယ္ကမ္းေျခေတြမွာ ဒီလိုပိုးမႊားေတြနဲ႔ဖုံးလႊမ္းေနမယ္လို႔ ထင္ပါတယ္။”

ေရငုပ္သမာေးတြ ယူလာေပးတဲ့ ပစ္ခြၽဲခြၽဲ ပိုးမႊားေတြမွာ ၾကက္ဥပုပ္ကထြက္တဲ့ အနံ႔မ်ိဳးရပါတယ္။ အဲဒီပိုးမႊားေတြကို ၅၂ နာရီၾကာ အဆက္မျပတ္ အလင္းေရာင္ေပးၿပီး စမ္းသပ္တဲ့အခါ ေအာက္ဆီဂ်င္ေတြပိုထြက္လာတာကို သိပၸံပညာရွင္ေတြ ေတြ႕ရွိခဲ့တာပါ။ ဒီေတြ႕ရွိခ်က္ဟာ ကမာၻေပၚမွာ ေအာက္ဆီဂ်င္ေတြဘယ္ကရသလဲဆိုတဲ့ ျဖစ္ႏိုင္ေျခတခုသာျဖစ္တယ္ဆိုေပမယ့္ ခ်ီးက်ဴးထိုက္တဲ့ ရွင္းလင္းတင္ျပခ်က္တခုျဖစ္တယ္လို႔လည္း သိပၸံပညာရွင္အသိုင္းအဝိုင္းက ေျပာဆိုၾကပါတယ္။

VOA