ကမ္ဘာပေါ်မှာ သွားဆရာဝန်တွေ ဘယ်အချိန်ကတည်းက ရှိခဲ့တာလဲ

ကမ္ဘာပေါ်မှာ သွားဆရာဝန်တွေ ဘယ်အချိန်ကတည်းက ရှိခဲ့တာလဲ

သွားကိုက်သည့်အခါ (သို့မဟုတ်) သွားနှင့်ပတ်သက်သည့် ဝေဒနာခံစားရပါက အမြန်ဆုံးပျောက်ကင်းလိုခြင်း ရှိကြသည်။ ရှေးဟောင်း လူသားများသည်လည်း အလားတူ သွားနှင့်ပတ်သက်သော ဝေဒနာခံစားရမည်ဖြစ်ရာ သွားဘက်ဆိုင်ရာ ကုသမှုမှာ လူသားမျိုးနွယ် စတင်ချိန်ကတည်းက တစ်စိတ်တစ်ပိုင်းရှိခဲ့ဖွယ် အနေအထားရှိသည်။

ရှေးခေတ်အချိန်အခါက သွားကိုမည်သို့ ပြောင်စင်အောင်တိုက်ရမည် စသည့် (၅၂) ချက်ပါသော စည်းကမ်းချက်များရှိခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများနှင့် ရှာဖွေတွေ့ရှိခဲ့သည်။ သို့ရာတွင် သေချာသည့်အချက်တစ်ခုမှာ ရှေးခေတ်အချိန်အခါက ယနေ့ခေတ်ကဲ့သို့ သွားနှင့်ပတ်သက်သည့် ဗဟုသုတ ၊ အထူးသဖြင့် ကုသမှုဆိုင်ရာကို မသိရှိကြပေ။

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်က ရှေးဟောင်းဂရိနိုင်ငံတွင် သွားနုတ်ပေးသော ဆရာဝန်များရှိခဲ့ပြီး၊ အေဒီ ၁၄၀၀ ခန့်က ယိုင်နဲ့နေသော သွားများကို နုတ်ခြင်းသာ ပြုလုပ်ပေးကြပြီး ကိရိယာသစ်များ ပေါ်ပေါက်သောအခါ တခြားသွားများကိုပါ နှုတ်ပေးကြသည်။ ဂရိနိုင်ငံတွင် ကလေးများ သွားနာပါကသက်သာစေရန် ဆေးဖြင့်ကုသပေးကြပြီး၊ နှစ်ပေါင်း ၂၀၀ ၀န်းကျင်ရောက်သောအခါ ပိုမိုကောင်းမွန်သော ကိရိယာများဖြင့် ကုသပေးနိုင်လာသည်။

အေဒီ ၁၁၀၀ မှ ၁၄၀၀ အလယ် ခေတ်ကာလသို့ ရောက်သောအခါ သွားပေါက်ဖာခြင်းများ ပြုလုပ်လာကြပြီး၊ ဖယောင်း၊ ကော်စေးများဖြင့် ပြုလုပ်ပေးကြကာ နောက်ပိုင်းတွင် ခဲ၊ ရွှေ စသော သတ္တုများကို အသုံးပြုလာကြသည်။

၁၄၉၈ ခုနှစ်တိုင်အောင် သွားပွတ်တံများ တီထွင်နိုင်ခြင်း မရှိသေးသော်လည်း တရုတ်နိုင်ငံမှ သွားဆရာဝန်များကမူ ဘုရင့်မိသားစုအတွက် သွားတိုက်တံပုံစံတမျိုးကို တီထွင်ပေးခဲ့ကြသည်။

လွန်ခဲ့သောနှစ်တစ်ရာကျော်က သွားဆရာဝန်ဖြစ်လိုသူတစ်ဦးသည် လက်ရှိလုပ်ကိုင်နေသော သွားဆရာဝန်ထံတွင် အလုပ်သင်အဖြစ် သင်ကြားလုပ်ကိုင်ကြရသည်။ ၁၈၄၀ ခုနှစ်တွင် The Baltimore College of Dental Surgery အမည်ရှိ ပထမဆုံး သွားဘက်ပညာကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ (သုတဇုန်)

မြန်မာပြည်သူတဦး၏ မှတ်ချက်။ ။ငယ်စဉ်က တရုပ်သွားစိုက်ဆရာများ လှ့ည့်သောဘီးကို ပုခုံပေါ်ထမ်းကာ လှည့်လည်ကုသတာမြင်ဘူးတယ်။ များသောအားဖြင့် သူ့သား၊ တပည့်များ အတူလိုက်သင်ပြီး နောက်မျိုးဆက်အနေနဲ့ ပြန်ကုသပေးကြတာပါ။ နောက်ပိုင်းမှ သွားကောလိပ် ဆေးရုံကြီးရှေ့ (ရွှေတိဂုံဘုရားလမ်းမ) မှာ စတင်ပေါ်လာပါတယ်။ ၎င်းအချိန်ဆေးရုံကြီးမှာ ကု မကု မသိပါ။ စစ်ပြီစ ၁၉၅၀ ဝန်းကျင်ပါ။ (U Aung Win)

Crd

Crd