Shoon (Cele Daily)
Zawgyi
ကမ္ဘာပေါ်တွင် တစ်ထည်တည်းသာရှိသည့် ပူစီဖောင်း တစ်သိန်းကျော်ဖြင့် ဖန်တီးထားသော ဂါဝန်ကြီးကိုဖန်တီးဝတ်ဆင်ခဲ့တာကြောင့် လူတိုင်း၏စိတ်ဝင်စားမှုကိုရရှိနေသည့် အမျိုးသမီး
လူတိုင်းသည် မိမိ၏မွေးရပ်ဇာတိနိုင်ငံတွင် ဂုဏ်ယူဖွယ်ရာတစ်ခုခုဖြင့် နိုင်ငံတိုင်းတွင် ကျော်ကြားလာခဲ့ပါက ဝမ်းသားမဆုံးဖြစ်နေနေတတ်ကြပါတယ်။ယခုတွင်လည်း ကမ္ဘောဒီယားနိုင်ငံတစ်ဝှမ်းရှိပြည်သူတွေဟာ ကမ္ဘာပေါ်မှာမရှိသေးသည့် ပူစီဖောင်းဝတ်စုံကို ဖန်တီးနိုင်ခဲ့မှုအတွက် ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။
ထိုဝတ်စုံဟာ ပူစီဖောင်းတစ်သိန်းကျော်ဖြင့် ဖန်တီးထားသော ဂါဝန်ဝတ်စုံနှင်အတူ ဖော့ပြားတွေနှင့်ဖန်တီးထားသော ခေါင်းဆောင်းလည်းပါဝင်သေးတာဖြစ်ပါတယ်။
ထိုဖက်ရှင်ဒီဇိုင်းလေးကို သူတို့နိုင်ငံ၏ မင်းသမီးချောလေးKong Chansrey Momဆိုသူက ဝတ်ဆင်ရိုက်ကူးပြီး ဆိုရှယ်မီဒီယာထက်တွင် နိုင်ငံ၏ဂုဏ်ယူဖွယ်ရာတစ်ခုအနေဖြင့် နာမည်ကျော်ကြားနေခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Crd