ကမ္ဘာပေါ်က လူကြိုက်အများဆုံးသော အသင့်စား ခေါက်ဆွဲပြုတ်များ

ကမ္ဘာပေါ်က လူကြိုက်အများဆုံးသော အသင့်စား ခေါက်ဆွဲပြုတ်များ

ကမ္ဘာပေါ်က လူကြိုက်အများဆုံးသော အသင့်စား ခေါက်ဆွဲပြုတ်များ

ညဘက်အချိန်မတော် ဗိုက်ဆာတာမျိုး၊ အိမ်မှာ စားစရာမရှိတဲ့ ရက်တွေမှာဆိုရင်တော့ အကောင်းဆုံးသော အသင့်စားခေါက်ဆွဲတွေက ကျွန်တော်တို့ရဲ့ ဆာလောင်မှုကို ဖြေသိမ့်ပေးနိုင်ပါတယ်။

အခုလို ဆောင်းရာသီမျိုးမှာဆိုရင်လည်း ခန္ဓာကိုယ်ကို နွေးထွေးမှုနဲ့ သက်တောင့်သက်သာဖြစ်စေတဲ့ အသင့်စား ခေါက်ဆွဲပြုတ်တွေက အသင့်တော်ဆုံးပါပဲ။

အသီးအရွက်များ၊ ကြက်ဥ သို့မဟုတ် ငရုတ်သီးတို့ရဲ့ ထပ်ပေါင်းအကူအညီတို့ဖြင့် ခေါက်ဆွဲပြုတ်တွေဟာလည်း နေ့ခင်းဘက် သရေစာအတွက် သို့မဟုတ် ခြောက်ကပ်နေတဲ့ ညစာအတွက် ပြီးပြည့်စုံတဲ့ စားပွဲတစ်ခုပါပဲ။

ဒါကြောင့် သင့်ရဲ့ ညဉ့်နက်ပိုင်း လိုအင်ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးနိုင်တဲ့ အသင့်စား ခေါက်ဆွဲပြုတ်တွေထဲက ကမ္ဘာတစ်လွှားမှာ လူကြိုက်အများဆုံးသော ခေါက်ဆွဲပြုတ်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Indomie Mi Goreng

အင်ဒိုနီးရှား အသင့်စားခေါက်ဆွဲပြုတ်ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း တချို့သော ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

အာရှနိုင်ငံတွေသာမက ဥရောပဘက်နဲ့ အမေရိကဘက်အထိပါ လွှမ်းမိုးထားခဲ့တဲ့ ခေါက်ဆွဲပြုတ်ဆိုရင်လည်း မမှားပါဘူး။

ခေါက်ဆွဲထုတ်တွေမှာတော့ ဟင်းခတ်မှုန့်၊ ဟင်းခတ်ဆီ၊ ပဲငံပြာရည်အချို၊ ငရုတ်သီးဆော့စ်၊ မုန်လာဥ စတဲ့အရာတွေ ပေါင်းစပ်ပါဝင်ပါတယ်။

ဆီချက်ခေါက်ဆွဲဖြစ်လို့ ပြုတ်ပြီးပါက ခေါက်ဆွဲခြောက်များကို ရေစင်အောင်ဆေးပြီး လိုသိလို ဟင်းသီးဟင်းရွက်များ၊ တို့ဟူး၊ ကြက်ဥပြုတ် စတာတွေနဲ့ လိုသလို သုံးဆောင်နိုင်ပါပြီ။

Samyang

Samyang Ramen ကတော့ မြန်မာနိုင်ငံက လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေကတော့ စားသောက်ခန်းထဲက အဓိက စားပွဲတစ်ခုလို့တောင် ဆိုရပါမယ်။

Hot Chicken အရသာကတော့ ဟင်းရည်ပါ သို့မဟုတ် မပါဘဲ ကျေနပ်ဖွယ် ပူစပ်တာမျိုးရှိသော်လည်း ပိုမိုပူစပ်လိုပါက 2x Spicy Hot Chicken ခေါက်ဆွဲထုပ် ရှိနေပါတယ်။

တစ်ထုပ်လုံးကို စားပြီးပြီဆိုရင်တော့ ပူစပ်စပ် အရသာကြောင့် အခုလိုဆောင်းတွင်းမှာ နွေးထွေးစေမှာဖြစ်ပြီး ဟင်းရွက်တွေနဲ့ ကြက်ဥပြုတ်တို့ ထည့်ပြီးလည်း စိတ်ကြိုက်သုံးဆောင်နိုင်ပါသေးတယ်။

Momofuku

Momofuku ကလည်း အရိုးအေးစေတဲ့ ဆောင်းညတစ်ညမှာ ကျေနပ်စရာကောင်းတဲ့ စားဖွယ်မျိုးပါပဲ။

ထိုင်ဝမ်အမှတ်တံဆိပ် A-Sha နဲ့ ပူးပေါင်းထားတဲ့ ခေါက်ဆွဲ ထုပ်များမှာ ခေါက်ဆွဲသားကို လေအခြောက်ခံထားပြီး အရသာနှင့်ပြည့်စုံသော ခေါက်ဆွဲထုပ် တစ်ထုအ်အတွက် စီချွမ်ငရုတ်ကောင်းကဲ့သို့ ပါဝင်ပစ္စည်းများကို အသုံးပြုထားပါတယ်။

လူကြိုက်များတဲ့ အမျိုးအစားကတော့ Tingly Chili Wavy Noodles ဖြစ်ပြီး ချွေးထွက်စေမယ့် ငရုတ်သီးအလုံအလောက် ပါရှိပါတယ်။

ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ပဲပိစပ်နဲ့ နှမ်းဆီတို့ ရောစပ်ထားတဲ့ အမှုန့်ထုပ်တွေလည်း ပါရှိပါတယ်။

Ichiran

ဂျပန်နိုင်ငံထုပ် Ichiran ခေါက်ဆွဲပြုတ်ကို စားဖူးတယ်ဆိုရင်တော့ သူတို့ရဲ့ အရသာရှိလှတဲ့ ဟင်းရည်ဟာ ဘက်ပေါင်းစုံက ပြည့်စုံနေတယ်ဆိုတာကို သင်သိရပါလိမ့်မယ်။ ဒီခေါက်ဆွဲဟာ ဟင်းရည်က နာမည်အလွန်ကြီးပါတယ်။

ဂျပန်ရဲ့ ထင်ရှားသော tonkotsu ဟင်းရည်ထုပ်နဲ့အတူ မူရင်း အစပ် ဟင်းခတ်အမယ်များ၊ နိုရီ၊ ကြက်သွန်နီစိမ်း၊ ကြက်ဥပျော့ပြုတ်၊ ဝက်သား၊ မှိုအနည်းငယ်တို့ဖြင့် သုံးဆောင်လိုက်မယ်ဆိုရင်တော့ တစ်ဇွန်းတိုင်းက အရသာရှိနေမှာ အသေအချာပါပဲ။

Nongshim Shin Ramyun

Nongshim ဟာလည်း မြန်မာနိုင်ငံက လူကြိုက်အများဆုံး ခေါက်ဆွဲထုပ်ဖြစ်ပါတယ်။

သူ့ရဲ့ ငရုတ်ကောင်းပူပူ ဟင်းရည်ဟာ ဆောင်းတွင်းအတွက်လည်း အလိုက်ဖက်ဆုံးသော စားပွဲဖြစ်ပြီး အထည်မှာလည်း ဖြည့်စွက်အမှုန့်ထုပ်တွေ ပါဝင်တာမလို့ ရေနွေးကလွဲလို့ ဘာမှ မလိုပါဘူး။

ဒါပေမဲ့ ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ အသီးအရွက်တွေ၊ အသားနဲ့ ကြက်ဥပြုတ်တို့နဲ့လည်း စိတ်ရှိသလို သုံးဆောင်နိုင်ပါသေးတယ်။

Maggi Asam Laksa

ခေါက်ဆွဲခြောက်ထုပ်ကို ပထမဆုံး တီထွင်ခဲ့တာက Cup Noodles ဒါမှမဟုတ် Maggi က ဖြစ်ပါတယ်။

ယခုအခါ Nestlé ပိုင်ဆိုင်ထားတဲ့ အမှတ်တံဆိပ်ကို ဆွစ်ဇာလန် စွန့်ဦးတီထွင်သူတစ်ဦးက စတင်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၀ ကျော်ခုနှစ်များက အိန္ဒိယနဲ့ မလေးရှားတို့မှာ တွင်ကျယ်စွာ ရေပန်းစားခဲ့တာပါ။

Asam Laksa ကို ပုံမှန်အားဖြင့် ဂျင်း၊ ပုစွန်၊ ငါးမျှင်၊ မျှင်ငါးပိ၊ စပါးလင်တို့ဖြင့် ပြုလုပ်ထားပြီး Maggi ရဲ့ ဗားရှင်းကတော့ ထူးခြားတဲ့ အချဉ်ဓာတ်နဲ့ ပေါင်းစပ်မှုကို ပေးစွမ်းပါတယ်။

ရေနွေးထည့်ပြီး ဟင်းခတ်ထုပ်ကို လောင်းထည့်ရုံနဲ့ ချဉ်ချဉ်စပ်စပ်နဲ့ နူးနူးအိအိ ခေါက်ဆွဲခြောက်ကို လိုအပ်တာတွေ စီမံပေါင်းထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Knight News Team

Knight News © 2022

Crd