ကမ္ဘာပေါ်ကို ဖြတ်ပျံခဲ့တဲ့ မိုင် ၃၀၀ လောက် ရှည်လျားသော ပန်းကန်ပြားပျံ
နိုင်ငံတကာ အာကာသစခန်းက မှတ်တမ်းတင်ထားတဲ့ ပန်းကန်ပြားပျံဟာ မိုင် ၃၀၀ လောက် ရှည်လျားပြီး ကမ္ဘာပေါ်က ဖြတ်ပျံသွားခဲ့တာ ဖြစ်ပါတယ်။
ဒီလိုကြီးမားတဲ့ UFO ယာဉ်ပျံကြီးကို ၂၀၁၃ ခုနှစ်မှာ နာဆာ ( NASA ) က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်းကို Brasilia Plmetarium Presentation မှာ ထုတ်ဖော် ပြသခဲ့ပြီး လူတွေကြားမှာ အထူး ရေပန်းစား လာခဲ့ပါတယ်။
သူ(ယာဉ်ပျံ) တို့ဟာ ဘာလိုချင်လို့လဲ၊ ဘာကြောင့် ကမ္ဘာပေါ်က ဖြတ်ကျော်ပျံသန်းသွားခဲ့ရသလဲဆိုတာ ဘယ်သူမှ မသိသေးပါဘူး။
အာကာသစခန်း
သေချာတာကတော့ သူတို့ဟာ ကျနော်တို့ သိပြီးသား မျိုးနွယ်စုတွေ မဟုတ်ဘူး ဆိုတာပါပဲ။
ယာဉ်ပျံကြီး ဖြတ်ကျော်ပျံသန်းသွားကတည်းက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ပေါ်သလို ဖြစ်ခဲ့ရပါတယ်။
အခြားကမ္ဘာမှာ သက်ရှိတွေဟာ ကမ္ဘာမြေကို ရန်ပြုဖို့ ထောက်လှမ်းခဲ့သလားလို့ ယူဆသူတွေလဲ ရှိပါတယ်။
အရွယ်အစားကြီးမားလွန်းလို့ ဒါဟာ ( Mother Ship ) မိခင်ယာဉ်ကြီး ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။
သူရဲ့ ကြောက်မက်ဖွယ် အရွယ်အစားဟာ ဘယ်ရန်သူကိုမဆို ထိတ်လန့် စေလောက်ပါတယ်။ ဒီလောက် အရွယ်အစားကြီးမားတဲ့ ယာဉ်ကြီးကို လူသားတွေ တည်ဆောက်ဖို့ဆိုတာ စဉ်းစားလို့တောင် မရနိုင်ပါဘူး။
တည်ဆောက်သူတွေဟာ အရွယ်အစား ကြီးမားသူတွေဖြစ်စေ၊ နည်းပညာ တိုးတက်လွန်းသူတွေ ဖြစ်စေ၊ တစ်ခုခု ဖြစ်မှ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
တချို့ကတော့ ဒါဟာ နာမည်ကျော် Oumuamua ရဲ့ ဆက်သွယ်ချက်တစ်ခုလို့ ယုံကြည်ကြပါတယ်။
Qumuamua
ချစ်ပရိတ်ကြီးရော ဘယ်လိုထင်ပါသလဲ မန့်ခဲ့ကြပါအုံးနော်။ အချက်အလက်တွေ ဆက်လက်ရှာဖွေနေဆဲမို့ စောင့်မျှော်အားပေးကြပါအုံးလို့။
Knight News Team
Crd