ကမ္ဘာတစ်ဝှမ်းရေတပ်တွေမှာအသုံးပြုတဲ့ထိပ်တန်း ဘက်စုံသုံးတိုက်ဂျက်လေယာဥ်များ

Militarily News

အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့မှာတော့ကမ္ဘာတစ်ဝှမ်းကရေတပ်တွေမှာအသုံးပြုတဲ့ထိပ်တန်းဘက်စုံသုံးတိုက်ဂျက်လေယာဥ်တွေ အကြောင်းကိုဖော်ပြပေးသွားမှာပါ။စလိုက်ကြရအောင်နော်။

နံပါတ် ၅ ရှမ်းယန်း shenyany j-15

မူလပိုင်ဆိုင်တဲ့နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။ရှမ်းယန်းj 15ဟာဆိုရင်တော့ ဘက်စုံသုံးအင်ဂျင် ၂လုံးတပ်ဝန်တင်တိုက်လေယာဉ်တခုဖြစ်ပါတယ်။လတ်တလောမှာတော့တရုတ်ရေတပ်မှာအသုံးပြုနေတာပါ။j-15 ဟာ su-27 ရဲ့တရုတ်version လို့သတ်မှတ်ထားတဲ့ j11ကိုအဆင့်မြှင့်ထားတာဖြစ်ပီး su-33 ရဲ့ရှေ့ပြေးပုံစံလဲဖြစ်ပါတယ်။ရှန်းယန်းj-15ကို၂၀၀၉ခုနှစ်မှာစတင်ပျံသန်းခဲ့တာဖြစ်ပီး ၂၀၁၃ခုနှစ်မှာတော့ ရေတပ်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာပါ။အကြမ်းဖျင်းအချက်အလက်တွေတော့အမှုထမ်း တယောက် သို့မဟုတ် ၂ယောက် တင်ဆောင်နိုင်ပီး အလျား 21.9 မီတာ၊အမြင့် 5.92 မီတာ၊အမြင့်ဆုံးအလျှင် အသံထက်၂ဆ နှာင့် အမြင့်မီတာ ၂သောင်းအထိ ပျံသန်းနိုင်ပါတယ်။


နံပါတ် ၄ မစ်ဂ် Mig 29k

ရုရှားရေတပ်နဲ့အိန္ဒိယ ရေတပ်မှာလက်ရှိအသုံးပြုနေတဲ့ဘက်စုံသုံးဝန်တင်တိုက်လေယာဥ်ပါ။မစ်ဂ် 29kကိုတော့ ၁၉၈၀အကုန်ပိုင်းလောက်မှာ မစ်ဂ်29m မှအဆင့်မြှင့်ထားတာဖြစ်ပြီး ၂၀၀၉ ၂၀၁၀ခုနစ်မှာမှ ရေတပ်ထဲ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။မစ်ဂ် 29k ဟာ ရေတပ်တွေမှာလေကြောင်းကာကွယ်ရေးအတွက်ရည်ရွယ်ထားတဲ့ဘက်စုံသုံးတိုက်လေယာဥ်စတုတ္ထမျိုးစက်ပဲဖြစ်ပါတယ်။လေကြောင်းဆိုင်ရာအသာစီးရနိုင်ပြီး နေ့ညမရွေး မည်သည့်ရာသီဥတုမှာမဆိုရေပြင်နှင့် မြေပြင်ပေါ်ကပစ်မှတ်တွေကိုတိကျစွာညွှန်ပြပေးနိုင်တဲ့လက်နက်များနဲ့ဖျက်စီးပစ်နိုင်ခြင်းတို့ လုပ်ဆောင်နိုင်မှာပါဘဲ။ အကြမ်းဖျင်းအချက်အလက်တွေကတော့အမှုထမ်းတစ်ယောက်သို့မဟုတ်၂ယောက်တင်ဆောင်နိုင်ပြီး အလျား 17.3မီတာ၊ အမြင့် 4.4မီတာ၊အမြန်ဆုံးသွားနိုင်တဲ့နှုန်း အသံထက်၂ဆ၊ပျံသန်းနိုင်သောအကွာအဝေး850ကီလိုမီတာနှင့်အမြင့် ၁သောင်း၇ထောင်၅ရာမီတာထိပျံတက်နိုင်ပါတယ်။

နံပါတ် ၃ f-18 super hornet မူလနိုင်ငံ အမေရိကန်နိုင်ငံ

လက်ရှိမှာတော့အမေရိကန်ရေတပ်ထဲမှာဘက်စုံသုံး၀န်တင်တိုက်လေယဥ်အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိနေပါတယ်။f-18 super hornet ဟာအလွန်ခေတ်မီတဲ့တိုက်ပွဲဝင်ဘက်စုံသုံးဂျက်လေယဥ်တစ်ခုပါပဲ။ f-18 super hornetဟာအမေရိကန်ရေတပ်ကို ၁၉၉၉ခုနစ်မှာဝင်ရောက်ခဲ့တာဘဲဖြစ်ပါတယ်။ super hornetဟာယူအက်ရေတပ်လေယာဥ်တွေရဲ့ အဓိကမျိုးဆက်အဖြစ်ယခုအချိန်မှာ ရော ဆယ်စုနှစ်အတော်ကြာတဲ့အထိရှိနေမှာပါ။ရောင်စဥ်နည်းဗျူဟာမှာလဲ မစ်ရှင်အားလုံးနီးပါးကိုဆောင်ရွက်နိုင်ပါတယ်။အကြမ်းဖျင်းအချက်အလက်တွေကတော့ အမှုထမ်း ၁ယောက် သို့မဟုတ် ၂ယောက်၊ အလျား ၁၈.၃၁မီတာ အမြင့် ၄.၈၈မီတာ ၊အမြန်ဆုံးသွားနိုင်သောနှုန်း အသံထက် ၁.၆ဆ၊ပျံသန်းနိုင်သော အကွာအဝေး ၇၂၂ကီလိုမီတာ၊ နှင့် အမြင့် ကီလိုမီတာပေါင်း၁သောင်းခွဲထိပျံတက်နိုင်တာဘဲ ဖြစ်ပါတယ်။


နံပါတ်၂ Dassault Rafale မူလနိုင်ငံ ပြင်သစ်

လက်ရှိမှာတော့ပြင်သစ်ရေတပ်မှာတာဝန်ထမ်းဆောင်နေတာဘဲဖြစ်ပါတယ် Dassaul rafal ကိုတော့လက်နက်အမျိုးစားပေါင်းမြောက်များစွာနဲ့တပ်ဆင်ထားပြီး လေကြောင်းအသာစီးရယူရေး၊လေကြောင်းကာကွယ်ရေး၊လေကြောင်းထောက်လှမ်ရေး၊လေကြေင်း ဗုံးကြဲတိုက်ခိုက်ရေး၊ရန်သူ့သဘော်ဖျက်စီးရေးနှင့် နျူကလီးယားဟန့်တားရေး အပါအဝင်တာဝန်အမြောက်အများကိုထမ်းဆောင်ဖို့ရည်ရွယ်ထားပါတယ်။တာဝန်ပေါင်းမြောက်များစွာမှာပျံသန်းချိန်နာရီပေါင်းသုံးသောင်းကျော်နှင့်အတူ သူဟာအာဖဂန်နစ္စတန်၊ လစ်ဗျား၊မော်လီ၊အီရတ်နဲ့ဆီးရီးယား တိုက်ပွဲတွေမှာ သူ့ရဲ့ စွမ်းရည်တွေကို သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၆မှာ စတင် ပျံသန်းခဲ့တာဖြစ်ပြီး ၂၀၀၁ခုနစ်မှာရေတပ်မှာစတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။အကြမ်းဖျင်းအချက်အလက်တွေကတော့အမှုထမ်း ၁ယောက် သို့မဟုတ် ၂ယောက် တင်ဆောင်နိုင်ပြီး အလျား ၁၅.၂၇မီတာ၊ အမြင့် ၅.၃၄မီတာ၊အမြန်ဆုံးသွားနိုင်သောနှုန်းအသံထက် ၁.၈ဆ၊ ပျံသန်းနိုင်သော အကွာအဝေးပေါင်း၁၈၅၀ကီလိုမီတာ နှင့် အမြင့် ကီလိုမီတာပေါင်း ၁သောင်း၅ထောင့်၈ရာ၃ဆယ့်၅ထိ ပျံတက်နိုင်တာပဲဖြစ်ပါတယ်။


နံပါတ် ၁ Stealth f-35 lighting II မူလနိုင်ငံ အမေရိကန်နိုင်ငံ

F35 lighting II ဟာရာသီမရွေး အသုံးပြုနိုင်သောဘက်စုံသုံးတစ်ယောက်မောင်းအင်ဂျင်တလုံးတပ်တိုက်လေယာဉ်အမျိုးအစားပဲဖြစ်ပါတယ်။လင်းယုန်f-22အပီး အမေရိကန်မှထုတ်လုပ်လိုက်တဲ့ ဒုတိယမြောက်နှင့်ပဉ္စမမြောက်မျိုးဆက်ထဲမှ အဆင့်အမြင့်ဆုံးဘက်စုံသုံးတိုက်ဂျက်လေယာဉ်များထဲမှ တစ်ခုပါ။လက်ရှိမှာတော့အမေရိကန် ရေတပ်၊အင်္ဂလန်တော်ဝင်ရေတပ်နဲ့ အီတလီရေတပ်တို့မှာ အသုံးပြုနေတာလဲဖြစ်ပါတယ်။အနာဂတ်မှာလဲဂျပန်နှင့်တောင်ကိုရီးယားရေတပ်တွေမှာ အသုံးပြုသွားဖို့ရှိပါတယ်။f-35 lighting II ကို ၂၀၀၆ ခုနှစ်မှာ စတင်ပျံသန်းပီးရေတပ်ထဲမှာတော့ ၂၀၁၅ခုနှစ်မှာ စတင်အသုံးပြုခဲ့တာဘဲဖြစ်ပါတယ်။အကြမ်းဖျင်းအချက်အလက်တွေကတော့ အမှုထမ်း၁ယောက် တင်ဆောင်နိုင်ပီး အလျား ၁၅.၇မီတာ အမြင့် ၄.၄မီတာ အမြန်ဆုံးသွားနိုင်သောနှုန်း အသံထက် ၁.၆ ဆ ပျံသန်းနိုင်ပီး အကွာအဝေးပေါင်း ၁၄၁၀ ကီလိုမီတာနှင့် အမြင့်ကီလိုမီတာပေါင်း ၁သောင်းခွဲထိရောက်ရှိနိုင်တာဘဲဖြစ်ပါတယ်။

Ref:အင်တာနက်

သတိပေးကြေညာချက်
Arkarta website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။ကူးယူခြင်းတွေ့ရှိပါက Facebook instant articleသို့မဟုတ်Google Adsense monetization ဖြုတ်ခံရတဲ့အထိReportတင်မှာပါ။တခြားဟာများလဲတွေ့ရှိပါကအထက်ပါအတိုင်းလုပ်မှာပါ။တခြားနေရာများနှင့်Facebook pageသို့မဟုတ်ကိုယ်ပိုင်Profileမှာလဲကူးယူဖေါ်ပြခွင့်မပြုပါဘူး။မိတ်ဆွေတို့စိတ်ကြိုက်တိုက်ရိုက်share ခြင်းဖြင့်သာကူညီကြပါခင်ဗျာ။မေတ္တာရပ်ခံပါတယ်။
မိတ်ဆွေတို့ရဲ့
Admin Team

Leave a Reply