ကမ္ဘာတစ်လွှားမှာရှိတဲ့ကျိန်စာသင့်ပစ္စည်း၉မျိုး

Knowledge News

ပရိတ်သတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ကျွန်မတို့ကပြောမပြတတ်လောက်အောင်ထူးဆန်းတဲ့အရာဝတ္ထုတွေနဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာပါ။အဲ့ဒီအရာတွေကမနှစ်မြို့စရာထူးဆန်းတဲ့ပုံစံတွေနဲ့လူတွေအပေါ်မှာသက်ရောက်မှုတွေရှိနေတာပါ။ဘယ်လိုကံဆိုးမှုတွေကအဲ့အရာတွေမှာကပ်တွယ်နေလဲဆိုတာဘယ်သူကသိနိုင်မှာလဲ။ဒါဟာတိုက်ဆိုင်မှုသပ်သပ်ပဲလည်းဖြစ်နိုင်ပါတယ်၊ဒါမှမဟုတ်ရင်တကယ်မကောင်းတဲ့နတ်ဆိုးတွေနဲ့ကျိန်စာသင့်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။တစ်ချို့ဖြစ်ရပ်တွေမှာဆိုရင်ဒီလိုကိစ္စတွေမှာအယုံအကြည်မရှိတဲ့သူတွေကတောင်လက်ခံကြပါတယ်။ဒီကျိန်စာသင့်နေတဲ့ပစ္စည်းတွေကဟိုးရှေးရှေးတုန်းကဖြစ်ပျက်ခဲ့တာပါ။အဲ့ပစ္စည်းတွေကိုလက်ဝယ်ပိုင်ဆိုင်ထားဖို့ဆိုတာလည်းကောင်းတဲ့အကြံတော့မဟုတ်ပါဘူး။ဒါပေမယ့်အဲ့ဒီအကြောင်းတွေသိထားဖို့ကတော့စိတ်ဝင်စားစရာကောင်းပါတယ်။အခုဒီမှာတော့ကမ္ဘာတစ်လွှားမှာရှိတဲ့ကျိန်စာသင့်ပစ္စည်း၉မျိုးအကြောင်းကိုပြောပြပေးသွားမှာပါ။ဒီတော့စလိုက်ရအောင်ပါ။

The Dibbuk Box

ရုတ်တရက်ပဲကြည့်လိုက်မယ်ဆိုရင်တော့ဒါဟာပုံမှန်ဝိုင်ထည့်တဲ့ဗီရိုတစ်ခုပါပဲ။အဲ့ဒါကတော့မဟော်ဂနီရောင်သစ်သားကိုအနုပညာလက်ရာမြောက်စွာပဲထွင်းထုထားပြီးတော့စပျစ်သီးခိုင်ပုံစံထွင်းထုပြီးအလှဆင်ထားတာပါ။ဘယ်လိုအိမ်မျိုးမှာမဆိုတင့်တယ်နေမယ့်ပုံစံမျိုးပါပဲ။ဒါပေမယ့်ဒီလိုဗီရိုမျိုးနဲ့တော့အလှဆင်ဖို့မတိုက်တွန်းချင်ပါဘူး။သေချာကြည့်လိုက်မယ်ဆိုရင်တော့အထဲမှာဝိုင်တွေရှိနေတာတော့မဟုတ်ပါဘူး။အထဲမှာတော့ဆုတောင်းကျောက်စာတိုင်တစ်ခု၊အကြွေစေ့၂စေ့၊ဝိုင်ခွက်တစ်ခွက်၊ဖယောင်းခွက်တစ်ခု၊လူဆံပင်မွေးနည်းနည်းနဲ့ဂျူးအစဥ်အလာအရပြောကြတဲ့ဒေးဗစ်လို့ခေါ်တဲ့နတ်ဆိုးဝိဉာဉ်တစ်ခုရှိနေတာပါ။အဲ့ဒါကတော့သေသွားတဲ့လူဆိုးတစ်ယောက်ရဲ့ဝိဉာဉ်လို့ယုံကြည်ထားကြတာပါ။အဲ့ဒီဗီရိုထဲမှာဒီဝိဉာဉ်ရှိနေတယ်လို့ဘာကြောင့်ထင်ကြတာပါလိမ့်။တစ်ခါတုန်းကဟာဗာလက်လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ကဒီသေတ္တာကိုစပိန်ကနေဝယ်ခဲ့တာပါ။ဒါပေမဲ့ဒီသေတ္တာကမိသားစုအမွေပစ္စည်းတစ်ခုတော့ဖြစ်မလာခဲ့ပါဘူး။ဟာဗားလက်ရဲမြေးမလေးကဒီသေတ္တာထဲမှာမကောင်းတာတစ်ခုခုရှိတယ်လို့ယုံကြည်တဲ့အတွက်နောင်တမရဘဲထားပစ်ခဲ့တာပါ။နောက်ထပ်ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ကယ်ဗင်မားနက်ကအဲ့ဒါဟာအမှန်တရားပဲဆိုတာသိခဲ့ရတာပါ။သူကသူ့အမေကိုအဲ့ဒီသေတ္တာပေးပြီးတဲ့နောက်အဲ့ဒီနေ့မှာသူမဟာလေဖြတ်သွားခဲ့တာပါ။အဲ့ဒီသေတ္တာကိုပြန်ရောင်းခဲ့ပြီးနောက်ထပ်ပိုင်ရှင်တွေကတော့မကောင်းတဲ့ပုံရိပ်တွေမြင်ရတာ၊အိမ်မက်ဆိုးတွေမက်တာ၊မီးလုံးတွေရုတ်တရက်ကျွမ်းသွားတာတွေအပြင်၊ဆံပင်တွေကျွတ်တာစတဲ့ကျန်းမာရေးပြဿနာတွေကြုံခဲ့ရတာပါ။နောက်ဆုံးမှာတော့အဲ့ဒီသေတ္တာကိုမှီငြမ်းပြီးတော့နာမည်ကြီးသရဲကားတစ်ကားရိုက်ခဲ့ဖူးပါတယ်။အခုကောအဲ့ဒီသေတ္တာဘယ်မှာရှိနေလဲဆိုတာဘယ်သူမှမသိကြပါဘူး။သူ့ကိုနောက်ဆုံးပိုင်တဲ့သူကဒီကျိန်စာကြီးနောက်ထပ်ပျံ့နှံ့နေမှာစိူးရိမ်တဲ့အတွက်ဘယ်သူမှမသိတဲ့နေရာမှာဖွက်ထားဖို့ဆုံးဖြတ်ခဲ့တာပါ။သင်ရောအဲ့ဒီထဲကနတ်ဆိုးကအဲ့ဒီအတွက်လက်စားမချေတော့ဘူးလို့ထင်ပါသလား?

The Uluru Curse Stone

သင်ဟာတကယ်လို့ဩစတေးလျကိုသွားဖို့ဆုံးဖြတ်ခဲ့တယ်ဆိုရင်တော့နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့အူလာရူးကျောက်ဆောင်ဆီကိုသွားဖို့မမေ့ပါနဲ့နော်။အဲဒါကအရမ်းထူးဆန်းပြီးလှပတဲ့နေရာတစ်ခုဖြစ်ပေမယ့်အဲ့ဒီကကျောက်တုံးအပိုင်းအစလေးတွေကိုယူသွားဖို့တော့လုံးဝစိတ်မကူးမိပါစေနဲ့။နှစ်ပေါင်းတစ်ထောင်လောက်ထိရှေးခေတ်ဩစတေးလျလူမျိုးတွေကဒီကျောက်ဆောင်ကြီးဘေးမှာဓလေ့ထုံးတမ်းစဉ်လာတွေကိုလျှို့ဝှက်လုပ်ဆောင်ခဲ့ကြတာပါ။ဒါကြောင့်မို့ဒီနေရာကစွမ်းအင်တွေနဲ့ပြည့်နေပြီးကျောက်ဆောင်အောက်ချေမှာလဲခရီးသွားတွေကိုလိုချင်စေလောက်တဲ့လိမ္မော်ရောင်ကျောက်စရစ်ခဲလေးတွေပြန့်ကျဲနေပါတယ်။ဒါပေမယ့်ယူသွားမိတဲ့သူဆိုရင်တော့သူတို့ကအနာဂတ်မှာကျရှုံးမှုတွေနဲ့ပဲကြုံတွေ့ကြရတာပါ။ဒီကျောက်တုံးတွေယူသွားမိကြတဲ့နေရာအနှံ့အပြားကလူတွေဆီကနေအဲ့ဒါတွေကိုပြန်ပို့ပေးတာမျိုးတွေခဏခဏဖြစ်နေကြလို့ဒေသခံတွေကပြောပါတယ်။ဒါတွေယူသွားမိခဲ့ကြတဲ့သူတွေကဒုက္ခအမျိုးမျိုးရောက်ကြပြီးတော့ဒီပစ္စည်းတွေနေရာမှန်ပြန်ပို့ရောက်လာကြတာပါ။ဒီအူလာရာကျောက်ဆောင်ကနေကျောက်တုံးတွေကိုသယ်သွားကြပြီးပြန်ပျောက်သွားကြတဲ့လူတွေအကြောင်းကိုတွေးကြည့်လိုက်ပါဦး။

Cursed Gemstones

ဗြိတိန်အင်ပါယာကြီးရဲ့သရဖူကိုကျောက်မျက်ပေါင်းများစွာနဲ့စီခြယ်ထားတာပါ။ဒါပေမယ့်အဲ့ဒီထဲကတစ်ခုကတော့ကျိန်စာသင့်နေတယ်လိုယူဆကြပြီးမင်းသားရဲ့ပတ္တမြားနက်လို့ခေါ်ကြပါတယ်။တကယ်တော့အဲ့ဒါကပတ္တမြားမဟုတ်ပါဘူး။စပင်နယ်ကျောက်တစ်ခုပါပဲ။ဒါပေမယ့်အဲ့ဒီအကြောင်းပုံပြင်ကတော့အရမ်းအံ့ဩစရာကောင်းပါတယ်။အဲ့ဒီကျောက်စပေါ်လာတာကတော့၁၄ရာစုအလယ်လောက်ကပါပဲ။အဲ့ဒီအချိန်ကသူ့ကိုမော်ရစ်မင်းသားတစ်ဦးဖြစ်တဲ့အဘူစယ်အိကပိုင်ခဲ့တာပါ။အဲ့ဒီအချိန်ကဘုရင်ပထမဒွန်ပက်တရာဆိုသူကသူ့ရဲ့ရတနာတွေကိုအရမ်းလိုချင်တပ်မက်နေခဲ့တာကြောင့်မင်းသားနဲ့သူရဲ့နောက်လိုက်နောက်ပါအားလုံးကိုသတ်ပစ်ဖို့အမိန့်ပေးခဲ့တာပါ။အဲ့ဒီနောက်မှာတော့ရတနာတွေကိုသူ့အတွက်သိမ်းပိုက်ခဲ့ပါတယ်။ဒီလိုသစ္စာဖောက်တဲ့လုပ်ရပ်မျိုးအတွက်တော့အပြစ်ဒဏ်ခံရမှာကျိမ်းသေပါတယ်။မကြာခင်မှာပဲဘုရင်ကြီးကဂရန်နာဒါမှာရှိတဲ့အဓိကဗလီကနေစာတစ်ဆောင်ရခဲ့ပါတယ်။အဲ့ဒါကတော့ကျိန်စာရဲ့အစပါပဲ။ဒီကျောက်ကိုနည်းမှန်လမ်းမှန်နဲ့ပိုင်ဆိုင်တဲ့သူတွေဟာစွမ်းအားနဲ့အင်အားတွေရရှိမှာဖြစ်ပြီးသွေးမြေကျပြီးမှရယူခဲ့တဲ့သူတွေကတော့ကံမကောင်းမှုတွေနဲ့ကြုံရမှာဖြစ်ပါတယ်။ယုံတမ်းပုံပြင်တွေအရတော့ဒီကျိန်စာကနေလွတ်မြောက်ဖို့အတွက်သူကဒီကျောက်ကိုအင်္ဂလန်ရဲ့မင်းသားအက်ဒ်ဝါ့ဝုစတော့၊နာမည်ပြောင်ဘလက်ဟာ့(black heart)လို့ခေါ်တဲ့မင်းသားကိုပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပြီးတော့သူ့ရဲ့အစီအစဉ်ကလည်းအောင်မြင်ခဲ့ပါတယ်။အောင်မြင်မှုတွေပဲရယူနိုင်ခဲ့တဲ့ရဲရင့်တဲ့စစ်သည်တော်တစ်ယောက်ဖြစ်တဲ့အက်ဒ်ဝါ့ကဘာမှအန္တရာယ်မရှိတဲ့ရောဂါနဲ့ပဲကွယ်လွန်ခဲ့တာပါ။အဲ့ဒီပုံပြင်အရပဲဒီကျောက်ကဟင်နရီ၅ကိုကယ်တင်ခဲ့ပြီးတော့အဲလက်ဇဘတ်၁ကိုလည်းစပိန်တွေကိုအနိုင်တိုက်ဖို့ကူညီခဲ့တယ်လို့ပြောထားတာပါ။ယေဘူယျအားဖြင့်တော့ဒီကျောက်မှာစိတ်ဝင်စားစရာကောင်းတဲ့နောက်ကြောင်းရှည်ကြီးရှိနေတာပါ။ပြီးတော့အဲ့ဒီကျိန်စာကလည်းလူရွေးပြီးကျိန်စာမိသလိုဖြစ်နေတာပါ။ဒါဟာအက်လဇဘက်၂ကပဲဒီကျောက်ကိုအကြာကြီးပိုင်ဆိုင်ထားလို့လည်းဖြစ်နိုင်ပါတယ်။

Cursed Picture of Boy Crying

ငိုနေတဲ့ကလေးတစ်ယောက်ပုံကိုဆွဲထားတဲ့ဒီပန်းချီကားရဲ့ထူးဆန်းတဲ့ဇာတ်လမ်းတွေက၁၉၉၅စက်တင်ဘာ၄ရက်နေ့မှာစတင်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကဗြိတိန်သတင်းစာတစ်စောင်မှာဒီပန်းချီကားကလွဲပြီးကျန်တာအကုန်လုံးလောင်ကျွမ်းသွားတဲ့မီးလောင်မှုအကြောင်းကိုဖော်ပြခဲ့တာပါ။အဲ့ဒီနောက်မှာတော့မီးသတ်သမားတွေကအိမ်တစ်လုံးပြာကျသွားပေမယ့်ပန်းချီကားကတော့နည်းနည်းလေးမှမပျက်စီးတဲ့မီးလောက်မှုတွေနဲ့မကြာခဏကြုံခဲ့ရတဲ့အတွက်လူတွေကဒါကိုကျိန်စာတစ်ခုလို့သတ်မှတ်လိုက်တာပါ။ဒီလိုကိစ္စကြီးတွေကတိုက်ဆိုင်မှုသက်သက်မဖြစ်နိုင်တဲ့အတွက်ကျွန်မတို့အနေနဲ့လည်းဒီကိစ္စကိုငြင်းခုန်စရာအကြောင်းမရှိပါဘူး။အဲ့ဒီနှစ်ကစက်တင်ဘာ၅ရက်နေ့မှာပဲအဲ့ဒီဆောင်းပါးကပေါက်သွားပြီးတော့အဲ့ဒါကိုရေးတဲ့အယ်ဒီတာတွေဆီကိုလည်းစာတွေအများကြီးရောက်လာခဲ့ပါတယ်။အဲ့ဒီစာတွေထဲမှာဒီပုံမျိုးကိုပိုင်တဲ့UKကတစ်ခြားအိမ်တွေမှာလည်းမီးလောင်မှုတွေဖြစ်ပွါးခဲ့ကြောင်းပြောထားပါတယ်။မီးလောင်ရတဲ့အကြောင်းရင်းတွေကယုတ္တိရှိပေမယ့်ဘာကြောင့်ဒီပုံတွေမီးကျွမ်းမသွားရလဲဆိုတာတော့ဘယ်သူမှမပြောနိုင်ပါဘူး။ဒီပန်းချီရဲ့ပုံတူပေါင်း၅သောင်းကျော်ရောင်းခဲ့ပြီးတစ်ချို့နေရာတွေမှာတော့ဒီပုံတွေကိုစွန့်ပစ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။the Sunသတင်းစာမှာတော့မြို့ပြင်မှာဒီပုံတူတွေကိုမီးရှို့ဖျက်စီးတဲ့သတင်းကိုဖော်ပြခဲ့ပြီးအဲ့ဒီအချိန်ကတည်းကဒီလိုအဖြစ်အပျက်တွေနည်းနည်းငြိမ်သွားခဲ့ပါတယ်။ဒါပေမယ့်ဒီပုံကိုဝယ်မိလို့မီးလောင်မှုတွေဖြစ်သွားခဲ့တဲ့လူသစ်တွေလည်းရှိနေပါတယ်။

Cursed of Porsche Car

အမေရိကန်မင်းသားဂျိမ်းဒင်းယာဉ်တိုက်မှုဖြစ်ပွါးခဲ့တဲ့ပိုရှေး၅၅၀ပြိုင်ကားကဒီလိုကိစ္စတွေကိုအယုံအကြည်မရှိတဲ့သူတွေကိုတောင်ယုံကြည်စေခဲ့ပါတယ်။ဂျိမ်းကလစ်တဲ့ဘာ့စတက်လို့သူခေါ်တဲ့ကားလေးကိုဝယ်တဲ့အချိန်မှာလူတွေကအဲ့ဒီကားဟာမကောင်းတဲ့စွမ်းအင်တွေထုတ်တယ်လို့ပြောကြတာပါ။နာမည်ကြီးအင်္ဂလိပ်မင်းသားအဲလက်ဂင်းနစ်ကဂျိမ်းသာဒီကားကိုစီးရင်၇ရက်အတွင်းမှာသေမယ်လို့ပြောခဲ့ပါတယ်။မယုံနိုင်စရာပါပဲ။သူ့ရဲ့ရှေ့ဖြစ်ဟောတာဟာအမှန်ဖြစ်လာခဲ့ပါတယ်။အဲလက်နဲ့ပြောပြီး၇ရက်အကြာမှာပဲဂျိမ်းကတစ်နာရီကို၁၅၀ကီလိုမီတာနှုန်းနဲ့တစ်ခြားကားတစ်စီးနဲ့ဝင်တိုက်ပြီးသေဆုံးသွားတာပါ။ဒီမတော်တဆဟာတော်တော်ထူးဆန်းတဲ့အခြေအနေမှာဖြစ်ခဲ့ပြီးဒါဟာလည်းတစ်ခုတည်းသောထူးဆန်းတဲ့အပိုင်းမဟုတ်သေးပါဘူး။ဒီအက်စီးဒန့်ကလစ်တဲဘက်စတက်နဲ့တစ်နည်းနည်းနဲ့ပတ်သတ်နေတဲ့သူတွေကိုခြောက်လှန့်နေခဲ့ပါတယ်။ဒီကားရဲ့နောက်ပိုင်ရုင်တစ်ဦးဖြစ်တဲ့ဂျိမ်းရဲ့ပရိတ်သတ်တစ်ယောက်ကလည်းသူသေပြီးနှစ်ပတ်လည်မှာပဲတစ်နေရာတည်းမှာသေဆုံးခဲ့ပါတယ်။သူကသူ့ကိုဂုဏ်ပြုဖို့အတွက်အဲ့ဒီနေရာကိုသွားခဲ့ပေမယ့်တခြားကားတစ်စီးနဲ့တိုက်ပြီးသေဆုံးသွားခဲ့တာပါ။သူမမောင်းနေခဲ့တဲ့အရှိန်က….ဟုတ်ပါတယ်၊ပရိတ်သတ်ကြီးခန့်မှန်းထားသလိုပါပဲ၁နာရီကို၁၅၀ကီလိုမီတာနှုန်းနဲ့မောင်းနေခဲ့တာပါ။ထူးဆန်းတာကအခုအဲ့ဒီကားဘယ်မှာရှိနေတာပါလဲ?အဲ့ဒီကားကလူတွေအများကြီးကိုကံဆိုးမှုတွေအများကြီးယူလာပေးခဲ့ပြီးပါပြီ။ကားစက်ပြင်စရာတွေ၊ကားမောင်းသမားတွေကိုထိခိုက်စေခဲ့တဲ့အပြင်လူနှစ်ယောက်ကိုလည်းသေစေခဲ့ပါပြီ။တစ်ခါကတော့ထူးဆန်းတာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။အဲ့ဒီကားရှိနေတဲ့ကားဂိုထောင်ကမီးလောင်ခဲ့တာပါ။မပျက်စီးဘဲအကောင်းအတိုင်းကျန်နေခဲ့တဲ့တစ်ခုတည်းသောအရာကတော့အဲ့ဒီပိုရှေးကားပါပဲ။

Cursed of Doll 1972

ဒီအရုပ်ကို၁၉၇၂မှာဩစတေးလျကစွန့်ပစ်ထားတဲ့အိမ်ကြီးရဲ့ဆင်ဝင်အောက်ကနေတွေ့ခဲ့တာပါ။ကယ်ရီဝေါတန်ကသူ့တွေ့ရှိထားတဲ့ဒီအရုပ်ရဲ့သက်တမ်းကိုခန့်မှန်းဖို့အတွက်ပြတိုက်ဆီယူလာခဲ့ပါတယ်။အဲ့ဒါဟာနှစ်ပေါင်း၂၀၀လောက်သက်တမ်းရှိနေပါတယ်။အံ့ဩစရာတွေကတော့အဲ့ဒီသက်တမ်းတစ်ခုတည်းမဟုတ်ပါဘူး။အဲ့ဒီအရုပ်ကသူ့ဘေးကဖြတ်သွားတဲ့သူတွေကိုထူးဆန်းတဲ့စိတ်ခံစားမှုတွေဖြစ်ပေါ်စေတာပါ။တစ်ခါကဆိုရင်အမျိုးသမီးတစ်ယောက်ကအကြောင်းပြချက်မယ်မယ်ရရမရှိဘဲငိုကြီးချက်မနဲ့ငိုနေခဲ့ပါသေးတယ်။ပိုင်ရှင်တွေကဒီအရုပ်ကလှုပ်ရှားမှုတွေရှိတဲ့အပြင်သူ့ကိုထိလိုက်ရင်တုံ့ပြန်မှုလည်းရှိတယ်လို့ပြောကြတာပါ။နောက်ဆုံးမှာတော့စိတ်စွမ်းအားရှင်ဆီယူသွားဖို့ဆုံးဖြတ်ခဲ့ကြတာပါ။ဒီအရုပ်ကိုအမျိူးသမီးတစ်ယောက်ကသူ့သားအတွက်လုပ်ပေးခဲ့တာဖြစ်ပြီးမကြာခင်မှာပဲအဲ့ဒီသားလေးဟာရေနစ်ပြီးသေဆုံးသွားပါတယ်။ဒါကြောင့်မို့ဒီအရုပ်ကိုအဲ့ကလေးရဲ့ဝိဉာဉ်ကပ်တွယ်ဖို့နေရာအဖြစ်သုံးခဲ့တာလို့အဲ့ဒီစိတ်စွမ်းအားရှင်ကပြောခဲ့တာပါ။ပြီးတော့ကယ်ရီကဒီအရုပ်ကိုစွန့်ပစ်လိုက်မယ်ဆိုရင်ဒုက္ခရောက်နိုင်တယ်လို့လည်းပြောခဲ့ပါသေးတယ်။အဲ့ဒါကအခုချိန်ထိကယ်ရီနဲ့အတူရှိနေသေးတယ်ထင်ရပါတယ်။တော်တော်တော့ကျောချမ်းစရာကောင်းပါတယ်နော်။

Tutankhamun Tomb

ဒီလိုဗီဒီယိုမျိုးလုပ်နေတဲ့အချိန်မှာနာမည်ကြီးတူတန်ခမန်(tunkhaman)အုတ်ဂူကိုလည်းချန်ထားခဲ့လို့မရပါဘူး။အဲ့ဒီဂူမှာကမကောင်းတဲ့နမိတ်ဆိုးနဲ့မှော်ပညာတွေရှိနေလို့ပါပဲ။အဲ့ဒီအုတ်ဂူကိုတော့ဗြိတိန်လေ့လာရေးအဖွဲ့တစ်ခုက၁၉၂၂ခုနှစ်မှာတွေ့ရှိခဲ့တာပါ။အဲ့နောက်၂နှစ်လောက်အကြာမှာတော့ဒီအဖွဲ့မှာပါတဲ့သူတွေတော်တော်များများကအရွယ်မတိုင်ခင်သေဆုံးသွားခဲ့ကြတာပါ။အဖွဲ့ဝင်တွေတင်မကပါဘူး။သူတို့ချစ်ရတဲ့သူတွေပါသေဆုံးခဲ့ကြရတာပါ။သိပ္ပံပညာရှင်တွေကတော့ဒီသေဆုံးမှုတွေဟာအဲ့ဒီအုတ်ဂူနဲ့ပက်သတ်မှုမရှိဘူးလို့ပြောကြပေမယ့်ဒီလိုတိုက်ဆိုင်မှုကြီးကတော့တော်တော်ကိုဖြစ်ခဲပါတယ်။

Kiss the Blarney Stone at Blarney Castle

အိုင်ယာလန်ကစိတ်ဝင်စားစရာနေရာတွေနဲ့ကျော်ကြားတဲ့နေရာတစ်ခုပါ။တော်တော်များများကတော့ရှေးဟောင်းရဲတိုက်တွေပါပဲ။ဘယ်လနီရဲတိုက်ကတော့တခြားဟာတွေနဲ့မတူပါဘူး။ဘာလို့လဲဆိုတော့ကမ္ဘာတစ်၀မ်းကလူတွေကကျောက်တုန်းကိုအနမ်းပေးဖို့လာကြတာပါ။ဟုတ်ပါတယ်။ဒီကျန်းမာရေးနဲ့မညီညွတ်တဲ့နည်းလမ်းကလူတွေကိုကံကောင်းမှုတွေယူလာပေးတယ်လိုယူဆကြလို့ပါပဲ။လူတွေကဇောက်ထိုးအနေအထားနဲ့ဒီဘယ်လနီကျောက်တုံးကိုနမ်းကြတာပါ။ဒါဆိုရင်ကျိန်စာသင့်တယ်ဆိုတာဘယ်လိုလဲလို့သင်မေးချင်ပါလိမ့်မယ်။ကျောက်တုံးကလူတွေကိုပျော်ရွှင်မှုတွေယူဆောင်လာပေးပေမယ့်အဲ့ဒီကကျောက်တုံးအစအနလေးတွေကိုအမှတ်တရယူလာတဲ့သူတွေအတွက်တော့ကံဆိုးမှုတွေလဲပေးမှာပါ။ယူသွားမိတဲ့သူတွေကတော့ပြန်လာထားကြရပါတယ်။တစ်ချို့ကအမြန်ချောနဲ့ပို့လိုက်ပေမယ့်တစ်ချို့ကတော့ကိုယ်တိုင်ပြန်လာထားကြတာပါ။ဒီရဲတိုက်ကြီးကနေကျောက်တုံးတွေယူသွားလို့မရတဲ့အတွက်နည်းနည်းလေးယူသွားမိရင်တောင်ကံဆိုးစေမှာပါ။

Curse of Doll Annabelle

ဒွန်နာလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ကရှေးဟောင်းပစ္စည်းဆိုင်မှာဒီအရုပ်ကိုတွေ့တော့သူ့သမီးလေးကိုပေးမယ့်ဒီလက်ဆောင်ကကျိန်စာသင့်နေခဲ့တယ်ဆိုတာလုံးဝမစဉ်းစားမိပါဘူး။အဲ့ဒါကတော့၁၉၇၀လောက်မှာဖြစ်ပျက်ခဲ့တာပါ။ဒွန်နာကဒီအရုပ်ကိုဝယ်လာပြီးသူ့သမီးလေးကိုလက်ဆောင်ပေးခဲ့ပါတယ်။ရက်အနည်းငယ်ကြာတဲ့အချိန်မှာထူးဆန်းပြီးချောက်ခြားစရာတွေကိုစပြီးသတိထားမိလာပါတယ်။သူမအိမ်ပြန်လာတဲ့အချိန်မှာဒီအရုပ်ကိုမထင်မှတ်ထားတဲ့နေရာတွေမှာတွေ့တာမျိုးတွေ၊ဒီအရုပ်ရဲ့ပုံစံတွေကပြောင်းနေတာမျိုးတွေပါပဲ။နောက်ဆုံးသိသာသွားစေတာကတော့အင်္ကျီပေါ်ကသွေးစက်တွေပါပဲ။ဒွန်နာရဲ့သူငယ်ချင်းလူ(Lou)ကဒီအရုပ်ကိုစွန့်ပစ်ဖို့လုပ်တဲ့အချိန်မှာတော့ဒီကိစ္စကကောင်းကောင်းပြီးမသွားပါဘူး။အဲ့ဒီနေ့ညကသူအိပ်နေတုန်းမှာတစ်ယောက်ယောက်ကလည်ပင်းညှစ်သတ်နေသလိုခံစားခဲ့ရတာပါ။ကျွမ်းကျင်သူတွေကတော့အန်နာဘယ်လ်လို့ခေါ်တဲ့ဒီအရုပ်ဟာမကောင်းတဲ့နတ်ဆိုးတွေအသုံးပြုကြတဲ့ငရဲတံခါးဝဖြစ်တယ်လို့ဆိုကြပါတယ်။ဒီမကောင်းတဲ့ဝိဉာဉ်ကိုနှင်ဖို့ကြိုးစားတာကတော့မအောင်မြင်ခဲ့ပါဘူး။ဒီနေ့မှာတော့ဒီအရုပ်ကဝါရန်ဂမ္ဘီရပြတိုက်မှာရှိနေပါတယ်။ဒီအကြောင်းကိုအခြေခံပြီးရိုက်ထားတဲ့ကြောက်စရာဇာတ်လမ်းကိုလည်းတော်တော်များများကြည့်ဖူးကြမှာပါ။

သတိပေးကြေညာချက်
Arkarta website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။ကူးယူခြင်းတွေ့ရှိပါက Facebook instant articleသို့မဟုတ်Google Adsense monetization ဖြုတ်ခံရတဲ့အထိReportတင်မှာပါ။တခြားဟာများလဲတွေ့ရှိပါကအထက်ပါအတိုင်းလုပ်မှာပါ။တခြားနေရာများနှင့်Facebook pageသို့မဟုတ်ကိုယ်ပိုင်Profileမှာလဲကူးယူဖေါ်ပြခွင့်မပြုပါဘူး။မိတ်ဆွေတို့စိတ်ကြိုက်တိုက်ရိုက်share ခြင်းဖြင့်သာကူညီကြပါခင်ဗျာ။မေတ္တာရပ်ခံပါတယ်။
မိတ်ဆွေတို့ရဲ့
Admin Team

Leave a Reply