ကမ္ဘာဂြိုဟ်ကို အန္တရာယ်အပြုနိုင်ဆုံးသော အာကာသထဲက ကြောက်စရာ အရာများ

News Social News

ကမ္ဘာဂြိုဟ်ကို အန္တရာယ်အပြုနိုင်ဆုံးသော အာကာသထဲက ကြောက်စရာ အရာများ

ဧရာမ ကြယ်တံခွန်တွေမှ တွင်းနက်များအထိ ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ဖြစ်စဉ်များဟာ စကြာဝဠာကို အမှန်တကယ် အန္တရာယ်ရှိသော နေရာတစ်ခု ဖြစ်စေပြီး ကမ္ဘာဂြိုဟ်ကို အနည်းနဲ့အများ အန္တရာယ်ပြုနိုင်တဲ့ အလားအလာတွေကို ပိုင်ဆိုင်ထားပါတယ်။

ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကို စကြဝဠာရှိ အခြားအရာများနဲ့ပါ ထည့်တွက်လိုက်မယ်ဆိုပါက ဒီဒေသကြီးဟာ ကြီးမားတဲ့ အတိုင်းအဆမရှိ နယ်ပယ်ကြီးတစ်ခုပါပဲ။

မရေမတွက်နိုင်သော အံ့ဖွယ်အမှုများ၊ ကြီးမားလွန်းတဲ့ ကောင်းကင် အရာဝတ္ထုများ ပြည့်နှက်နေပြီး အဆိုပါအရာများမှာ လူသားတွေရဲ့ ဦးနှောက်ကို တုန်လှုပ်သွားစေနိုင်တဲ့ ကပ်ဘေးကြီးအချို့လည်း ရှိနေပါတယ်။

ဒါတွေကတော့ အာကာသထဲမှာ တည်ရှိနေတဲ့ ကမ္ဘာဂြိုဟ်ကို အန္တရာယ်အပြုနိုင်ဆုံးသော ကြောက်စရာအကောင်းဆုံး အရာတွေ ဖြစ်ပါတယ်။

၁။ ကြယ်တံခွန်များ

၂၀၂၁ ခုနှစ်မှာ ကျွန်ုပ်တို့ရဲ့ နေအဖွဲ့အစည်းမှာ အကြီးမားဆုံး ကြယ်တံခွန်ရဲ့ အသွင်အပြင်ဟာ ကြောက်မက်ဖွယ်ရာပါပဲ။

၈၅ မိုင် (၁၃၇ ကီလိုမီတာ) လောက်မှာ အေးခဲနေတဲ့ နျူကလိယအသွင်ရှိပြီး ယခင်စံချိန်တင်ထားတဲ့ အငွေ့ခဲကြီးထက် အဆ ၅၀ ပိုကြီးပါတယ်။

ဒီအငွေ့ခဲကြီးကို C/2014 UN271 (Bernardinelli-Bernstein) လို့ အမည်ပေးထားပြီး အလွန်ကြီးမားတာကြောင့် ၎င်းကို ကနဦးမှာ အသေးစားဂြိုဟ်အဖြစ်တောင် သတ်မှတ်ခဲ့ကြပါတယ်။

ကံကောင်းထောက်မစွာနဲ့ ဒီဧရာမ အငွေ့ခဲကြီးဟာ ၂၀၃၁ ခုနှစ် အနီးဆုံး ချဉ်းကပ်လာတဲ့အခါမှာတောင် ကမ္ဘာနှင့် မိုင်ပေါင်း တစ်ဘီလီယံ (၁.၆ ဘီလီယံ ကီလိုမီတာ) ထက် ပိုမနီးကပ်နိုင်ဘူးလို့ ခန့်မှန်းရပါတယ်။

ဒါပေမဲ့လည်း လာမယ့်နှစ်အတွင်းမှာ ဒီလိုအခဲကြီးတွေ ထပ်မံပေါ်လာနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်။ ဒါဟာ တကယ့်ကို ကြောက်စရာကောင်းတဲ့ အလားအလာပါပဲ။

၂။ Andromeda ဂလက်ဆီရဲ့ အန္တရာယ်

ကမ္ဘာမှ အလင်းနှစ် နှစ်သန်းခွဲ ကွာဝေးသော်လည်း ကျွန်ုပ်တို့ရဲ့ အနီးစပ်ဆုံးက အကြီးဆုံး ဂလက်ဆီ Andromeda ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။

၎င်းဟာ အရှေ့အရပ် တည့်တည့်သို့ ဦးတည်နေပြီး တစ်နေ့မှာတော့ ကျွန်ုပ်တို့ရဲ့ နဂါးငွေ့တန်း ဂလက်ဆီနှင့် တိုက်မိမှာ ဖြစ်ပါတယ်။

ဒီလိုမတိုက်မိခင်မှာ ညကောင်းကင်ယံကို စိုးမိုးထားပါလိမ့်မယ်။ ကံကောင်းစွာနဲ့ပဲ Andromeda ဟာ နောက်ထပ် နှစ်ပေါင်း ၃ ဘီလီယံ မှ ၅ ဘီလီယံအထိ ကမ္ဘာဂြိုဟ်ရဲ့ အနီးဆုံးကို ရောက်ရှိမည် မဟုတ်ပါ။

၃။ ကြီးမားလှတဲ့ နေရဲ့မီးတောက် ကပ်ဘေး

၂၀၂၂ တစ်နှစ်ထဲမှာပဲ ကမ္ဘာကို ဆိုလာမုန်တိုင်း နှစ်ကြိမ် တိုက်ခတ်လာမှာပါ။ ကမ္ဘာဟာလည်း နေမှ စွမ်းအင်မြင့် အမှုန်အမွှားများဖြင့် အဆက်မပြတ် ကျရောက်ရာ နေရာဖြစ်ပါတယ်။

အချိန်အများစုမှာ ကမ္ဘာဂြိုဟ်ရဲ့ သံလိုက်စက်ကွင်းဟာ ဤနေရောင်ခြည် တိုက်ခိုက်မှုများကို ဘက်ပြန်သွားစေတတ်ပေမဲ့ တစ်ခါတစ်ရံမှာတော့ ကမ္ဘာဂြိုဟ်ကို တိုက်ရိုက် သက်ရောက်လာစေနိုင်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ဂြိုဟ်အတွင်းရှိ သံလိုက်ကွဲလွဲမှုများဟာ နေရောင်ခြည်မီးတောက်တစ်ခု (သို့) အလင်းရဲ့ အမြန်နှုန်းဖြင့် သွားလာနေသော လမ်းကြောင်းအားလုံးကို မယုံနိုင်လောက်အောင်များပြားတဲ့ X-rays နှင့် စွမ်းအင်များကို ပစ်ချပေးမယ့် ရုအလင်းတန်းတစ်ခု ရိုက်ခတ်လာစေနိုင်ပါတယ်။

ဒီလိုဖြစ်ပေါ်ချိန်မှာ ရလဒ်အနေနဲ့ လမ်းပြခြင်းနှင့် ဆက်သွယ်ရေးအချက်ပြမှုများမှာ မီးပျက်သွားနိုင်ပါတယ်။

နောက်ထပ် အခြေအနေတစ်ခုမှာ သံလိုက်ဓာတ်ပြုထားသော အမှုန်အမွှားများကို အာကာသထဲသို့ ပို့လွှတ်သည့် အနှေးမီးလောင်ကျွမ်းတဲ့ coronal mass ejection (CME) ဖြစ်နိုင်ပါတယ်။

CME ဟာ ကမ္ဘာမြေကို သက်ရောက်လာပါက ရက် အနည်းငယ်အကြာမှာ ဆက်သွယ်ရေးနှင့် ဓာတ်အားလိုင်းများကို ပြတ်တောက်သွားစေနိုင်ပြီး ဘူမိသံလိုက်မုန်တိုင်းများကို ကျွန်ုပ်တို့ ကြုံတွေ့သွားရမှာ ဖြစ်ပါတယ်။

၄။ နဂါးငွေ့တန်းရှိ တွင်းနက်များ

“Black Holes” လို့ခေါ်တဲ့ ဒီတွင်းနက်တွေဟာ တကယ့်ကို ကြောက်စရာကောင်းပါတယ်။ စူပါနိုဗာအဖြစ် ပေါက်ကွဲသွားသော ဧရာမ ကြယ်ကြီးရဲ့ ကြေမွနေသော အကြွင်းအကျန်များဟာ အလွန်ကြီးမားတာကြောင့် ဘယ်အရာကမှ အလင်းရောင် မလွတ်နိုင်တော့တာပါ။

နဂါးငွေ့တန်း ဂလက်ဆီမှာ တွင်းနက်ပေါင်း သန်း ၁၀၀ ရှိနိုင်တယ်လို့ ယူဆရပြီး အများစုမှာ နဂါးငွေ့တန်း ဂလက်ဆီအနီးမှာပဲ ဖြတ်သန်း သွားလာနေနိုင်ပါတယ်။

ယခုနှစ်မှာ Hubble Space Telescope ကို အသုံးပြု၍ သိပ္ပံပညာရှင်များက ကျွန်ုပ်တို့ရဲ့ ဂလက်ဆီက ဆိုးရွားလှတဲ့ တွင်းနက်တစ်ခုကို တွေ့ရှိခဲ့ပြီး ဤကမ္ဘာမြေမှ အလင်းနှစ် ၅,၀၀၀ ခန့်သာ ဝေးကွာပါတယ်။

သူ့ရဲ့ထုထည်ကို တိုင်းတာကြည့်ရင်တော့ နေရဲ့ထုထည်ထက် ခုနစ်ဆအထိ ပိုမိုကြီးမားနေကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

၅။ စူပါနိုဗာ ဖြစ်စဥ်

အာကာသထဲက နောက်ထပ်ကြောက်စရာတစ်ခုကတော့ ကပ်ဘေးစူပါနိုဗာအတွက် အလားအလာပါ။

အကယ်၍ ကြယ်တစ်ပွင့်ဟာ ဆူပါနိုဗာဟုခေါ်သော ပေါက်ကွဲမှုကြီးတစ်ခုမှာ သေဆုံးသွားပါက သတ်မှတ်ထားတဲ့ “သတ်ကွင်း” အတွင်းရှိ မည်သည့်အရာမဆို ပြင်းထန်သော ရောင်ခြည် လှိုင်းများဖြင့် သုတ်သင်ရှင်းလင်းသွားမှာပါ။

နက္ခတ္တဗေဒပညာရှင်တို့က သတ်ကွင်းနေရာကို စူပါနိုဗာပေါက်ကွဲမှုမှ အလင်းနှစ် ၄၀ သို့မဟုတ် ၅၀ အကွာအဝေးအထိ ရှည်လျားနိုင်တယ်လို့ တွက်ချက်ထားကြပြီး ကမ္ဘာနှင့် အနီးဆုံးရှိ ကြယ်များဟာ အချိန်မရွေး ဒီဖြစ်စဥ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း တွက်ချက်ထားကြပါတယ်။

၆။ ဂြိုဟ်သိမ်ဂြိုဟ်ခဲများ

ကျွန်ုပ်တို့ရဲ့ နေအဖွဲ့အစည်းထဲမှာ ကြီးမားတဲ့ အရာဝတ္ထုများစွာ ခိုအောင်းနေနိုင်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းခန့်က ဒိုင်နိုဆောများကို သုတ်သင်ခဲ့တဲ့အတိုင်း ကမ္ဘာမြေပေါ်က သက်ရှိများကို ဖျက်ဆီးနိုင်တဲ့ အမည်မသိဂြိုဟ်သိမ်ကြီးတစ်ခု ရှိနေနိုင်ဖွယ် ရှိပါတယ်။

ကံကောင်းစွာနဲ့ပဲ ကျွန်ုပ်တို့ဟာ ကျယ်ပြန့်တဲ့ တယ်လီစကုပ် စစ်တမ်းများကြောင့် နေ့စဉ်နှင့်အမျှ ဆိုလာစနစ်က အာကာသ ကျောက်ဆောင်များကို ရှာဖွေတွေ့ရှိနေတာပါ။

အမှန်တော့ ယခု သိပ္ပံပညာရှင်များဟာ အချင်း ၀.၆ မိုင် (၁ ကီလိုမီတာ) ထက်ကြီးတဲ့ “ကမ္ဘာသတ်ဂြိုဟ်” 90% နဲ့ “မြို့သတ်ဂြိုဟ်” 50% ခန့်ကို ရှာဖွေတွေ့ရှိထားခဲ့ပါတယ်။

Knight News Team

Crd