ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးအောက်က လူသိနည်းလှတဲ့ ထူးခြားဆန်းကြယ် ဂူကြီး

ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးအောက်က လူသိနည်းလှတဲ့ ထူးခြားဆန်းကြယ် ဂူကြီး

Unicode

ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးအောက်က လူသိနည်းလှတဲ့ ထူးခြားဆန်းကြယ် ဂူကြီး

ပြီးခဲ့တဲ့ရက်ပိုင်းက ဂုတ်ထိပ်တံတားအောက်ကဂူကို သွားဖြစ်ခဲ့တယ်။ ပထမတစ်ခေါက်သွားတုန်းကထက် အခုကတစ်ခေါက်ဟာ ပိုရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ပထမတစ်ခေါက်က ဂူထဲထိ မရောက်ဖြစ်ခဲ့ဘူး။ ခုတစ်ခေါက်တော့ ရောက်အောင်သွားခဲ့တယ်။

ပထမတစ်ခေါက်သွားရတဲ့လမ်းနဲ့ ခုတစ်ခေါက်သွားခဲ့တဲ့ လမ်းဟာ မတူပါဘူး။ ခုတစ်ခေါက်သွားခဲ့တဲ့လမ်းဟာ ပိုမိုက်ပါတယ်။ တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းခဲ့ပါတယ်။ ရေချောင်းတွေကို ဖြတ်ရတယ်။ ရေချောင်းဘေးက ကျောက်ဆောင်ပေါ်ကနေတွယ်တက်ရတယ်။

သွားနေတဲ့လမ်းမှာ ရေတံခွန်လေးတစ်ခု တွေ့ရတယ်။ သစ်မြစ်တွေကို ခိုပြီး ကျောက်နံရံဘေးကနေ သွားရတယ်။ နောက်ဂုတ်ထိပ်တံတားကြီးကနေ ပျက်စီးပြုတ်ကြနေတဲ့ သံဖရိန်အပိုင်းအစတွေ တွေ့ခဲ့ရတယ်။

ပျက်စီးနေတဲ့ ရထားသံလမ်းအပိုင်းအစ တစ်ခုမှာ 1899 လို့ရေးထားတာ တွေ့ခဲ့ရတယ်။ ဂူထဲရောက်တော့လဲ လင်းနို့ချီးတွေ ကြားထဲက ခြေမချော်အောင် ထိန်းသွားရတယ်။

ဂူကြီးက အကြီးကြီးပဲ။ ဂူထဲကို စီးဝင်နေတဲ့ ရေချောင်းကလဲ တဝေါဝေါနဲ့ ရေစီးအား သိပ်သန်တာပဲ။ ဂူက အဝင်ပေါက်က ကြီးပေမဲ့ အထွက်ပေါက်ကတော့ သိပ်မကြီးဘူး။ ဂူရဲ့ဟိုဘက် အထွက်ထိလဲသွားလို့ မရတော့ဘူး။

ဂူဟာ ဂုတ်ထိပ်တံတားရဲ့ တိုင်အမှတ်၁၂၊၁၃ ရဲ့ အောက်တည့်တည့်မှာ တည်ရှိပါတယ်။ ဒေသခံတွေအခေါ်တော့ ပထမဂူတဲ့။ ဒုတိယဂူ၊ တတိယဂူ ရှိပါသေးတယ်။ ပထမဂူကိုပဲ ရောက်ဖြစ်ခဲ့ပါတယ်။

ဂုတ်ထိပ်တံတားနဲ့ ဂုတ်ထိပ်တံတားအောက်က ဂူအကြောင်းကို တစ်ခါက စာများများနဲ့ ရေးခဲ့ဖူးပါတယ်။ ပထမတစ်ခေါက်သွားခဲ့ပြီးတော့ ဂူနဲ့ပက်သက်တဲ့ ဒဏ္ဍာရီတွေကိုလဲ လာပြောပြတဲ့သူတွေ ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ဂုတ်ထိပ်တံတားဟာ ကမ္ဘာကျော်ပေမဲ့ ဂုတ်ထိပ်တံတားအောက်က ဂူအကြောင်းဟာတော့ လူသိပ်မသိသေးတဲ့ အကြောင်းအရာပါ။

Credit – Nan Zay၊

Zaw Gyi

ကမာၻေက်ာ္ ဂုတ္ထိပ္တံတားႀကီးေအာက္က လူသိနည္းလွတဲ့ ထူးျခားဆန္းၾကယ္ ဂူႀကီး

ၿပီးခဲ့တဲ့ရက္ပိုင္းက ဂုတ္ထိပ္တံတားေအာက္ကဂူကို သြားျဖစ္ခဲ့တယ္။ ပထမတစ္ေခါက္သြားတုန္းကထက္ အခုကတစ္ေခါက္ဟာ ပိုရင္ခုန္စိတ္လႈပ္ရွားဖို႔ ေကာင္းပါတယ္။ ပထမတစ္ေခါက္က ဂူထဲထိ မေရာက္ျဖစ္ခဲ့ဘူး။ ခုတစ္ေခါက္ေတာ့ ေရာက္ေအာင္သြားခဲ့တယ္။

ပထမတစ္ေခါက္သြားရတဲ့လမ္းနဲ႔ ခုတစ္ေခါက္သြားခဲ့တဲ့ လမ္းဟာ မတူပါဘူး။ ခုတစ္ေခါက္သြားခဲ့တဲ့လမ္းဟာ ပိုမိုက္ပါတယ္။ တကယ့္ကို စိတ္လႈပ္ရွားဖို႔ေကာင္းခဲ့ပါတယ္။ ေရေခ်ာင္းေတြကို ျဖတ္ရတယ္။ ေရေခ်ာင္းေဘးက ေက်ာက္ေဆာင္ေပၚကေနတြယ္တက္ရတယ္။

သြားေနတဲ့လမ္းမွာ ေရတံခြန္ေလးတစ္ခု ေတြ႕ရတယ္။ သစ္ျမစ္ေတြကို ခိုၿပီး ေက်ာက္နံရံေဘးကေန သြားရတယ္။ ေနာက္ဂုတ္ထိပ္တံတားႀကီးကေန ပ်က္စီးျပဳတ္ၾကေနတဲ့ သံဖရိန္အပိုင္းအစေတြ ေတြ႕ခဲ့ရတယ္။

ပ်က္စီးေနတဲ့ ရထားသံလမ္းအပိုင္းအစ တစ္ခုမွာ 1899 လို႔ေရးထားတာ ေတြ႕ခဲ့ရတယ္။ ဂူထဲေရာက္ေတာ့လဲ လင္းႏို႔ခ်ီးေတြ ၾကားထဲက ေျခမေခ်ာ္ေအာင္ ထိန္းသြားရတယ္။

ဂူႀကီးက အႀကီးႀကီးပဲ။ ဂူထဲကို စီးဝင္ေနတဲ့ ေရေခ်ာင္းကလဲ တေဝါေဝါနဲ႔ ေရစီးအား သိပ္သန္တာပဲ။ ဂူက အဝင္ေပါက္က ႀကီးေပမဲ့ အထြက္ေပါက္ကေတာ့ သိပ္မႀကီးဘူး။ ဂူရဲ႕ဟိုဘက္ အထြက္ထိလဲသြားလို႔ မရေတာ့ဘူး။

ဂူဟာ ဂုတ္ထိပ္တံတားရဲ႕ တိုင္အမွတ္၁၂၊၁၃ ရဲ႕ ေအာက္တည့္တည့္မွာ တည္ရွိပါတယ္။ ေဒသခံေတြအေခၚေတာ့ ပထမဂူတဲ့။ ဒုတိယဂူ၊ တတိယဂူ ရွိပါေသးတယ္။ ပထမဂူကိုပဲ ေရာက္ျဖစ္ခဲ့ပါတယ္။

ဂုတ္ထိပ္တံတားနဲ႔ ဂုတ္ထိပ္တံတားေအာက္က ဂူအေၾကာင္းကို တစ္ခါက စာမ်ားမ်ားနဲ႔ ေရးခဲ့ဖူးပါတယ္။ ပထမတစ္ေခါက္သြားခဲ့ၿပီးေတာ့ ဂူနဲ႔ပက္သက္တဲ့ ဒ႑ာရီေတြကိုလဲ လာေျပာျပတဲ့သူေတြ ရွိပါတယ္။

ဘာပဲျဖစ္ျဖစ္ ဂုတ္ထိပ္တံတားဟာ ကမာၻေက်ာ္ေပမဲ့ ဂုတ္ထိပ္တံတားေအာက္က ဂူအေၾကာင္းဟာေတာ့ လူသိပ္မသိေသးတဲ့ အေၾကာင္းအရာပါ။

Credit – Nan Zay၊

Post Views: 3

Crd



Post Views:
9

Crd