ကမ္ဘာ့ရေနံဈေး ကျဆင်းခြင်းရဲ့ အကြောင်းအရင်းမှာ တရုတ်ကြောင့်ဖြစ်နေ… – Entertainment

Crd..ThetHtet
CrudeOil
Photo-Internet
Unicode
ကမ္ဘာ့ရေနံဈေး ကျဆင်းခြင်းရဲ့ အကြောင်းအရင်းမှာ တရုတ်ကြောင့်ဖြစ်နေ…
တရုတ်နိုင်ငံရဲ့ အဓိကစီးပွားရေး လှုပ်ရှားမှု အညွှန်းကိန်းတွေ ကျဆင်းခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးတွေ ကျဆင်းသွားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ Covid-19 အတွက် ပိတ်ဆို့မှုတွေ ပြုလုပ်ထားပြီး ရေနံမှာယူမှုတွေ ရပ်ဆိုင်းထားတာကြောင့်လဲ ကမ္ဘာ့ရေနံဈေးကို သွားပြီး ထိခိုက်ခဲ့ပါတယ်။
တရုတ်ရဲ့ ကုန်ထုတ်လုပ်မှု အပိုင်းအညွှန်းကိန်းတွေဟာ အောက်တိုဘာလမှာ ကျဆင်းခဲ့ပြီးတော့ ဒါဟာ တရုတ်စီးပွားရေးလှုပ်ရှားမှု အရပ်ရပ်ကို ကျဆင်းသွားစေတာလဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး Covid case တွေ ဆက်တိုက်တွေ့လာတာကြောင့် တရုတ်နိုင်ငံအတွင်း တင်းကြပ်တဲ့ပေါ်လစီတွေ ချမှတ်ထားပြီး ရေနံမှာယူတင်သွင်းမှုတွေဟာလဲ လာမဲ့လတွေအတွင်း လျှော့ချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဒီလို ပေါ်လစီတွေချမှတ်လိုက်တာဟာ တရုတ်စီးပွားရေးကို ကျဆင်းသွားစေတဲ့ အဓိကအကြောင်းတွေလဲ ဖြစ်ပါတယ်။ ရေနံကျဆင်းသွားတဲ့ အဓိကအချက်တွေအတွင်းမှာ US ရဲ့ ထုတ်လုပ်မှု ကျဆင်းသွားတာတွေနဲ့ OPEC အဖွဲ့ရဲ့ ထုတ်လုပ်မှု လျှော့ချလိုက်တာတွေကြောင့်လဲ ပါဝင်ပါတယ်။
Crd..ThetHtet
CrudeOil
Photo-Internet
Crd