ကမာၻ႔အခ်မ္းသာဆုံးဘီလ်ံနာျဖစ္တဲ့ အီလြန္မတ္စ္ တြစ္တာကိုဝယ္ယူ၊ ဝယ္ၿပီး ညတြင္းခ်င္းပဲ စီအီးအို၊စီအက္ဖ္အိုႏွင့္ ထိပ္တန္းအရာရွိႀကီးအခ်ိဳ႕ကို အလုပ္မွထုတ္

ကမာၻ႔အခ်မ္းသာဆုံးဘီလ်ံနာျဖစ္တဲ့ အီလြန္မတ္စ္ တြစ္တာကိုဝယ္ယူ၊ ဝယ္ၿပီး ညတြင္းခ်င္းပဲ စီအီးအို၊စီအက္ဖ္အိုႏွင့္ ထိပ္တန္းအရာရွိႀကီးအခ်ိဳ႕ကို အလုပ္မွထုတ္

ကမာၻ႔အခ်မ္းသာဆုံးဘီလ်ံနာျဖစ္တဲ့ အီလြန္မတ္စ္ တြစ္တာကိုဝယ္ယူ၊ ဝယ္ၿပီး ညတြင္းခ်င္းပဲ စီအီးအို၊စီအက္ဖ္အိုႏွင့္ ထိပ္တန္းအရာရွိႀကီးအခ်ိဳ႕ကို အလုပ္မွထုတ္

ကမာၻ႔အခ်မ္းသာဆုံးဘီလ်ံနာျဖစ္တဲ့ အီလြန္မတ္စ္ဟာ ၾကာသပေတးေန႔မွာ တြစ္တာကို ဝယ္ယူမႈ ၿပီးေျမာက္သြားၿပီးေနာက္ ပိုင္ရွင္အသစ္ျဖစ္လာပါတယ္။

တြစ္တာပိုင္ရွင္အသစ္ျဖစ္တာႏွင့္ တြစ္တာရဲ႕ ထိပ္ဆုံးအရာရွိႀကီးေတြျဖစ္တဲ့ စီအီးအို(အမႈေဆာင္အရာရွိခ်ဳပ္ႏွင့္)ပါရက္အာဂရာဝဲလ္ Parag Agrawal၊စီအက္ဖ္အို(ဘ႑ာေရးအရာရွိခ်ဳပ္)နက္ဆီဂဲလ္ Ned Segal ႏွင့္ ဥပေဒေရးရာႏွင့္မူဝါဒအႀကီးအကဲ ဝိဇယဂက္ဒီ Vijaya Gadde တို႔ကို အလုပ္က ထုတ္ပစ္လိုက္ပါတယ္။ အဲဒီသူေတြဟာ သူႏွင့္တြစ္တာရင္းႏွီးျမႇပ္ႏွံသူေတြကို ဆိုရွယ္မီဒီယာတြစ္တာေပၚက အေကာင့္အတုေတြႏွင့္ သူ႔ကို အထင္အျမင္မွားေအာင္ လွည့္စားခဲ့ၾကသူေတြျဖစ္တယ္လို႔ သူကစြပ္စြဲခဲ့တာပါ။

သူဟာ ဗုဒၶဟူးေန႔က တြစ္တာဌာနခ်ဳပ္ကို လမ္းေလွ်ာက္ဝင္လာၿပီး လက္ထဲမွာ ေႂကြလက္ေဆးကန္ႀကီးသယ္ယူရင္း ၿပဳံးၿဖဲၿဖဲႏွင့္ ဝင္လာပါတယ္။ သိပ္မၾကာပါဘူး သူက တြစ္တာမွာ “let that sink in.” ဆိုၿပီး ေရးခဲ့ပါတယ္။ တြစ္တာမွာ ရွိတဲ့ သူ႔ရဲ႕အေကာင့္ပ႐ိုဖိုင္းမွာလည္း သူ႔ကိုယ္သူ “Chief Twit.” တြစ္ရဲ႕အႀကီးအကဲ ဆိုၿပီး ျပန္ေျပာင္းထားပါတယ္။

အေရာင္းအဝယ္ၿပီးေျမာက္ခ်ိန္မွာ အက္ဂါဝဲလ္ႏွင့္ ဆီဂဲလ္တို႔ဟာ ဆန္ဖရန္စစၥကိုက တြစ္တာ ဌာနခ်ဳပ္မွာ ရွိေနၾကၿပီး သူတို႔ကို အေစာင့္အၾကပ္ေတြႏွင့္ ႐ုံးအျပင္ကို ထုတ္လိုက္တယ္လို႔ သတင္းအရင္းအျမစ္ေတြက ေျပာပါတယ္။သူဟာ တြစ္တာဘုတ္အဖြဲ႕မွာ ပါဝင္ဖို႔လည္း သေဘာတူလိုက္ပါတယ္။

ေဒၚလာ ၄၄ဘီလ်ံႏွင့္ အေရာင္းအဝယ္ျဖစ္ခဲ့တာက စြန္စားခန္းႀကီးတစ္ခုသဖြယ္ အလွည့္အေျပာင္းအျပည့္ႏွင့္ ျဖစ္ခဲ့ရတာပါ။

သူဟာ တြစ္တာ႐ုံးကိုလာေရာက္စဥ္မွာ သူ႔အေနႏွင့္ တြစ္တာလုပ္သားေတြရဲ႕ ၇၅ ရာခိုင္ႏႈန္းေလွ်ာခ်ဖို႔ ရည္႐ြယ္ခ်က္မရွိပါဘူးလို႔ေျပာတယ္လို႔ ဝါရွင္တန္ပို႔စ္ကေရးသားပါတယ္။

“ ကြၽန္ေတာ္ဘာေၾကာင့္တြစ္တာကို ဝယ္ရသလဲဆိုေတာ့ အၾကမ္းဖက္မႈ မလႈံ႕ေဆာ္ဘဲ က်ယ္ျပန႔္တဲ့ ယုံၾကည္မႈအမ်ိဳးမ်ိဳးကို အားေကာင္းေမာင္းသန္ အေျခအတင္ျငင္းခုံႏိုင္မယ့္ ဘုံသေဘာေဆာင္တဲ့ digital town square တစ္ခုရွိဖို႔ အနာဂတ္လူ႔အဖြဲ႕အစည္းက လိုအပ္လို႔ျဖစ္တယ္” လို႔ သူကေျပာပါတယ္။

Source: Reuters/NY-Post/CNN

#Elon_Musk

#Twitter_New_Owner

#Twitter_deal_completed

Unicode
ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာဖြစ်တဲ့ အီလွန်မတ်စ် တွစ်တာကိုဝယ်ယူ၊ ဝယ်ပြီး ညတွင်းချင်းပဲ စီအီးအို၊စီအက်ဖ်အိုနှင့် ထိပ်တန်းအရာရှိကြီးအချို့ကို အလုပ်မှထုတ်

ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာဖြစ်တဲ့ အီလွန်မတ်စ်ဟာ ကြာသပတေးနေ့မှာ တွစ်တာကို ဝယ်ယူမှု ပြီးမြောက်သွားပြီးနောက် ပိုင်ရှင်အသစ်ဖြစ်လာပါတယ်။

တွစ်တာပိုင်ရှင်အသစ်ဖြစ်တာနှင့် တွစ်တာရဲ့ ထိပ်ဆုံးအရာရှိကြီးတွေဖြစ်တဲ့ စီအီးအို(အမှုဆောင်အရာရှိချုပ်နှင့်)ပါရက်အာဂရာဝဲလ် Parag Agrawal၊စီအက်ဖ်အို(ဘဏ္ဍာရေးအရာရှိချုပ်)နက်ဆီဂဲလ် Ned Segal နှင့် ဥပဒေရေးရာနှင့်မူဝါဒအကြီးအကဲ ဝိဇယဂက်ဒီ Vijaya Gadde တို့ကို အလုပ်က ထုတ်ပစ်လိုက်ပါတယ်။ အဲဒီသူတွေဟာ သူနှင့်တွစ်တာရင်းနှီးမြှပ်နှံသူတွေကို ဆိုရှယ်မီဒီယာတွစ်တာပေါ်က အကောင့်အတုတွေနှင့် သူ့ကို အထင်အမြင်မှားအောင် လှည့်စားခဲ့ကြသူတွေဖြစ်တယ်လို့ သူကစွပ်စွဲခဲ့တာပါ။

သူဟာ ဗုဒ္ဓဟူးနေ့က တွစ်တာဌာနချုပ်ကို လမ်းလျှောက်ဝင်လာပြီး လက်ထဲမှာ ကြွေလက်ဆေးကန်ကြီးသယ်ယူရင်း ပြုံးဖြဲဖြဲနှင့် ဝင်လာပါတယ်။ သိပ်မကြာပါဘူး သူက တွစ်တာမှာ “let that sink in.” ဆိုပြီး ရေးခဲ့ပါတယ်။ တွစ်တာမှာ ရှိတဲ့ သူ့ရဲ့အကောင့်ပရိုဖိုင်းမှာလည်း သူ့ကိုယ်သူ “Chief Twit.” တွစ်ရဲ့အကြီးအကဲ ဆိုပြီး ပြန်ပြောင်းထားပါတယ်။

အရောင်းအဝယ်ပြီးမြောက်ချိန်မှာ အက်ဂါဝဲလ်နှင့် ဆီဂဲလ်တို့ဟာ ဆန်ဖရန်စစ္စကိုက တွစ်တာ ဌာနချုပ်မှာ ရှိနေကြပြီး သူတို့ကို အစောင့်အကြပ်တွေနှင့် ရုံးအပြင်ကို ထုတ်လိုက်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။သူဟာ တွစ်တာဘုတ်အဖွဲ့မှာ ပါဝင်ဖို့လည်း သဘောတူလိုက်ပါတယ်။

ဒေါ်လာ ၄၄ဘီလျံနှင့် အရောင်းအဝယ်ဖြစ်ခဲ့တာက စွန်စားခန်းကြီးတစ်ခုသဖွယ် အလှည့်အပြောင်းအပြည့်နှင့် ဖြစ်ခဲ့ရတာပါ။

သူဟာ တွစ်တာရုံးကိုလာရောက်စဉ်မှာ သူ့အနေနှင့် တွစ်တာလုပ်သားတွေရဲ့ ၇၅ ရာခိုင်နှုန်းလျှောချဖို့ ရည်ရွယ်ချက်မရှိပါဘူးလို့ပြောတယ်လို့ ဝါရှင်တန်ပို့စ်ကရေးသားပါတယ်။

“ ကျွန်တော်ဘာကြောင့်တွစ်တာကို ဝယ်ရသလဲဆိုတော့ အကြမ်းဖက်မှု မလှုံ့ဆော်ဘဲ ကျယ်ပြန့်တဲ့ ယုံကြည်မှုအမျိုးမျိုးကို အားကောင်းမောင်းသန် အခြေအတင်ငြင်းခုံနိုင်မယ့် ဘုံသဘောဆောင်တဲ့ digital town square တစ်ခုရှိဖို့ အနာဂတ်လူ့အဖွဲ့အစည်းက လိုအပ်လို့ဖြစ်တယ်” လို့ သူကပြောပါတယ်။

Source: Reuters/NY-Post/CNN

#Elon_Musk

#Twitter_New_Owner

#Twitter_deal_completed

Crd